ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် ပတ်သက်၍ တရားစွဲဆိုမှုတွင် Facebook က တရုတ် ကုမ္မဏီကို အနိုင်ရ

သတင်း  နည်းပညာ
ဘန်ကောက်ပို့စ်


မေ ၉ ။             ။ ကုန် အမှတ်တံဆိပ် တိုက်ပွဲတစ်ခုတွင် အမေရိကန် လူမှု ကွန်ရက် Facebook က တရုတ် ပြည်တွင်း ကုမ္မဏီတစ်ခုကို အနိုင်ရသွားခဲ့သည်ဟု မေလ ၉ ရက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

"face book" ဆိုသည့် အမှတ်တံဆိပ်တစ်ခုဖြင့် တရုတ် ပြည်တွင်း အချိုရည် ကုမ္မဏီတစ်ခုက လုပ်ငန်းလုပ်ဆောင်နေခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် ကုမ္မဏီဘက်မှ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရုတ် အချိုရည်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုသည် အဆိုပါ "face book" အမည်ဖြင့် အချိုရည်များထုတ်လုပ်ရောင်းချရန် ၂၀၁၄ ခုနှစ်က တရုတ် ကုန်အမှတ်တံဆိပ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံတွင် မှတ်ပုံတင်ခဲ့ရာ အတည်ပြုချက် ရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် အမေရိကန် ကုမ္မဏီက တရားစွဲဆိုခဲ့ရာ တရားရုံးက အဆိုပါ ကိစ္စရပ်ကို  ပြန်လည်စဉ်းစားသုံးသပ်ရန် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်အာဏာပိုင်များအား ညွှန်ကြားခဲ့သည်။ ယခုကိစ္စတွင် တရုတ်ပြည်တွင်း အချိုရည်ကုမ္မဏီအနေဖြင့် အထက်ပါ အမှတ်တံဆိပ်အား ဆက်လက်သုံးစွဲနိုင်ခွင့်မရှိဟု တရားရုံးက ဆုံးဖြတ်ပေးလိုက်သည်။ ယင်းအမှုအား တရုတ် ကုမ္မဏီက အယူခံဝင် ခဲ့သော်လည်း ပေကျင်းတရားရုံးက ကနဦး ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုချမှတ်ပေးထားခဲ့သည်။

ယခု ကဲ့သို့ Facebook ၏ ကုန်အမှတ်တံဆိပ်တိုက်ပွဲကဲ့သို့ အခြားသော အမေရိကန် နည်းပညာကုမ္မဏီတစ်ခုဖြစ်သည့် Apple ကုမ္မဏီသည်လည်း ယခင် ကာလအနည်းငယ်က တွေ့ကြုံထားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင်မူ Apple ကုမ္မဏီသည် တရုတ် ပြည်တွင်း လက်ကိုင်အိတ်ကုမ္မဏီအား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ပတ်သက်၍ ရှုံးနိမ့်ထားခဲ့ရသည်။

- See more at: http://mizzimaburmese.com/article/13998#sthash.RpntPxJ5.dpuf
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment