ကန္စီးပြားေရးအသိုင္းအ၀ိုင္း ပိတ္ဆို႔မႈအေပၚ တံု႔ျပန္ခ်က္

US Asean Business Council ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ုိက္တာ Anthony Nelson (ဓာတ္ပံု - ဗြီအိုေအျမန္မာပိုင္း)
အေမရိကန္ျပည္ေထာင္စုက ျမန္မာႏုိင္ငံအေပၚ အေရးယူဒဏ္ခတ္တဲ့ဥပေဒကုိ ျပင္ဆင္ ျဖည့္စြက္ၿပီး တႏွစ္သက္တမ္း ထပ္တုိးလုိက္တာဟာ ေယဘုယ်အားျဖင့္ ျမန္မာႏုိင္ငံနဲ႔ စီးပြားေရးလုပ္ကုိင္ဖုိ႔အတြက္ ေကာင္းမြန္တဲ့ လုပ္ရပ္ျဖစ္တယ္လုိ႔ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီ အဖြဲ႔က ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ျမန္မာႏိုင္ငံအေပၚ အေရးယူဒဏ္ခတ္မႈတခုျဖစ္တဲ့ The National Emergencies Act အေမရိကန္အမ်ိဳးသားအေရးေပၚ အက္ဥပေဒကို ျပင္ဆင္ျဖည့္စြက္မႈေတြနဲ႔အတူ သမၼတ Barack Obama က ေနာက္ထပ္တႏွစ္ သက္တမ္းတိုးလိုက္တာပါ။

ျမန္မာႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြကို အားေပးတဲ့အေနနဲ႔ ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈ ဥပေဒပါ အခ်က္အလက္တခ်ိဳ႕ကို အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနကေန ျပင္ဆင္ျဖည့္စြက္မႈေတြ လုပ္ခဲ့တာမွာ - OFAC လုိ႔ေခၚတဲ့ ႏိုင္ငံရပ္ျခား ပိုင္ဆိုင္မႈမ်ား ထိန္းခ်ဳပ္ေရး႐ံုးအဖြဲ႔က အေမရိကန္ အစုိးရရဲ႕ ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈ ျပဌာန္းခ်က္ကို ျပင္ဆင္မြမ္းမံမႈေတြ ျပဳလုပ္ၿပီး SDN ေခၚ ပိတ္ဆို႔အေရးယူခံ စာရင္းကိုလည္း ျပင္ဆင္ ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။

Anthony Nelson ဟာ အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီအဖြဲ႔က ျမန္မာႏုိင္ငံဆုိင္ရာ ညြန္ၾကားေရးမွဴးတဦးပါ။ သူက အခုလုိ သက္တမ္းတုိးလုိက္တဲ့အတြက္ ျမန္မာႏုိင္ငံနဲ႔ စီးပြားေရးလုပ္ေဆာင္ဖုိ႔ သိသိသာသာ လြယ္ကူသြားေစတယ္လုိ႔ ေျပာပါတယ္။

“ဒါဟာ ေယဘုယ်အားျဖင့္ ေကာင္းမြန္ၿပီး ျမန္မာႏုိင္ငံနဲ႔ စီးပြားေရးလုပ္ဖုိ႔ အေျခခံက်တဲ့ အခ်က္ေတြ သိသိသာသာ လြယ္ကူသြားေစတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။ အေထြေထြ လိုင္စင္ (၂၀) ကို အခ်ိန္ အကန္႔အသတ္မရွိ တိုးခ်ဲ႕ေပးလုိက္တာဟာလည္း ျမန္မာႏုိင္ငံက တရား၀င္ စီးပြားေရး လုပ္ငန္းေတြနဲ႔ ပူးေပါင္းၿပီး သြင္းကုန္၊ ပုိ႔ကုန္လုပ္ငန္း လုပ္ေဆာင္လုိသူေတြအတြက္ လမ္းေၾကာင္း ရွင္းေပးလုိက္သလုိ ျဖစ္သြားေစပါတယ္။”

အဲဒီ ျပဌာန္းခ်က္အရ ျမန္မာႏုိင္ငံအတြင္း OFAC ရဲ႕ ကန္႔သတ္မႈႏွင့္ ဒဏ္ခတ္ခံရဆဲ လူပုဂၢိဳလ္၊ လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္မႈကလြဲလုိ႔ သာမန္ သြင္းကုန္၊ ပို႔ကုန္ လုပ္ငန္းေတြကုိ အကန္႔အသတ္မရွိ လုပ္ေဆာင္ႏုိင္ၾကေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ ေရာက္ေနၾကတဲ့ အေမရိကန္ႏုိင္ငံသားေတြအတြက္လည္း အေျခခံ ေနမႈထုိင္မႈကိစၥေတြျဖစ္တဲ့ အိမ္လခေပးတာ၊ အင္တာနက္အေကာင့္ဖြင့္တာ၊ ခရီးသြားတာနဲ႔ တျခား လုိအပ္တဲ့ အသုံးအေဆာင္ပစၥည္းေတြ ၀ယ္ယူတဲ့ေနရာေတြမွာ အဟန္႔အတားေတြ ကင္းလြတ္ၿပီး လြယ္ကူစြာ လုပ္ေဆာင္ႏုိင္ၾကမွာ ျဖစ္တဲ့အျပင္ အေမရိကန္ႏုိင္ငံသားေတြ ျမန္မာႏုိင္ငံအတြင္း အလုပ္လုပ္ဖုိ႔အတြက္ ပုိၿပီး အဆင္ေျပ ေခ်ာေမြ႔သြားေစတယ္လုိ႔ Anthony Nelson က ေျပာပါတယ္။

ႏိုင္ငံရပ္ျခား ပိုင္ဆိုင္မႈမ်ား ထိန္းခ်ဳပ္ေရး ရံုးအဖြဲ႔ရဲ႕ ဘဏ္လုပ္ငန္းနဲ႔ဆုိင္တဲ့ ျပဳျပင္မႈေတြကုိ ျပဌာန္းလုိက္တဲ့အေပၚမွာလည္း သူ႔အေနနဲ႔ ေက်နပ္ အားရမိတယ္လုိ႔ Anthony Nelson က ေျပာပါတယ္။

“အေမရိကန္ဘဏ္ေတြနဲ႔ ျမန္မာႏုိင္ငံက ဘဏ္ေတြနဲ႔ ထိေတြ႔ ဆက္ဆံႏုိင္တဲ့ အေရအတြက္ကုိ တုိးျမႇင့္လုိက္တဲ့အေပၚမွာလည္း က်ေနာ့္အေနနဲ႔ ေက်နပ္ အားရပါတယ္။ အဲဒီလုိ ဖြင့္ေပးလုိက္တဲ့အတြက္ လုပ္ငန္း လုပ္ကုိင္ခြင့္ နယ္ေျမ ပုိၿပီး က်ယ္ျပန္လာမယ္လုိ႔ ထင္ပါတယ္။ ျမန္မာႏုိင္ငံမွာ စီးပြားလုပ္ကိုင္ၾကတဲံ အေမရိကန္ကုမၸဏီေတြအတြက္ အခက္အခဲဆုံး ေနရာတခုက ေငြ အထုတ္အသြင္း လုပ္တဲ့ေနရာမွာ မေျပလည္မႈေတြ ရွိေနတဲ့ကိစၥ ျဖစ္တာေၾကာင့္ အခုလုိ ျပင္ဆင္ခ်က္ ျပဌာန္းလုိက္တဲ့အတြက္ လုပ္ငန္းလုပ္ဖုိ႔ ပုိၿပီး လြယ္ကူသြားေစမယ္လုိ႔ ထင္ပါတယ္။”

အခု တုိးခ်ဲ႕ ျပဳျပင္ျပဌာန္းမႈေတြ စတင္ အသက္၀င္တဲ့ ေမလ ၁၈ ရက္ေန႔ကစလုိ႔ ျမန္မာႏုိင္ငံထဲမွာရွိတဲ့ ဘ႑ာေရးဌာနေတြ အားလံုးနဲ႔ ေငြအလႊဲအေျပာင္း ကိစၥအမ်ားစုကုိ လြတ္လပ္စြာ လုပ္ကိုင္ႏုိင္ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒီ ျပဌာန္းခ်က္အသစ္ေတြအရ ျမန္မာျပည္သူေတြအတြက္လည္း စီးပြားေရး အခြင့္အလမ္းေတြနဲ႔ ကုန္သြယ္ေရး လုပ္ငန္းေတြ ပုိၿပီး ပြင့္လန္းလာမွာ ျဖစ္ပါတယ္။

အေမရိကန္-အာဆီယံ စီးပြားေရးေကာင္စီအဖြဲ႔ဟာ အာဆီယံႏုိင္ငံေတြအတြင္း စီးပြားေရး လုပ္ကုိင္ေနတဲ့ အေမရိကန္ႏုိင္ငံက ကုမၸဏီႀကီး ၁၅၀ ကုိ ကုိယ္စားျပဳၿပီး အဲဒီ ကုမၸဏီေတြ အာဆီယံႏုိင္ငံေတြအတြင္း စီးပြားေရးလုပ္ေဆာင္မႈ အေျခအေနေတြ တုိးတက္ ေကာင္းမြန္ေအာင္ ေအာင္ရြက္ေပးေနတဲ့ အဖြဲ႔လည္း ျဖစ္ပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.......................................


US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်တဲ့ဥပဒေကို ပြင်ဆင် ဖြည့်စွက်ပြီး တနှစ်သက်တမ်း ထပ်တိုးလိုက်တာဟာ ယေဘုယျအားဖြင့် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ကိုင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ The National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့အတူ သမ္မတ Barack Obama က နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေပါ အချက်အလက်တချို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ခဲ့တာမှာ - OFAC လို့ခေါ်တဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးအဖွဲ့က အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဌာန်းချက်ကို ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပြီး SDN ခေါ် ပိတ်ဆို့အရေးယူခံ စာရင်းကိုလည်း ပြင်ဆင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

Anthony Nelson ဟာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူးတဦးပါ။ သူက အခုလို သက်တမ်းတိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဆောင်ဖို့ သိသိသာသာ လွယ်ကူသွားစေတယ်လို့ ပြောပါတယ်။

“ဒါဟာ ယေဘုယျအားဖြင့် ကောင်းမွန်ပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ဖို့ အခြေခံကျတဲ့ အချက်တွေ သိသိသာသာ လွယ်ကူသွားစေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အထွေထွေ လိုင်စင် (၂၀) ကို အချိန် အကန့်အသတ်မရှိ တိုးချဲ့ပေးလိုက်တာဟာလည်း မြန်မာနိုင်ငံက တရားဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး သွင်းကုန်၊ ပို့ကုန်လုပ်ငန်း လုပ်ဆောင်လိုသူတွေအတွက် လမ်းကြောင်း ရှင်းပေးလိုက်သလို ဖြစ်သွားစေပါတယ်။”

အဲဒီ ပြဌာန်းချက်အရ မြန်မာနိုင်ငံအတွင်း OFAC ရဲ့ ကန့်သတ်မှုနှင့် ဒဏ်ခတ်ခံရဆဲ လူပုဂ္ဂိုလ်၊ လုပ်ငန်းတွေနဲ့ ဆက်နွယ်မှုကလွဲလို့ သာမန် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအတွက်လည်း အခြေခံ နေမှုထိုင်မှုကိစ္စတွေဖြစ်တဲ့ အိမ်လခပေးတာ၊ အင်တာနက်အကောင့်ဖွင့်တာ၊ ခရီးသွားတာနဲ့ တခြား လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ၀ယ်ယူတဲ့နေရာတွေမှာ အဟန့်အတားတွေ ကင်းလွတ်ပြီး လွယ်ကူစွာ လုပ်ဆောင်နိုင်ကြမှာ ဖြစ်တဲ့အပြင် အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ဖို့အတွက် ပိုပြီး အဆင်ပြေ ချောမွေ့သွားစေတယ်လို့ Anthony Nelson က ပြောပါတယ်။

နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့ရဲ့ ဘဏ်လုပ်ငန်းနဲ့ဆိုင်တဲ့ ပြုပြင်မှုတွေကို ပြဌာန်းလိုက်တဲ့အပေါ်မှာလည်း သူ့အနေနဲ့ ကျေနပ် အားရမိတယ်လို့ Anthony Nelson က ပြောပါတယ်။

“အမေရိကန်ဘဏ်တွေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ထိတွေ့ ဆက်ဆံနိုင်တဲ့ အရေအတွက်ကို တိုးမြှင့်လိုက်တဲ့အပေါ်မှာလည်း ကျနော့်အနေနဲ့ ကျေနပ် အားရပါတယ်။ အဲဒီလို ဖွင့်ပေးလိုက်တဲ့အတွက် လုပ်ငန်း လုပ်ကိုင်ခွင့် နယ်မြေ ပိုပြီး ကျယ်ပြန်လာမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားလုပ်ကိုင်ကြတဲံ အမေရိကန်ကုမ္ပဏီတွေအတွက် အခက်အခဲဆုံး နေရာတခုက ငွေ အထုတ်အသွင်း လုပ်တဲ့နေရာမှာ မပြေလည်မှုတွေ ရှိနေတဲ့ကိစ္စ ဖြစ်တာကြောင့် အခုလို ပြင်ဆင်ချက် ပြဌာန်းလိုက်တဲ့အတွက် လုပ်ငန်းလုပ်ဖို့ ပိုပြီး လွယ်ကူသွားစေမယ်လို့ ထင်ပါတယ်။”

အခု တိုးချဲ့ ပြုပြင်ပြဌာန်းမှုတွေ စတင် အသက်ဝင်တဲ့ မေလ ၁၈ ရက်နေ့ကစလို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဘဏ္ဍာရေးဌာနတွေ အားလုံးနဲ့ ငွေအလွှဲအပြောင်း ကိစ္စအများစုကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီ ပြဌာန်းချက်အသစ်တွေအရ မြန်မာပြည်သူတွေအတွက်လည်း စီးပွားရေး အခွင့်အလမ်းတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီး ပွင့်လန်းလာမှာ ဖြစ်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဟာ အာဆီယံနိုင်ငံတွေအတွင်း စီးပွားရေး လုပ်ကိုင်နေတဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီကြီး ၁၅၀ ကို ကိုယ်စားပြုပြီး အဲဒီ ကုမ္ပဏီတွေ အာဆီယံနိုင်ငံတွေအတွင်း စီးပွားရေးလုပ်ဆောင်မှု အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် အောင်ရွက်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment