သူငယ်ချင်း ရဲ့ ဇနီးကို မုဒိန်းကျင့်ဘို့  ကြိုးစားသူ လျှာကိုက်ခံရ



22May2016






SAW
Credit Khaosod
..........



22May2016

ထိုင်းနိုင်ငံ အူဒေါင်ဌာနီ မှာ အိမ်ခန်းအတွင်း တဦးတည်း အိပ်နေတဲ့ ထိုင်းအမျိုးသမီးတဦး ကို ထိုင်းအမျိုးသားတဦးကအတင်း အဓမ္မကျင့် ဘို ့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တရားခံ ၀မ်လွတ် ဆိုသူမှာ အခန်းကို ၀င်ထွက်သွားလာနေသူ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ ့ သောက်ဖေါ်သောက်ဖက် သူငယ်ချင်းဖြစ်ပါတယ်။ သူမဗိုက်အောင့်နေတာကို အမျိုးသားက ဆေးသွားဝယ်ဘို ့ ထွက်သွားတဲ့ အချိန်မှာ တရားခံက အခန်းထဲဝင်လာခဲ့တာပါ၊ အမျိုးသမီးကို အတင်းချုပ်ပြီး ပါးစပ်ကိုနမ်းနေစဉ်မှာ အမျိုးသမီးက တရားခံဝမ်လွတ်ရဲ ့ လျှာကို အမိအရ ကိုက်လိုက်ပါတယ်။



အားနဲ ့ကိုက်မိသွားတဲ့အတွက် တရားခံဟာ ဆက်လုပ်လို ့ မရတော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်၊အမျိုးသမီးရဲ ့ခင်ပွန်းသည်ဟာဗိုက်အောင့် ပျောက်ဆေး သွားဝယ်ရင်း အရက်ဝိုင်းမှာ တရားခံနဲ ့အတူသောက်နေတုံး အရက်ဝိုင်းကနေ သူငယ်ချင်း ဆိုင်ကယ်ကို ယူစီးပြီး ဇနီးဖြစ်သူ ကို လာ မုဒိန်းကျင့်တာဖြစ်ပါတယ်။

တရားခံဟာ လျှာမှာဒဏ်ရာရပြီး ထွက်ပြေးတိမ်းရှောင်နေတာကို ရဲတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။
တရားခံက သူငယ်ချင်းရဲ ့ ဇနီးကို တဖက်သတ် ကြိုက်နေတာကြာပြီဖြစ်လို ့ ခုလို ကျူးလွန်မိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။

SAW
Credit Khaosod

Social Action for Women - SAW
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment