ဖင်ကိုမြွေကိုက်ခံရသူ စိုးရိမ်စရာ အခြေအနေမရှိကြောင်း ဆရာဝန်များ သတင်းထုတ်ပြန်


25May2015








Credit mthai.com
..............

25May2015

ယနေ ့မနက် (၆)နာရီအချိန်က ထိုင်းနိုင် ချချိုဆောင်း ပြည်နယ်အတွင်း အိမ်သာတက်ရင်း စပါးအုံးမြွေ အကိုက်ခံရသူ အထဖွန် အသက် (၃၈)နှစ် ရဲ ့အခြေအနေနဲ ့ ပါတ်သက်ပြီး စိုးရိမ်ဖွယ် မရှိတော့ကြောင်း ချချိုဆောင်း ဆေးရုံ ဆရာဝန် တွေက ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။



အရှည်(၉)ပေကျော် စပါးအုံးမြွေတကောင်က ရေလောင်း အိမ် သာခွက် အတွင်း ၀င်ခွေနေခဲ့တာပါ။



အမျိုးသားဖြစ်သူရဲ ့ အော်သံကြောင့် ဇနီးက အိမ်သာတခါးဖွင့်ဝင်လိုက်တော့ ဖင်ကိုမြွေက အမိအရကိုက်ထားလို ့ တန်းလန်းကြီးဖြစ်နေတာတွေ ့ရလို ့အိမ်နီးချင်းတွေကို အော်ခေါ်ပြီး အကူညီတောင်းခဲ့ရပါတယ်လို ့ ဇနီးဖြစ်သူက ပြောပါတယ်။



ခုလောက်ကြီးတဲ့ မြွေဟာ ၀င်ခွေနေမယ်လို ့လုံးဝမထင်ခဲ့တဲ့ အပြင် အိမ်သာတက်တိုင်း အောက်က ခွက်ကို ကြည့်လေ ့မရှိကြောင်း၊"ကျွန်တော်မနက်ပိုင်း အိမ်သာတက်တာ ငါးမိနစ် သာရှိလိမ့်မယ် ဖင်မှာစူး ကနဲ ဖြစ်ပြီး မြွေကြီးက ဖင်မှာကပ်ပါလာ တာပါဘဲ" လို ့ မြွေကိုက်ခံရသူ အထဖွန်က ရှင်းပြခဲ့ပါတယ်။

Credit mthai.com
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment