ဒေါ်လာတစ်သိန်း လောင်းကြေးထပ်ပြီး ရင်သားတပ်ခဲ့တဲ့ အမျိုးသား
Source & Photos : Metro
Duwun
.......
ဘရိုင်ယန်ဆိုသူက သူ့သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ပြီးတဲ့နောက် ရင်သားတပ်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ဘရိုင်ယန်က အဲဒီလို မလုပ်နိုင်ရင် သူ့သူငယ်ချင်းရဲ့ သန့်စင်ခန်းထဲမှာ တစ်လလုံးလုံး သော့ခတ်ခံမလား ဒါမှမဟုတ် သူ့ခြေထောက်မှာ ဒေါ်လာတစ်သိန်း ချည်ပြီး တံတားတစ်စင်း အောက်မှာ တစ်ညနေမလား ရွေးချယ်ရမှာ ဖြစ်ပါတယ်။
လောာင်းကြေးက ဒီလောက်ကြီးမှတော့ ဘရိုင်ယန်တစ်ယောက် ရင်သားတပ်ဖြစ်တာ အံ့သြစရာတော့ ရှိမယ် မထင်ပါဘူး။
"၁၉၉၇ ခုလောက်က ဥရောပက စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်ရယ်၊ သူငယ်ချင်းနှစ်ယောက်ရယ်၊ သူ့ရည်းစားရယ် ထိုင်နေကြတယ်။ အဲဒီကောင်မလေးက သူ့ရင်သားကို ဖော်ထားတယ်။ အဲဒါနဲ့ သူ့လိုရင်သားမျိုးသာ ကျွန်ေတော့်မှာရှိရင် လူတွေက သူ့ကို အာရုံစိုက်သလို ကျွန်တော့်ကို အာရုံစိုက်မှာပဲလို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်ေတော့်သူငယ်ချင်းက ဒေါ်လာတစ်သိန်းပေးပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။ အဲဒီမှာ အလောင်းအစားစတာပဲ" လို့ ဘရိုင်ယန်က သူ ရင်သားတပ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကို ရှင်းပြပါတယ်။
ဘရိုင်ယန်က အဲဒီရင်သားကို တစ်နှစ်တိတိ တပ်ရင် ဒေါ်လာ တစ်သိန်းပေးမယ်လို့ပဲ လောင်းကြေးထပ်ထားတာ ဖြစ်ပေမဲ့ အခုဆိုရင် အဲဒီရင်သာား တပ်ထားတာ နှစ် ၂၀ နီးပါး ရှိပါပြီ။
တကယ်လို့ အဲဒီရင်သားကို ဆက်တပ်ထားမယ်ဆိုရင် တစ်နှစ် ဒေါ်လာ တစ်သောင်းရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို နှစ် ၂၀ တိတိ သူတပ်ထားမယ်လို့ ဘယ်သူမှ မထင်ထားပါဘူး။ ဘရိုင်ယန်ကိုယ်တိုင်လည်း ထင်မထားခဲ့ပါဘူး။
Source & Photos : Metro
Duwun
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment