ျပည့္တန္ဆာနဲ႔ေဖာက္သည္ေတြကို ျမိဳ႕ထဲမွာအ၀တ္မဲ့ျဖင့္လမ္းေလွ်ာက္ေစခဲ့



By netsetaw -  May 20, 2016

႐ုရွားႏုိင္ငံ စိန္႔ပီတာစဘက္ၿမိဳ႕မွာ ျပည့္တန္ဆာအလုပ္နဲ႕ အသက္ေမြး၀မ္းေက်ာင္းျပဳေနရရွာတဲ့ ျပည့္တန္ဆာအမ်ိဳးသမီး
(11)ေယာက္ဟာ သူတုိ႔ရဲ႕ ေဖာက္သည္ေတြနဲ႔အတူ လမ္းမေပၚမွာ အ၀တ္မဲ့ျဖင့္ ေလွ်ာက္ဖုိ႔ ရဲတပ္ဖြဲ႕ရဲ႕ ဖိိအားေပးျခင္းကို ခံခဲ့ရပါတယ္။ အဆုိပါ ဗြီဒီယုိဖုိင္ကုိ ဖုန္းျဖင့္လူတစ္ေယာက္ ႐ုိက္ကူးခဲ့ၿပီး ျပည့္တန္ဆာနဲ႔သူတုိ႔ရဲ႕ေဖာက္သည္ေတြမွာ ဖိနပ္
ပင္ ပါမလာရွာဘဲ လက္ကေလးေတြနဲ႔ သူတုိ႕ရဲ႕ အရွက္ကုိ အႏုိင္ႏုိင္ ကာကြယ္ခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ ေနာင္က်ဥ္
သြားေစဖုိ႔ ယခုလုိလုပ္တာလုိ႔ ေဖာ္ျပထားၿပီး ငါးဘေလာက္ ေလွ်ာက္အၿပီးမွာ ရဲကားေတြေပၚ တက္ခုိင္းကာ စခန္းကို ေခၚ
သြားခဲ့ပါတယ္။ စိန္ပီတာစဘက္ရဲတပ္ဖြဲ႕ဟာ ဒီဓာတ္ပုံေတြနဲ႔ပတ္သက္ၿပီး ျပစ္တင္မႈေတြအမ်ိဳးမ်ိဳး ခံခဲ့ရသလုုိ ကာယကံရွင္
ျပည့္ဆန္ဆာမေလးေတြဟာ ရွက္ရြံ႕ငုိေၾကြးကာ လမ္းကို မေလွ်ာက္ခ်င္ေလွ်ာက္ခ်င္ ေလွ်ာက္ခဲ့ရပါတယ္။

မ်က္ျမင္ျပည္သူတစ္ေယာက္ကေတာ့ ” ရဲတပ္ဖြဲ႕ဟာ အေဆာက္ဦတစ္ခုကုိ ၀င္ေရာက္စီးနင္းခဲ့ၿပီး မၾကာခင္မွာပဲ ငုိယုိေန
တဲ့ ေကာင္မေလးေတြနဲ႔ သူတုိ႔အေဖာ္ေတြကုိ အ၀တ္မဲ့နဲ႕ လမ္းေလွ်ာက္ေစခဲ့ပါတယ္ ” လုိ႔ ေျပာဆုိခဲ့ပါတယ္။ အဆုိပါ စီး
နင္းမႈမွာ အမ်ိဳးသားသုံးေယာက္ဟာ ေနာက္ျပဴတင္းေပါက္ကေန ခုန္ခ်ထြက္ေျပး လြတ္ေျမာက္သြားတယ္လုိ႔ ဆုိပါတယ္။ အဆုိပါ ဓာတ္ပုံေတြကိစၥနဲ႔ပတ္သက္ၿပီး ေထာက္ခံသူေတြ ရွိသလုိ ကန္႔ကြက္သူေတြလည္း ရွိခဲ့ပါတယ္။ ေဒသခံတစ္
ေယာက္ကေတာ့ ” ျပည့္တန္ဆာေခါင္းေတြကုိ ဒီလုိလုပ္ခုိင္းရမွာ ဒီေကာင္မေလးေတြကုိေတာ့ မလုပ္သင့္ဘူး” လုိ႔ ေ၀
ဖန္ခဲ့ပါတယ္။ ဒါေပမယ့္ စိန္႔ပီတာစဘက္ၿမိဳ႕သားတစ္ေယာက္ျဖစ္တဲ့ Viacheslav Datsi ဟာ ၎တုိ႔ေနထုိင္တဲ့ ၿမိဳ႕ေတာ္မွာ ျပည့္တန္ဆာႏွိမ္နင္းေရးကုိ အျမစ္ျပတ္ကုိင္တြယ္ဖုိ႔ ရဲတပ္ဖြဲ႕ကို တုိက္တြန္းခဲ့ပါတယ္။ Viacheslav Datsi ဟာ ႐ုရွႏုိင္ငံရဲ႕ နာမည္ေက်ာ္ Kickboxer သမားတစ္ေယာက္ျဖစ္ၿပီး လူ႕အခြင့္ေရးတက္ၾကြလႈပ္ရွားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

source : metro.co.uk

.................................................

ပြည့်တန်ဆာနဲ့ဖောက်သည်တွေကို မြို့ထဲမှာအဝတ်မဲ့ဖြင့်လမ်းလျှောက်စေခဲ့
By netsetaw -  May 20, 2016

ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရရှာတဲ့ ပြည့်တန်ဆာအမျိုးသမီး
(11)ယောက်ဟာ သူတို့ရဲ့ ဖောက်သည်တွေနဲ့အတူ လမ်းမပေါ်မှာ အဝတ်မဲ့ဖြင့် လျှောက်ဖို့ ရဲတပ်ဖွဲ့ရဲ့ ဖိိအားပေးခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ကို ဖုန်းဖြင့်လူတစ်ယောက် ရိုက်ကူးခဲ့ပြီး ပြည့်တန်ဆာနဲ့သူတို့ရဲ့ဖောက်သည်တွေမှာ ဖိနပ်
ပင် ပါမလာရှာဘဲ လက်ကလေးတွေနဲ့ သူတို့ရဲ့ အရှက်ကို အနိုင်နိုင် ကာကွယ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ နောင်ကျဉ်
သွားစေဖို့ ယခုလိုလုပ်တာလို့ ဖော်ပြထားပြီး ငါးဘလောက် လျှောက်အပြီးမှာ ရဲကားတွေပေါ် တက်ခိုင်းကာ စခန်းကို ခေါ်
သွားခဲ့ပါတယ်။ စိန်ပီတာစဘက်ရဲတပ်ဖွဲ့ဟာ ဒီဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ပြစ်တင်မှုတွေအမျိုးမျိုး ခံခဲ့ရသလုုိ ကာယကံရှင်
ပြည့်ဆန်ဆာမလေးတွေဟာ ရှက်ရွံ့ငိုကြွေးကာ လမ်းကို မလျှောက်ချင်လျှောက်ချင် လျှောက်ခဲ့ရပါတယ်။

မျက်မြင်ပြည်သူတစ်ယောက်ကတော့ ” ရဲတပ်ဖွဲ့ဟာ အဆောက်ဦတစ်ခုကို ၀င်ရောက်စီးနင်းခဲ့ပြီး မကြာခင်မှာပဲ ငိုယိုနေ
တဲ့ ကောင်မလေးတွေနဲ့ သူတို့အဖော်တွေကို အဝတ်မဲ့နဲ့ လမ်းလျှောက်စေခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါ စီး
နင်းမှုမှာ အမျိုးသားသုံးယောက်ဟာ နောက်ပြူတင်းပေါက်ကနေ ခုန်ချထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အဆိုပါ ဓာတ်ပုံတွေကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံသူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။ ဒေသခံတစ်
ယောက်ကတော့ ” ပြည့်တန်ဆာခေါင်းတွေကို ဒီလိုလုပ်ခိုင်းရမှာ ဒီကောင်မလေးတွေကိုတော့ မလုပ်သင့်ဘူး” လို့ ဝေ
ဖန်ခဲ့ပါတယ်။ ဒါပေမယ့် စိန့်ပီတာစဘက်မြို့သားတစ်ယောက်ဖြစ်တဲ့ Viacheslav Datsi ဟာ ၎င်းတို့နေထိုင်တဲ့ မြို့တော်မှာ ပြည့်တန်ဆာနှိမ်နင်းရေးကို အမြစ်ပြတ်ကိုင်တွယ်ဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ Viacheslav Datsi ဟာ ရုရှနိုင်ငံရဲ့ နာမည်ကျော် Kickboxer သမားတစ်ယောက်ဖြစ်ပြီး လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

source : metro.co.uk
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment