 By netsetaw -  May 4, 2016
ပါတယ်။
(၁) Hospital Sant Pau
(၃) El Maresme Forum
(၄) Egyptian Museum
(၅) Codorniu Winery
မောစေမှာ အမှန်ပါ။
နတ်စည်တော် (Shwemom)
source : top10for.com
...............................................
ဘာစီလိုနာမြို့မှာ လည်ပတ်စရာနေရာများ
By netsetaw -  May 4, 2016
ဘာစီလိုနာမြို့ကို လူတိုင်း ရင်းနီးပြီးသား ဖြစ်ပါလိမ့်မယ်။ ကမ္ဘာကျော်ဘောလုံးအသင်းကြီး ဘာစီလိုနာကြောင့် မရောက်
ဖူးလည်း ရင်းနီးနေလောက်ပါပြီ။ ဘာစီလိုနာကို ရောက်ခဲ့ရင် သွားရောက်လည်ပတ်ဖို့ သင့်တဲ့ နေရာ(၅)ခုကို ဖော်ပြလိုက်
ပါတယ်။
(၁) Hospital Sant Pau
ဆေးရုံအဟောင်းကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ပြန်လည် ဖွင့်လှစ်ထားတဲ့ Hospital Sant Pau ဟာ ဘာစီလိုနာနဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ အတွေ့အကြုံသစ်တွေ၊ ပျော်စရာအစီအစဉ်တွေကို ခံစားရမှာ ဖြစ်ပါတယ်။
(၂) Gehry’s “Peix d’Or” Sculpture
Gehry’s “Peix d’Or” Sculpture အဆောက်ဦးကြီးကတော့ ဘာစီလိုနာမြို့လည်ခေါင်မှာ တည်ရှိပါတယ်။ လူအလွန်စည်
ကားတဲ့ အဆောက်ဦဖြစ်ပြီး ငါးပုံစံတည်ဆောက်ထားလို့ အမြင်ကို တစ်မျိုး ဆန်းစေပါတယ်။
(၃) El Maresme Forum
သမိုင်းဝင် ရှေးဟောင်းနေရာတစ်ခုဖြစ်တဲ့ El Maresme Forum ကတော့ သာယာလှပတဲ့ရှုခင်းတွေ၊ စိမ်းလမ်းတဲ့ရေမြေရာသီဥတုနဲ့အတူ အတိတ်ရဲ့ လွမ်းမောဖွယ်အငွေ့အသက်တွေကို ပေးစွမ်းနိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။
(၄) Egyptian Museum
ဘာစီလိုနာမြို့မှာ ဖွင့်လှစ်ထားတဲ့ Egyptian Museum ဟာ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းများ ထိမ်းသိမ်းရာနေရာဖြစ်ပြီး တနင်္လာမှ စနေအထိ မနက်(10)နာရီမှ 20 နာရီအထိ၎င်း၊ တနင်္ဂနွေနေ့မှာတော့ မနက်(10)နာရီမှ ညနေ(14)နာရီအထိ
၀င်ရောက်လေ့လာလို့ရပါတယ်။ နှစ်စဉ် ဇန်နဝါရီလ (၁) ရက်၊ ဒီဇင်ဘာ(၂၅)၊ (၂၆)ရက်နေ့တွေဟာ ပြတိုက်ပိတ်ရက်တွေ ဖြစ်ပါတယ်။
(၅) Codorniu Winery
Codorniu Winery ဟာ ဘာစီလိုနာမြို့ရဲ့ အထင်ကရ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။ အံ့အြဖွယ် ရှေး
ခေတ် ဗိသုကာလက်ရာတွေ၊ လှပတဲ့အခင်းအကျဉ်းတွေ၊ ကြီးမားတဲ့ အဆောက်ဦးတွေက ဧည့်သည်တွေကို ရင်သပ်ရှု
မောစေမှာ အမှန်ပါ။
နတ်စည်တော် (Shwemom)
source : top10for.com
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment