အီရတ္ Anbar ခရိုင္အတြင္း IS စစ္ေသြးၾကြ ေခါင္းေဆာင္ ေသဆုံး

IS အဖြဲ႕ႏွင့္ ဆက္စပ္မႈရွိေသာ တြစ္တာ အေကာင့္တြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၂၀ရက္က ေဖာ္ျပထားေသ ဓါတ္ပံုတြင္ ကေလးငယ္တစ္ဦးကို ပန္းပြင့္ေပးေနေသာ စစ္ေသြးၾကြ ေခါင္းေဆာင္ Abu Wahib။ (AP Photo, via Twitter)
အီရတ္ႏုိင္ငံ Anbar ခရုိင္အတြင္းမွာ နံမည္ဆုိးနဲ႔ ေက်ာ္ၾကားတဲ့ IS အစၥလာမ္မစ္ စစ္ေသြးႂကြေခါင္းေဆာင္ဟာ ညြန္္႔ေပါင္းအဖြဲ႔ေတြရဲ႕ ေလေၾကာင္း တုိက္ခုိက္မႈ အတြင္း ေသဆုံးသြားၿပီလုိ႔ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္က ေျပာပါတယ္။ သူနဲ႔အတူ တျခား Jihad ဘာသာေရးစစ္ပြဲ ဆင္ႏြဲသူ ၃ ဦးလည္း ေသဆုံးသြားတယ္ လုိ႔ ဆုိပါတယ္။

Rutba ၿမိဳ႕အနီးမွာ IS ေခါင္းေဆာင္ Abu Wahib နဲ႔ ေနာက္လုိက္ေတြ ေမာ္ေတာ္ယာဥ္နဲ႔ ခရီးသြားေနတဲ့အခ်ိန္ ေမလ ၆ ရက္ေန႔က ညြန္႔ေပါင္း တပ္ဖြဲ႔ေတြက ေလေၾကာင္းကေန ပစ္မွတ္ထား တုိက္ခုိက္ ခဲ့ျခင္း ျဖစ္တယ္လုိ႔ ပင္တဂြန္ေျပာခြင့္ရ Peter Cook က တနလၤာေန႔ မွာ ေျပာပါတယ္။

လူေတြကုိ သတ္ျဖတ္ေနတဲ့ ဗီြဒီယုိေတြကုိ အဲဒီ Abu Wahib က ျဖန္႔ခ်ိခဲ့ျခင္း ျဖစ္ေၾကာင္း Peter Cook က ေျပာၾကားလုိက္ၿပီး သူလုိ စစ္ေသြးႂကြ အဖြဲ႔က အေရးပါတဲ့သူကုိ သုတ္သင္လုိက္ႏုိင္ျခင္းဟာ အစြန္းေရာက္ စစ္ေသြးႂကြ ေတြရဲ႕ လႈပ္ရွားမႈ အရွိန္ေလ်ာ့က်ေရး ႀကိဳးပမ္းေနတဲ့ အီရတ္အစုိးရ တပ္ဖြဲ႔ေတြနဲ႔ အဲဒီ တုိက္ခုိက္မႈကုိ ကူညီေပးေနတဲ့ အေမရိကန္ဦးေဆာင္တဲ့ ညြန္႔ေပါင္း အဖြဲ႔ေတြ အတြက္ အေရးပါတဲ့ တုိးတက္မႈ ျဖစ္တယ္လုိ႔ ေျပာပါတယ္။

စစ္ေသြးႂကြေခါင္းေဆာင္ လုိက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ကုိ တုိက္ေလယာဥ္နဲ႔ ပစ္ခတ္ခဲ့တာလား၊ သုိ႔တည္းမဟုတ္ ေမာင္းသူမဲ့ Drone ယာဥ္နဲ႔ တုိက္ခုိက္ခဲ့ တာလားဆုိတာနဲ႔ အဲဒီ Abu Wahib ေသဆုံးသြားၿပီလုိ႔ အီရတ္အစုိးရက ၂၀၁၅ ခုႏွစ္မွာ ေျပာဆုိထားဖူးတဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ေတာ့ ပင္တဂြန္ ေျပာခြင့္ရ Peter Cook က ထည့္သြင္း ေျပာဆုိခဲ့ျခင္း မရွိပါဘူး။

ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............

IS အဖွဲ့နှင့် ဆက်စပ်မှုရှိသော တွစ်တာ အကောင့်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ရက်က ဖော်ပြထားသေ ဓါတ်ပုံတွင် ကလေးငယ်တစ်ဦးကို ပန်းပွင့်ပေးနေသော စစ်သွေးကြွ ခေါင်းဆောင် Abu Wahib။ (AP Photo, via Twitter)
အီရတ်နိုင်ငံ Anbar ခရိုင်အတွင်းမှာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင်ဟာ ညွန့််ပေါင်းအဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောပါတယ်။ သူနဲ့အတူ တခြား Jihad ဘာသာရေးစစ်ပွဲ ဆင်နွဲသူ ၃ ဦးလည်း သေဆုံးသွားတယ် လို့ ဆိုပါတယ်။

Rutba မြို့အနီးမှာ IS ခေါင်းဆောင် Abu Wahib နဲ့ နောက်လိုက်တွေ မော်တော်ယာဉ်နဲ့ ခရီးသွားနေတဲ့အချိန် မေလ ၆ ရက်နေ့က ညွန့်ပေါင်း တပ်ဖွဲ့တွေက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ ပင်တဂွန်ပြောခွင့်ရ Peter Cook က တနင်္လာနေ့ မှာ ပြောပါတယ်။

လူတွေကို သတ်ဖြတ်နေတဲ့ ဗွီဒီယိုတွေကို အဲဒီ Abu Wahib က ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း Peter Cook က ပြောကြားလိုက်ပြီး သူလို စစ်သွေးကြွ အဖွဲ့က အရေးပါတဲ့သူကို သုတ်သင်လိုက်နိုင်ခြင်းဟာ အစွန်းရောက် စစ်သွေးကြွ တွေရဲ့ လှုပ်ရှားမှု အရှိန်လျော့ကျရေး ကြိုးပမ်းနေတဲ့ အီရတ်အစိုးရ တပ်ဖွဲ့တွေနဲ့ အဲဒီ တိုက်ခိုက်မှုကို ကူညီပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့တွေ အတွက် အရေးပါတဲ့ တိုးတက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

စစ်သွေးကြွခေါင်းဆောင် လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလား၊ သို့တည်းမဟုတ် မောင်းသူမဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်ခဲ့ တာလားဆိုတာနဲ့ အဲဒီ Abu Wahib သေဆုံးသွားပြီလို့ အီရတ်အစိုးရက ၂၀၁၅ ခုနှစ်မှာ ပြောဆိုထားဖူးတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပင်တဂွန် ပြောခွင့်ရ Peter Cook က ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment