ကမၻာ့အေသးဆံုးႏုိင္ငံ အန္ကလပ္ဗ္ဗာ

                              

ကမာၻ႔ ႏိုင္ငံ အသစ္ ၊ အန္ကလပ္ဗ္ဗာကေန ႀကိဳဆိုပါတယ္။

အတိုင္းအတာ အားျဖင့္ ၉၃ စတုရန္းမီတာ သာ က်ယ္၀န္းတဲ့အတြက္ ကမာၻ႕ အေသးငယ္ဆံုးႏိုင္ငံလို႔လည္း ေျပာလို႔ရပါတယ္။

စလိုေဗးနီးယား ႏိုင္ငံ နဲ႔ ခရိုေအးရွား ႏိုင္ငံတို႔ရဲ႕ နယ္စပ္ေနရာမွာ တည္ရွိၿပီး စတင္တည္ေထာင္တဲ့သူေတြ ကေတာ့ ႏွစ္ႏိုင္ငံလံုးပိုင္ဆိုင္တဲ့ နယ္နိမိတ္မဟုတ္တဲ့ အတြက္ ထိုနယ္ေျမမွာ ႏိုင္ငံတစ္ႏိုင္ငံ ထူေထာင္လို႔ရႏိုင္တယ္လို႔ အခိုင္အမာ ဆိုလိုက္ပါတယ္။

စတင္တည္ေထာင္သူေတြထဲကတစ္ေယာက္ျဖစ္တဲ့ Piotr Wawrzynkiewicz ဆိုသူကေတာ့ "လူတိုင္း အသားအေရာင္ခြဲျခားမႈေတြကိုေမ့ၿပီး၊ ဘာသာတရားနဲ႔ ႏိုင္ငံသား ခြဲျခားမႈေတြကိုေမ့ၿပီး သူတို႔ရဲ႕ အေတြးအေခၚေတြကို ေဖာ္ျပခြင့္ရွိမယ့္ ၊ လြတ္လပ္စြာ သင္ၾကားခြင့္ရွိမယ့္ ၊ အခြန္ကိစၥ ပူစရာမလိုပဲ ပိုက္ဆံ ရွာႏိုင္မယ့္ ေနရာသစ္တစ္ခုကို ဖန္တီးခ်င္တာပါ" လို႕ သူတို႔ရဲ႕ ႏိုင္ငံ တစ္ႏိုင္ငံ ထူေထာင္ရျခင္း အေၾကာင္းအရင္း ကို ေျပာျပပါတယ္။

ထို ႏိုင္ငံမွာေတာ့ ႏိုင္ငံသားေတြမရွိၾကေသးပါဘူး။ ထိုႏိုင္ငံဟာ စလိုေဗးနီးယား ႏိုင္ငံက Metlika ၿမိဳ႕နဲ႔ အနီးမွာ တည္ရွိၿပီး ခရိုေအးရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Zagreb ရဲ႕ အေနာက္ဘက္ ၅၀ ကီလိုမီတာ အကြာမွာ တည္ရွိပါတယ္။

Enclava ဟာ တစ္လအတြင္း ျဖစ္တည္လာတဲ့ ဒုတိယေျမာက္ ႏိုင္ငံငယ္(Micro Nation) ျဖစ္ေၾကာင္းကို ထို ႏိုင္ငံကို ရွာေဖြေတြ႕ရွိခဲ့တဲ့ ၀င္ရိုးစြန္းႏိုင္ငံမ်ား အဖြဲ႕က ေၾကညာခဲ့ပါတယ္။

ထိုႏိုင္ငံမွာ အဂၤလိပ္ ၊ ပိုလန္ ၊ စလိုေဗးနီးယား ၊ ခရိုေအးရွား နဲ႔ မန္ဒါရင္ ဘာသာစကား ၅ မ်ိဳးကို အသံုးျပဳမွာျဖစ္ၿပီး မၾကာမီ ႏွစ္အနည္းငယ္အတြင္း မွာ လူဦးေရ တိုးပြားလာလိမ့္မယ္လို႔ တည္ေထာင္သူေတြကဆိုပါတယ္။ ထိုႏိုင္ငံမွာ အသံုးျပဳမယ့္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကိုလည္း ေရးဆြဲေနၿပီျဖစ္သလို ႏိုင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားတဲ့ လူဦးေရ ၅၀၀၀ ေက်ာ္ရွိေနၿပီလို႔လည္း သိရပါတယ္။

( Paing A K )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : DailyMail

.............................................

ကမ္ဘာ့အသေးဆုံးနိုင်ငံ အန်ကလပ်ဗ်ဗာ


ကမ္ဘာ့ နိုင်ငံ အသစ် ၊ အန်ကလပ်ဗ်ဗာကနေ ကြိုဆိုပါတယ်။

အတိုင်းအတာ အားဖြင့် ၉၃ စတုရန်းမီတာ သာ ကျယ်ဝန်းတဲ့အတွက် ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံလို့လည်း ပြောလို့ရပါတယ်။

စလိုဗေးနီးယား နိုင်ငံ နဲ့ ခရိုအေးရှား နိုင်ငံတို့ရဲ့ နယ်စပ်နေရာမှာ တည်ရှိပြီး စတင်တည်ထောင်တဲ့သူတွေ ကတော့ နှစ်နိုင်ငံလုံးပိုင်ဆိုင်တဲ့ နယ်နိမိတ်မဟုတ်တဲ့ အတွက် ထိုနယ်မြေမှာ နိုင်ငံတစ်နိုင်ငံ ထူထောင်လို့ရနိုင်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

စတင်တည်ထောင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Piotr Wawrzynkiewicz ဆိုသူကတော့ "လူတိုင်း အသားအရောင်ခွဲခြားမှုတွေကိုမေ့ပြီး၊ ဘာသာတရားနဲ့ နိုင်ငံသား ခွဲခြားမှုတွေကိုမေ့ပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြခွင့်ရှိမယ့် ၊ လွတ်လပ်စွာ သင်ကြားခွင့်ရှိမယ့် ၊ အခွန်ကိစ္စ ပူစရာမလိုပဲ ပိုက်ဆံ ရှာနိုင်မယ့် နေရာသစ်တစ်ခုကို ဖန်တီးချင်တာပါ" လို့ သူတို့ရဲ့ နိုင်ငံ တစ်နိုင်ငံ ထူထောင်ရခြင်း အကြောင်းအရင်း ကို ပြောပြပါတယ်။

ထို နိုင်ငံမှာတော့ နိုင်ငံသားတွေမရှိကြသေးပါဘူး။ ထိုနိုင်ငံဟာ စလိုဗေးနီးယား နိုင်ငံက Metlika မြို့နဲ့ အနီးမှာ တည်ရှိပြီး ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် Zagreb ရဲ့ အနောက်ဘက် ၅၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။

Enclava ဟာ တစ်လအတွင်း ဖြစ်တည်လာတဲ့ ဒုတိယမြောက် နိုင်ငံငယ်(Micro Nation) ဖြစ်ကြောင်းကို ထို နိုင်ငံကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၀င်ရိုးစွန်းနိုင်ငံများ အဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုနိုင်ငံမှာ အင်္ဂလိပ် ၊ ပိုလန် ၊ စလိုဗေးနီးယား ၊ ခရိုအေးရှား နဲ့ မန်ဒါရင် ဘာသာစကား ၅ မျိုးကို အသုံးပြုမှာဖြစ်ပြီး မကြာမီ နှစ်အနည်းငယ်အတွင်း မှာ လူဦးရေ တိုးပွားလာလိမ့်မယ်လို့ တည်ထောင်သူတွေကဆိုပါတယ်။ ထိုနိုင်ငံမှာ အသုံးပြုမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ရေးဆွဲနေပြီဖြစ်သလို နိုင်ငံသားဖြစ်ခွင့်လျှောက်ထားတဲ့ လူဦးရေ ၅၀၀၀ ကျော်ရှိနေပြီလို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : DailyMail
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment