ISစစ် သွေးကြွးအဖွဲ့က အီရတ်နိုင်ငံ မြောက်ပိုင်းကို ဓာတု လက်နက်များနှင့် တိုက်ခိုက်ဟုဆို


ဘဂ္ဂဒက် မေ ၇





Ref: Press TV
မြ၀တီ

....................................................


ဘဂ္ဂဒက် မေ ရ

အီရတ်နိုင်ငံမြောက်ပိုင်း ကာကတ်ပြည်နယ်ရှိ ရှီးယိုက်-တာ့ခ်မျိုးနွယ်စုများ နေထိုင်ရာ မြို့တစ်မြို့အား IS စစ်သွေးကြွအဖွဲ့က ထိုးစစ် ဆင်တိုက်ခိုက်ရာတွင် နိုင်ငံတကာက တားမြစ်ထားသော ဓာတုလက်နက်များကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သွေးကြွများသည် မတ် ၉ ရက်က ကာကတ်မြို့တောင်ဘက်မှ ၂၅ ကီလိုမီတာ အကွာရှိ တပ်ကာမာတူမြို့ အတွင်းသို့ ဓာတုလက်နက်များ ပါဝင်သည့် စိန်ပြောင်းများဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း အီရတ်တာ့ခ်တပ်ဦးမှ အကြီးအကဲဖြစ်သူ အာရှက်ဆလီဟီက မေ ၆ ရက်က ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားသုံးဦး သေဆုံးပြီး လူရာပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် IS စစ်သွေးကြွများ၏ လက်အတွင်း၌ တားမြစ် ပိတ်ပင်ထားသည့် ယင်းလက်နက်များ ထုတ်လုပ်ရန် ဓာတုပစ္စည်း အများအပြားရှိကြောင်း ဆယ်လီဟီက ဆက်လက် ပြောကြားထားသည်။

Ref: Press TV
မြဝတီ
https://www.facebook.com/mwdmedia
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment