ျပည္နယ္ ၁၁ခုက အိုဘားမား အစိုးရကိုတရားစြဲ


အိုဘားမားအစိုးရကို ျပည္နယ္ေတြကတရားစြဲ
သမၼတအိုဘားမားအစိုးရက လိင္ေျပာင္းထားသူတို႔ရဲ့ အခြင့္အေရးကို ပိုေပးဖို႔ႀကိဳးပမ္းတဲ့ ကိစၥနဲ႔ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စုမွာရွိတဲ့ ျပည္နယ္၁၁ခုတို႔က အစိုးရကို တရားစြဲဆို လိုက္ပါတယ္။ အခုလထဲမွာ ပဲသမၼတ အိမ္ျဖဴေတာ္ကေန ေက်ာင္းသူ ေက်ာင္းသား အားလုံးဟာသူတို႔ရဲ့ သြင္ျပင္ လကၡဏာနဲ႔ ကိုက္ညီတဲ့အတိုင္း အိမ္သာ သုံးစြဲခြင့္ျပဳ လိုက္ပါတယ္။ ဒီလိုအမိန္႔ ထုတ္လိုက္တာဟာ လူမွုေရးအရ ႀကီးမားတဲ့လက္ေတြ႕ စမ္းသပ္မွုလို႔ ျပည္နယ္ေတြက ေျပာပါတယ္။

အခ်ိဳ႕ျပည္နယ္ေတြက လိင္ေျပာင္းထားသူေတြရဲ့ အခြင့္အေရးကို ကန္႔သတ္တဲ့ ဥပေဒေတြ ထုတ္ျပန္ခဲ့ပါတယ္။ တကယ္လို႔ အစိုးရဲ့ ညႊန္ၾကားခ်က္အတိုင္း မလိုက္နာတဲ့ ျပည္နယ္ေတြကို ဗဟိုအစိုးရက ခ်ေပးတဲ့ ပညာေရး ဆိုင္ရာ ေထာက္ပံ့ေၾကးကို ခ်မေပးဘူးလို႔ အိုဘားမား အစိုးရက ၿခိမ္းေျခာက္ခဲ့ပါတယ္။ ဒီအတိုင္းဆို အစိုးရ ညႊန္ၾကားတာကို မလိုက္နာတဲ့ ေရွးရိုးစြဲ ျပည္နယ္တခုျဖစ္တဲ့ တက္ဆက္ ျပည္နယ္မွာ ပညာေရး ရံပုံေငြ အေမရိကန္ ေဒၚလာသန္းေပါင္း ၁၀၀၀ ဆုံးရွုံးနိုင္ပါတယ္။ တက္ဆက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွူးက အေမရိကန္အစိုးရဟာ အေျခခံဥပေဒကို ေျခဖ်က္ရာ ေရာက္တယ္လို႔ ေျပာပါတယ္။

အမွုစြဲဆိုရတာနဲ႔ပတ္သက္လို႔ တက္ဆက္ ျပည္နယ္ေရွ႕ေနခ်ဳပ္ Ken Paxton က ဗဟိုအစိုးရက အုပ္ခ်ဳပ္ေရး အာဏာကိုသုံးၿပီး ဥေပဒေတြ ျပန္ေရးေနတာလို႔ေျပာပါတယ္။ ဒီလိုတရားစြဲရာမွာ အယ္လဘားမား အာရီဇိုးနား ေဂ်ာ္ဂ်ီယာစတဲ့ ျပည္နယ္ေပါင္း ၁၁ခုပါဝင္ပါတယ္။ အစိုးရအေနနဲ႔ ကြန္ဂရက္ သို႔မဟုတ္ ျပည္နယ္တခုခ်င္းရဲ့ လုပ္ပိုင္ခြင့္ေတြကို ေက်ာ္လုပ္တယ္လို႔ သူတို႔က စြပ္စြဲပါတယ္။

ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္က လိင္ေျပာင္း ထားသူေတြအေနနဲ႔ အမ်ားနဲ႔ဆိုင္တဲ့ အိမ္သာသုံးစြဲရာမွာ သူတို႔ေမြးစာရင္းမွာပါတဲ့ က်ားမခြဲျခား သတ္မွတ္ ထားတဲ့အတိုင္း သုံးရမယ္ဆိုတဲ့ ဥပေဒတခု ျပဌာန္း လိုက္ၿပီးတဲ့ေနာက္ သမၼတ႐ုံးက လိင္ေျပာင္းလဲသူေတြရဲ့ အခြင့္အေရး သတ္မွတ္တဲ့ ညႊန္ၾကားခ်က္ အသစ္ ထုတ္လိုက္တာျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese/
.............


အိုဘားမားအစိုးရကို ပြည်နယ်တွေကတရားစွဲ
သမ္မတအိုဘားမားအစိုးရက လိင်ပြောင်းထားသူတို့ရဲ့ အခွင့်အရေးကို ပိုပေးဖို့ကြိုးပမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်၁၁ခုတို့က အစိုးရကို တရားစွဲဆို လိုက်ပါတယ်။ အခုလထဲမှာ ပဲသမ္မတ အိမ်ဖြူတော်ကနေ ကျောင်းသူ ကျောင်းသား အားလုံးဟာသူတို့ရဲ့ သွင်ပြင် လက္ခဏာနဲ့ ကိုက်ညီတဲ့အတိုင်း အိမ်သာ သုံးစွဲခွင့်ပြု လိုက်ပါတယ်။ ဒီလိုအမိန့် ထုတ်လိုက်တာဟာ လူမှုရေးအရ ကြီးမားတဲ့လက်တွေ့ စမ်းသပ်မှုလို့ ပြည်နယ်တွေက ပြောပါတယ်။

အချို့ပြည်နယ်တွေက လိင်ပြောင်းထားသူတွေရဲ့ အခွင့်အရေးကို ကန့်သတ်တဲ့ ဥပဒေတွေ ထုတ်ပြန်ခဲ့ပါတယ်။ တကယ်လို့ အစိုးရဲ့ ညွှန်ကြားချက်အတိုင်း မလိုက်နာတဲ့ ပြည်နယ်တွေကို ဗဟိုအစိုးရက ချပေးတဲ့ ပညာရေး ဆိုင်ရာ ထောက်ပံ့ကြေးကို ချမပေးဘူးလို့ အိုဘားမား အစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီအတိုင်းဆို အစိုးရ ညွှန်ကြားတာကို မလိုက်နာတဲ့ ရှေးရိုးစွဲ ပြည်နယ်တခုဖြစ်တဲ့ တက်ဆက် ပြည်နယ်မှာ ပညာရေး ရံပုံငွေ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၀၀၀ ဆုံးရှုံးနိုင်ပါတယ်။ တက်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက အမေရိကန်အစိုးရဟာ အခြေခံဥပဒေကို ခြေဖျက်ရာ ရောက်တယ်လို့ ပြောပါတယ်။

အမှုစွဲဆိုရတာနဲ့ပတ်သက်လို့ တက်ဆက် ပြည်နယ်ရှေ့နေချုပ် Ken Paxton က ဗဟိုအစိုးရက အုပ်ချုပ်ရေး အာဏာကိုသုံးပြီး ဥပေဒတွေ ပြန်ရေးနေတာလို့ပြောပါတယ်။ ဒီလိုတရားစွဲရာမှာ အယ်လဘားမား အာရီဇိုးနား ဂျော်ဂျီယာစတဲ့ ပြည်နယ်ပေါင်း ၁၁ခုပါဝင်ပါတယ်။ အစိုးရအနေနဲ့ ကွန်ဂရက် သို့မဟုတ် ပြည်နယ်တခုချင်းရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လုပ်တယ်လို့ သူတို့က စွပ်စွဲပါတယ်။

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က လိင်ပြောင်း ထားသူတွေအနေနဲ့ အများနဲ့ဆိုင်တဲ့ အိမ်သာသုံးစွဲရာမှာ သူတို့မွေးစာရင်းမှာပါတဲ့ ကျားမခွဲခြား သတ်မှတ် ထားတဲ့အတိုင်း သုံးရမယ်ဆိုတဲ့ ဥပဒေတခု ပြဌာန်း လိုက်ပြီးတဲ့နောက် သမ္မတရုံးက လိင်ပြောင်းလဲသူတွေရဲ့ အခွင့်အရေး သတ်မှတ်တဲ့ ညွှန်ကြားချက် အသစ် ထုတ်လိုက်တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment