UAE မွာ မိုးေလ၀သေကာင္းမြန္ေစဖို႔ ေတာင္ တစ္ခုကို ေဒၚလာ ၄၀၀ဘီလီယံ အကုန္အက်ခံ တည္ေဆာက္မည္




အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(UAE) ႏိုင္ငံဟာ ကႏၱာရ အလယ္မွာတည္ရွိတဲ့အေလ်ာက္ မိုးရြာေလ့မရွိဘူး ဆိုတာကို အားလံုး အသိပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မိုးမရြာတဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ UAE ႏိုင္ငံဟာ ေဒၚလာ ၄၃၂ ဘီလီယံ တန္ဖိုးရွိတဲ့ ေတာင္ တစ္ခုကို တည္ေဆာက္သြားဖို႔ စီစဥ္ေနၾကပါတယ္။

အမ်ိဳးသား သိပၸံပညာ ေဖာင္ေဒးရွင္းက ေထာက္ပံ့ေပးထားၿပီး အေမရိကန္ အေျခစိုက္ အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ ေလထုဆိုင္ရာ သုေတသန အမ်ိဳးသားစင္တာ(NCAR) ကို UAE ႏိုင္ငံက ေဒၚလာ ဘီလီယံ ၄၀၀ ခန္႔ေပးအပ္ၿပီး ေတာင္ တစ္ခု တည္ေဆာင္သြားမွာပဲ ျဖစ္ပါတယ္။

လူေတြဖန္တီးထားတဲ့ ေတာင္တစ္ခုဟာ သဘာ၀ျဖစ္စဥ္တစ္ခုျဖစ္တဲ့ မိုးတိမ္တိုက္မ်ားျဖစ္ေပၚျခင္း ကို ျဖစ္လာေစပါတယ္။ စိုစြတ္တဲ့ေလထုဟာ အျမင့္ကို တက္သြားတဲ့အခါ တိမ္တိုက္တစ္ခုျဖစ္လာေစပါတယ္။ ထိုတိမ္တိုက္ကေန ဖန္တီးထားတဲ့ ေတာင္ ရဲ ႔ အျခားတစ္ဖက္ကို မိုးစက္မ်ားက်ဆင္းလာတဲ့အခါ ေလတိုက္ခတ္မႈ လမ္းေၾကာင္း တစ္ခု ျဖစ္ေပၚလာေစမွာပဲ ျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔ သူတို႔ဟာ ေဒသ ရဲ ႔ မိုးေလ၀သ ကို ဖန္တီးယူၾကဖို႔ စီစဥ္ေနတာပါ။

ထို စီမံကိန္းကို စတင္ဖို႔အတြက္လည္း UAE ႏိုင္ငံဟာ ေရအခ်ိဳ႕ကို စတင္သိုေလွာင္ေနၿပီျဖစ္ပါတယ္။ အခုလို ဖန္တီး အေျဖထုတ္ျခင္းဟာလည္း ႏွစ္စဥ္ႏွစ္တိုင္း မိုးေရခ်ိန္ ၃ လက္မ ခန္႔သာ ပ်မ္းမွ် ရရွိေလ့ရွိတဲ့ တိုင္းျပည္တစ္ခုရဲ ႔ လူေနအိမ္တစ္အိမ္ဟာ တစ္ေန႔ကို ေရ ၁၄၅ ဂါလံ ျဖဳန္းတီးေနရတဲ့ ေရမေလာက္ငွတဲ့ ျပႆနာကို ေျဖရွင္းႏိုင္မယ္လို႔ Business Insider သတင္းဌာနက ခန္႔မွန္းထားပါတယ္။


( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

...............................................

UAE မှာ မိုးလေဝသကောင်းမွန်စေဖို့ တောင် တစ်ခုကို ဒေါ်လာ ၄၀၀ဘီလီယံ အကုန်အကျခံ တည်ဆောက်မည်
 

အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံဟာ ကန္တာရ အလယ်မှာတည်ရှိတဲ့အလျောက် မိုးရွာလေ့မရှိဘူး ဆိုတာကို အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိုးမရွာတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် UAE နိုင်ငံဟာ ဒေါ်လာ ၄၃၂ ဘီလီယံ တန်ဖိုးရှိတဲ့ တောင် တစ်ခုကို တည်ဆောက်သွားဖို့ စီစဉ်နေကြပါတယ်။

အမျိုးသား သိပ္ပံပညာ ဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားပြီး အမေရိကန် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လေထုဆိုင်ရာ သုတေသန အမျိုးသားစင်တာ(NCAR) ကို UAE နိုင်ငံက ဒေါ်လာ ဘီလီယံ ၄၀၀ ခန့်ပေးအပ်ပြီး တောင် တစ်ခု တည်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

လူတွေဖန်တီးထားတဲ့ တောင်တစ်ခုဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ မိုးတိမ်တိုက်များဖြစ်ပေါ်ခြင်း ကို ဖြစ်လာစေပါတယ်။ စိုစွတ်တဲ့လေထုဟာ အမြင့်ကို တက်သွားတဲ့အခါ တိမ်တိုက်တစ်ခုဖြစ်လာစေပါတယ်။ ထိုတိမ်တိုက်ကနေ ဖန်တီးထားတဲ့ တောင် ရဲ ့ အခြားတစ်ဖက်ကို မိုးစက်များကျဆင်းလာတဲ့အခါ လေတိုက်ခတ်မှု လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သူတို့ဟာ ဒေသ ရဲ ့ မိုးလေဝသ ကို ဖန်တီးယူကြဖို့ စီစဉ်နေတာပါ။

ထို စီမံကိန်းကို စတင်ဖို့အတွက်လည်း UAE နိုင်ငံဟာ ရေအချို့ကို စတင်သိုလှောင်နေပြီဖြစ်ပါတယ်။ အခုလို ဖန်တီး အဖြေထုတ်ခြင်းဟာလည်း နှစ်စဉ်နှစ်တိုင်း မိုးရေချိန် ၃ လက်မ ခန့်သာ ပျမ်းမျှ ရရှိလေ့ရှိတဲ့ တိုင်းပြည်တစ်ခုရဲ ့ လူနေအိမ်တစ်အိမ်ဟာ တစ်နေ့ကို ရေ ၁၄၅ ဂါလံ ဖြုန်းတီးနေရတဲ့ ရေမလောက်ငှတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ Business Insider သတင်းဌာနက ခန့်မှန်းထားပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment