၈ ႏွစ္အရြယ္သမီးငယ္ကို အဓမၼျပဳက်င့္ၿပီးေနာက္ မိမိကိုယ္ကို ေသေၾကာင္းႀကံခဲ့ဟု ဖခင္ ၀န္ခံ


အဓမၼျပဳက်င့္ႏွိပ္စက္ခံရၿပီး ကြယ္လြန္သြားသည့္ ကေလးငယ္အား ေဆး႐ုံသုိ႔ သယ္လာစဥ္။ (ဓာတ္ပုံ - Methee Muangkaew)

    By ဒီဗီြဘီ
    25 May 2016
ထိုင္းႏိုင္ငံမွ အမ်ိဳးသားတဦးဟာ အသက္ ၈ ႏွစ္အရြယ္ သမီးငယ္ကို အဓမၼျပဳက်င့္ခဲ့ၿပီး ကေလးေသဆံုးခဲ့ၿပီးေနာက္မွာ သူဟာ ကိုယ့္ကုိယ္ကိုယ္ ေသေၾကာင္းႀကံစည္ခဲ့တယ္လို႔ ၀န္ခံလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ အဲဒီအမ်ိဳးသားကို ေမာင္ခ႐ုိင္ရဲစခန္းမွာ ဖမ္းဆီး စစ္ေဆးေနတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေမလ ၂၄ ရက္ေန႔က ေဖာ္ျပပါတယ္။

နယ္ေျမ-၉ ရဲခ်ဳပ္ ဗီရာပြန္ခန္ပက္ခ္ဒီက သတင္းမီဒီယာေတြနဲ႔ ေတြ႔ဆံုပြဲမွာ အဆိုပါအမ်ိဳးသားဟာ အစပိုင္းမွာ ျငင္းပယ္ေနခဲ့ၿပီး ျပင္းျပင္းထန္ထန္ စစ္ေဆးၿပီးေနာက္မွာမွ ျပစ္မႈက်ဴးလြန္ေၾကာင္း ၀န္ခံခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ကေလးငယ္ဟာ ေမာင္ခ႐ုိင္၊ ႏြန္ထရပ္အရပ္မွာ ၿပီးခဲ့တဲ့ ေမလ ၁၀ ရက္ေန႔က အဓမၼျပဳက်င့္ခံခဲ့ရတာပါ။

ဖခင္ျဖစ္သူဟာ တညလံုး မူးယစ္ေဆးေတြ သံုးထားခဲ့ၿပီးေနာက္ သမီးငယ္ကို ညႇဥ္းပန္း ႏွိပ္စက္ခဲ့တယ္လို႔ ဆုိပါတယ္။

ကေလးငယ္ဟာ ေဆး႐ုံေရာက္ၿပီးေနာက္ ေသဆံုးသြားခဲ့ပါတယ္။

ဒါေပမယ့္ ကေလးငယ္ဟာ မေသဆံုးခင္မွာ ဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာကို မိခင္ျဖစ္သူကို ေျပာခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ကေလးငယ္ ေသဆုံးၿပီးေနာက္မွာမွ အဆိုပါအမ်ိဳးသားဟာ စိတ္က်ေရာဂါ ခံစားခဲ့ရပုံရၿပီး ဒီေန႔မနက္ ၆ နာရီေလာက္က ေနအိမ္မွာ လည္ပင္းကို ဆြဲႀကိဳးခ် ကုိယ့္ကုိယ္ကိုယ္ ေသေၾကာင္းႀကံတဲ့ အေနအထားနဲ႔ ေတြ႔ရွိခဲ့ရၿပီး အသက္အေသေသးတာမို႔ ထရန္ေဆး႐ုံဆီ ပို႔ေဆာင္ထားခဲ့ရတယ္လို႔ စံုစမ္းစစ္ေဆးေရးအရာရွိ အက္ခလက္ခ္ဆက္ခ္ခ်ိန္နန္႔က ေျပာပါတယ္။

သူ႔ကို အရြယ္မေရာက္ေသးသူ အသက္ ၁၃ ႏွစ္ေအာက္ ကေလးသူငယ္ကို  မုဒိမ္းက်င့္မႈနဲ႔ ေမလ ၂၃ ရက္ေန႔မွာ ဖမ္း၀ရမ္းထုတ္ျပန္ခဲ့ၿပီး ဖမ္းဆီးခဲ့တာပါ။

လက္ရွိမွာေတာ့ ရဲေတြဟာ ဒီအမႈနဲ႔ပတ္သက္ၿပီး ကေလးငယ္ရဲ႕ ဖခင္အပါအ၀င္ သံသယရွိသူ ၆ ဦးကို စစ္ေဆးထားကာ ေဆး႐ုံကထြက္လာမယ့္ ဒီအန္ေအ စစ္ေဆးခ်က္အေျဖကို ေစာင့္ေနဆဲျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
DVB
အဓမ္မပြုကျင့်နှိပ်စက်ခံရပြီး ကွယ်လွန်သွားသည့် ကလေးငယ်အား ဆေးရုံသို့ သယ်လာစဉ်။ (ဓာတ်ပုံ - Methee Muangkaew)

    By ဒီဗွီဘီ
    25 May 2016
ထိုင်းနိုင်ငံမှ အမျိုးသားတဦးဟာ အသက် ၈ နှစ်အရွယ် သမီးငယ်ကို အဓမ္မပြုကျင့်ခဲ့ပြီး ကလေးသေဆုံးခဲ့ပြီးနောက်မှာ သူဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် အဲဒီအမျိုးသားကို မောင်ခရိုင်ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မေလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

နယ်မြေ-၉ ရဲချုပ် ဗီရာပွန်ခန်ပက်ခ်ဒီက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ အဆိုပါအမျိုးသားဟာ အစပိုင်းမှာ ငြင်းပယ်နေခဲ့ပြီး ပြင်းပြင်းထန်ထန် စစ်ဆေးပြီးနောက်မှာမှ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကလေးငယ်ဟာ မောင်ခရိုင်၊ နွန်ထရပ်အရပ်မှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က အဓမ္မပြုကျင့်ခံခဲ့ရတာပါ။

ဖခင်ဖြစ်သူဟာ တညလုံး မူးယစ်ဆေးတွေ သုံးထားခဲ့ပြီးနောက် သမီးငယ်ကို ညှဉ်းပန်း နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

ဒါပေမယ့် ကလေးငယ်ဟာ မသေဆုံးခင်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မိခင်ဖြစ်သူကို ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကလေးငယ် သေဆုံးပြီးနောက်မှာမှ အဆိုပါအမျိုးသားဟာ စိတ်ကျရောဂါ ခံစားခဲ့ရပုံရပြီး ဒီနေ့မနက် ၆ နာရီလောက်က နေအိမ်မှာ လည်ပင်းကို ဆွဲကြိုးချ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့ရပြီး အသက်အသေသေးတာမို့ ထရန်ဆေးရုံဆီ ပို့ဆောင်ထားခဲ့ရတယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိ အက်ခလက်ခ်ဆက်ခ်ချိန်နန့်က ပြောပါတယ်။

သူ့ကို အရွယ်မရောက်သေးသူ အသက် ၁၃ နှစ်အောက် ကလေးသူငယ်ကို  မုဒိမ်းကျင့်မှုနဲ့ မေလ ၂၃ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာတော့ ရဲတွေဟာ ဒီအမှုနဲ့ပတ်သက်ပြီး ကလေးငယ်ရဲ့ ဖခင်အပါအဝင် သံသယရှိသူ ၆ ဦးကို စစ်ဆေးထားကာ ဆေးရုံကထွက်လာမယ့် ဒီအန်အေ စစ်ဆေးချက်အဖြေကို စောင့်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment