လန္ဒန္စီးပြားေရးတကၠသိုလ္တြင္ ဧည့္ပါေမာကၡအျဖစ္ အိန္ဂ်လီနာဂ်ိဳလီ တာ၀န္ယူ


ေအာ္စကာဆုရွင္နွင့္ ကုလဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းၾကီးရုးံ အထူးကုိယ္စားလွယ္ အိန္ဂ်လီနာဂ်ိဳလီပစ္ လန္ဒန္စီးပြားေရး တကၠသို္လ္ လက္ေအာက္ရွိ အမ်ဳိးသမီးေရးရာနွင့္ ၿငိမ္းခ်မ္းေရးနွင့္ လုံၿခဳံေရးစင္တာတြင္ ဧည့္ပါေမာကၡအျဖစ္ တာ၀န္ထမ္းေဆာင္ေတာ့မည္ျဖစ္ရာ မ်ားမၾကာမီ ဖြင့္လွစ္မည့္ မဟာတန္း သင္ၾကားေရး အစီအစဥ္တြင္းရွိ ပါေမာကၡ ၄ ဦးအနက္ တစ္ဦးျဖစ္လာမည္ ျဖစ္သည္။
အဆုိပါတကၠသုိလ္က ၿပီးခဲ့သည့္ တနလၤာေန႔က သတင္းထုတ္ျပန္ရာတြင္ ယခုကဲ့သုိ႔ ေဖာ္ျပထားျခင္း ျဖစ္သည္။ ၿဗိတိန္၏ နာမည္ေက်ာ္ တကၠသိုလ္မ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္သည့္ အဆုိပါေက်ာင္းတြင္ မစၥဂ်ိဳလီက လက္ခ်ာမ်ား ေပးမည္ျဖစ္ၿပီး ဧည့္ပါေမာကၡအျဖစ္ အလုပ္ရုံေဆြးေႏြးပြဲမ်ားတြင္ ပါ၀င္ေဆြးေႏြးမည္ ျဖစ္သည္။
“ကြ်န္မ ဒီလုိသင္ၾကားမႈ အစီအစဥ္ ျပ႒ာန္းလုိက္တာကုိ သိပ္ကုိ နွစ္ေထာင္းအားရ ျဖစ္မိပါတယ္။ ဒါကုိ စံနမူနာယူၿပီး အၿခားအၿခားေသာ သင္ၾကားမႈ အစီအစဥ္ေတြ ေပၚလာဖုိ႔ ေမွ်ာ္လင့္ပါတယ္။ စစ္မက္ျဖစ္ပြားခ်ိန္မွာ လိင္မေတာ္မတရား ျပဳမႈ အစရွိတာေတြက အမ်ိဳးသမီးေတြခ်ည္းကုိပဲ ထိခို္က္ေနတဲ့ အဲဒီယုတ္မာလွတဲ့ ရာဇ၀တ္မႈေတြ အဆုးံသတ္ဖုိ႔နဲ႔ အမ်ိဳးသမီးေတြရဲ့ ရပုိင္ခြင့္ေတြ တုိးတက္ရရွိေအာင္ ဘယ္လုိမ်ား လုပ္ၾကမလဲဆုိတာ ေဆြးေႏြးဖုိ႔ သိပ္ကုိအေရးၾကီးပါတယ္” ဟု သူကဆုိသည္။
သူ႕အေနျဖင့္ ဆုိင္ရာအစုိးရမ်ား ကုလတုိ႔နွင့္ လက္တြဲလုပ္ေဆာင္စဥ္ ရရွိခဲ့သည့္ အေတြ႕အၾကဳံမ်ားကုိ မွ်ေ၀သြားမည္ဟု ဆုိသည္။
ကုလဒုကၡမ်ားဆုိင္ရာ မဟာမင္းႀကီးရုးံ၏ ခ်စ္ၾကည္ေရး သံအမတ္နွင့္ အထူးကုိယ္စားလွယ္အျဖစ္ ဆယ္စုနွစ္တစ္ခုေက်ာ္ ပူးေပါင္း တာ၀န္ထမ္းေဆာင္ခဲ့ရာတြင္ စစ္မက္ျဖစ္ပြားမႈ ဒုကၡသည္နွင့္ အမ်ိဳးသမီးေရးရာ လိင္အၾကမ္းဖက္မႈ စသည္တုိ႔နွင့္ စပ္လ်ဥ္းသည့္ အခက္ခဲဆုးံျပသ၁နာမ်ားကုိ သူႀကဳံေတြ႕ေျဖရွင္းခဲ့ရသည္။
အဆိုပါတကၠသုိလ္မွ ထုတ္ျပန္ခ်က္တြင္ သူ၏တာ၀န္ အတိအက်ကုိ ေဖာ္ျပမထားသကဲ့သုိ႔ လာေရာက္ သင္ၾကားမည့္ အၾကိမ္ကုိလညး္ ေဖာ္ျပမထားေပ။ သင္ၾကားမည့္ အစီအစဥ္မ်ားတြင္ “အမ်ိဳးသမီး ၿငိမ္းခ်မ္းေရးနွင့္ လုံၿခဳံေရးရာ” အပါအ၀င္ ‘က်ား,မ လိင္ကြဲjပားမႈနွင့္ စစ္ပြဲအတြင္း ၀င္ေရာက္ၿခင္း” “က်ား,မ လိင္ကြဲျပားမႈနွင့္ လူ့အခြင့္အေရး” စသည္မ်ား ပါ၀င္မည္ျဖစ္ရာ ေက်ာင္းသူေက်ာင္းသားမ်ား အေနျဖင့္ စစ္မက္ၿဖစ္ပြားစဥ္ လိင္အၾကမ္းးဖက္မႈကုိ မည္သုိ႔တားဆီးမည္။ အမ်ိဳးသမီးမ်ား ရပုိင္ခြင့္နွင့္တကြ ၿငိမ္းခ်မ္းေရးနွင့္ လုံၿခဳံေရးတုိ႔ကုိ မည္သုိ႔ေဖာ္ေဆာင္မည္ စသည္တုိ႔ကုိ ေလ့လာသင္ယူရမည္ ျဖစ္သည္။
ရႊန္းတင့္
Ref: nytimes
The Ladies News
.......
လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် အိန်ဂျလီနာဂျိုလီ တာဝန်ယူ
------- ----- ------
အော်စကာဆုရှင်နှင့် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုးံ အထူးကိုယ်စားလှယ် အိန်ဂျလီနာဂျိုလီပစ် လန်ဒန်စီးပွားရေး တက္ကသို်လ် လက်အောက်ရှိ အမျိုးသမီးရေးရာနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးစင်တာတွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ များမကြာမီ ဖွင့်လှစ်မည့် မဟာတန်း သင်ကြားရေး အစီအစဉ်တွင်းရှိ ပါမောက္ခ ၄ ဦးအနက် တစ်ဦးဖြစ်လာမည် ဖြစ်သည်။
အဆိုပါတက္ကသိုလ်က ပြီးခဲ့သည့် တနင်္လာနေ့က သတင်းထုတ်ပြန်ရာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ဗြိတိန်၏ နာမည်ကျော် တက္ကသိုလ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အဆိုပါကျောင်းတွင် မစ္စဂျိုလီက လက်ချာများ ပေးမည်ဖြစ်ပြီး ဧည့်ပါမောက္ခအဖြစ် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါ၀င်ဆွေးနွေးမည် ဖြစ်သည်။
“ကျွန်မ ဒီလိုသင်ကြားမှု အစီအစဉ် ပြဋ္ဌာန်းလိုက်တာကို သိပ်ကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ဒါကို စံနမူနာယူပြီး အခြားအခြားသော သင်ကြားမှု အစီအစဉ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။ စစ်မက်ဖြစ်ပွားချိန်မှာ လိင်မတော်မတရား ပြုမှု အစရှိတာတွေက အမျိုးသမီးတွေချည်းကိုပဲ ထိခို်က်နေတဲ့ အဲဒီယုတ်မာလှတဲ့ ရာဇဝတ်မှုတွေ အဆုးံသတ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေ တိုးတက်ရရှိအောင် ဘယ်လိုများ လုပ်ကြမလဲဆိုတာ ဆွေးနွေးဖို့ သိပ်ကိုအရေးကြီးပါတယ်” ဟု သူကဆိုသည်။
သူ့အနေဖြင့် ဆိုင်ရာအစိုးရများ ကုလတို့နှင့် လက်တွဲလုပ်ဆောင်စဉ် ရရှိခဲ့သည့် အတွေ့အကြုံများကို မျှဝေသွားမည်ဟု ဆိုသည်။
ကုလဒုက္ခများဆိုင်ရာ မဟာမင်းကြီးရုးံ၏ ချစ်ကြည်ရေး သံအမတ်နှင့် အထူးကိုယ်စားလှယ်အဖြစ် ဆယ်စုနှစ်တစ်ခုကျော် ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့ရာတွင် စစ်မက်ဖြစ်ပွားမှု ဒုက္ခသည်နှင့် အမျိုးသမီးရေးရာ လိင်အကြမ်းဖက်မှု စသည်တို့နှင့် စပ်လျဉ်းသည့် အခက်ခဲဆုးံပြသ၁နာများကို သူကြုံတွေ့ဖြေရှင်းခဲ့ရသည်။
အဆိုပါတက္ကသိုလ်မှ ထုတ်ပြန်ချက်တွင် သူ၏တာဝန် အတိအကျကို ဖော်ပြမထားသကဲ့သို့ လာရောက် သင်ကြားမည့် အကြိမ်ကိုလညး် ဖော်ပြမထားပေ။ သင်ကြားမည့် အစီအစဉ်များတွင် “အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာ” အပါအဝင် ‘ကျား,မ လိင်ကွဲjပားမှုနှင့် စစ်ပွဲအတွင်း ၀င်ရောက်ခြင်း” “ကျား,မ လိင်ကွဲပြားမှုနှင့် လူ့အခွင့်အရေး” စသည်များ ပါ၀င်မည်ဖြစ်ရာ ကျောင်းသူကျောင်းသားများ အနေဖြင့် စစ်မက်ဖြစ်ပွားစဉ် လိင်အကြမ်းးဖက်မှုကို မည်သို့တားဆီးမည်။ အမျိုးသမီးများ ရပိုင်ခွင့်နှင့်တကွ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို မည်သို့ဖော်ဆောင်မည် စသည်တို့ကို လေ့လာသင်ယူရမည် ဖြစ်သည်။
ရွှန်းတင့်
Ref: nytimes
The Ladies News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment