အမျိုးသားတစ်ဦး ဇနီးထားခဲ့လို့ ကြိုးဆွဲချသေ



ပကျွပ်ခရိုင် ရဲမှူးယိန်မှ ပကျွပ်ခရိုင် ပကျွပ်မြို့ ကော်လပ်လမ်းမ လုံခဆတ်လမ်းခွဲအနီး ကြက်မွေးမြူရေးခြံမှာ လူတစ်ဦး ကြိုးဆွဲချသေကြောင်း သတင်းရခဲ့ကြောင်းပြောပါတယ်။ ပကျွတ်ရဲမှူးနှင့် ကယ်ဆယ်ရေးအဖွဲ့မှ အခင်းဖြစ်ပွားတဲ့နေရာမှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

 သေဆုံးသူမှာ mr. အာနွန် အသက် ၂၆နှစ်ဖြစ်ပါတယ်။ သေဆုံးခဲ့တာ ၆ နာရီဝန်းကျင်သာရှိသေးကြောင်းပြောပါတယ်။ သေဆုံးသူရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာမှာ တိုက်ခိုက်ခံရတဲ့ဒဏ်ရာဒဏ်ချက်တစ်စုံတစ်ရာမတွေ့ရကြောင်းပြောပါတယ်။

 အလောင်းကိုသေချာပြန်စစ်ဆေးရန် ဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။ mr. အာနွန်သည် မိမိကိုယ်ကိုကြိုးဆွဲချသေရခြင်းအကြောင်းရင်းက ပြီးခဲ့တဲ့တစ်ရက်က ဇနီးဖြစ်သူနဲ့ရန်ဖြစ်ပြီးဇနီးဖြစ်သူကလမ်းခွဲဖို့ပြောလိုက်ပြီးနောက် အလုပ်ကနေထွက်ပြီး အဖွား၏ ကြက်ဘဲမွေးမြူရေးခြံမှာသွားရောက်ကူညီနေရင်း အထီးကျန်းဝမ်းနည်းမှုမခံမရပ်နိုင်လို့ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း ဆွေမျိုးဖြစ်သူကဆိုပါတယ်။

 အမြဲတမ်းပဲအားပေးစကားတွေပြောပေးရဲ့သားနဲ့ နားမထောင်ပဲနောက်ဆုံးတော့ မမျှော်လင့်ပဲ မိမိကိုယ်ကိုကြိုးဆွဲချသေခဲ့တယ်လို့သိရပါတယ်။ အလောင်းကို ထုံးတမ်းစဉ်လာသာသနာအရ ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး ဈာပနပွဲပြုလုပ်ပေးခဲ့ပါတယ်။

MTF Channel
https://www.facebook.com/mtftv/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment