By Shwemom -  May 6, 2016
Huawei P9 ဖုန်းများကိုတော့ အမျိုးအစား (၂)မျိုးထုတ်လုပ်ထားပါတယ်။ (၁) 32 GB Version ကိုတော့ 3GB RAM ဖြင့် (၂) 64 GB Version ကိုတော့ 4GB RAM ဖြင့် ဝယ်ယူ၇ရှိနိုင်ပါတယ်။ ထို့ကြောင့်
Source: authority.com
...........................................
Huawei P9 အကြောင်း တစေ့တစောင်း
By Shwemom -  May 6, 2016
Huawei P9 ဖုန်းရဲ ့ ထူးခြားချက်များထဲကတစ်ခုကတော့ Home Button ကို Screen အပေါ်မှာသိသိသာသာပြထား
ခြင်းမရှိဘဲနဲ့ သိုဝှက်ထားတာကိုမြင်တွေ့ရမှာပါ။ ဖုန်းရဲ ့အောက်ဖက်မှာတော့Speaker Grill, headphone jack နဲ့
USB Charging port များကိုတွေ့မြင်ရမှာဘဲဖြစ်ပါတယ်။
ဖုန်းအနောက်ဖက်မှာတော့ Dual-sensor, Flash မီးသီး, Fingerprint Reader နဲ့ ကင်မရာများကို မြင်တွေ့ရမှာ
ဘဲဖြစ်ပါတယ်။P9 ကိုတော့ အဖြူ, မီးခိုး, ငွေရောင် အပြင် နင်းဆီ, haze နဲ့ prestige စုစုပေါင်း အရောင်(၆)မျိုးဖြင့်
ဝယ်ယူရရှိနိုင်ပါတယ်။၅.၂ လက်မ display ရှိပြီး ဖုန်းမှန်ကိုတော့2.5D မှန်ကိုတပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ ့ Brightness ကိုတော့ 500nits အထိတင်ထားလို့ရပြီး အရောင်ရဲ ့ Saturation ကိုတော့ ၉၆ ရာခိုင်နှုန်းအထိမြင့်
တင်လို့ရပါတယ်။
ဖုန်းရဲ ့ resolution ကိုတော့ 1920 x 1080 yield ကိုထည့်သွင်းပေးထားပြီး တစ်လက်မကို 423 pixels decent ရှိပါတယ် ထို့ကြောင့် အင်မတန်မှာကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းပါတယ်။ ဖုန်းရဲ ့ Color Temperature
ကိုမိမိကြိုက်နစ်သက်သော displayရွေးချယ်အသုံးပြုလို့ရတာကြောင့် မိမိမျက်စိအေးစေမယ့်အရောင်မျိုးကိုရွေးချယ်
အသုံးပြုနိုင်ပါတယ်။
Huawei P9 ဖုန်းများကိုတော့ အမျိိုးအစား (၂)မျိုးထုတ်လုပ်ထားပါတယ်။ (၁) 32 GB Version ကိုတော့ 3GB RAM ဖြင့် (၂) 64 GB Version ကိုတော့ 4GB RAM ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေရသော လက်ကိုင်ဖုန်းများထဲမှာ P9ကအသုံးပြုရမြန်ဆန်ပြီး ချောမွေ့စွာအသုံးပြုလို့ရပါတယ်။App များ အဖွင့်၊ အပိတ် လုပ်ဆောင်ချက်တွေမှာ အင်မတန်မြန်ဆန်ပြီး Game များဆော့ကစားမယ်ဆိုရင်လည်း စက်မလေးစေဘဲ အင်
မတန်မြန်ဆန်စွာ အသုံးပြုလို့ရပါတယ်။ Samsung Galaxy Note 5, Huawei Mate 8, Galaxy S6 ဖုန်းများရဲ ့
လျှင်မြန်မှုနှုန်းများထက် ပိုမိုလျှင်မြန်ပေါ့ပါးစွာအသုံးပြုလို့ရပါတယ်။
ထိုအပြင် Fingerprint Readerရဲ ့လုပ်ဆောင်ချက်တွေဟာဆို်ရင်လည်း အင်မတန်ကောင်းမွန်ပါတယ်။ ဖုန်းဖွင့်ခြင်း
ပိတ်ခြင်း ဓာတ်ပုံရိုက်ခြင်း ဖုန်းအဝင်လက်ခံခြင်း များစွာသောလုပ်ဆောင်ချက်တွေကို Fingerprint Reader ဖြင့်လုပ်
ဆောင်နိုင်ရုံသာမက ဘယ်၊ညာ Swipe များကိုပါပြုလုပ်နိုင်ပါတယ်။ Battery အနေနဲ့ကတော့ 3000 mAh battery
ပါဝင်တာကြောင့် 3D games များကစားမယ်ဆိုရင် battery 100% အပြည့်ကို ၃နာရီခွဲလောက်အထိကစားလို့ရပါတယ်။ ဒါတင်မကပါဘူး အင်တာနက်ကြည့်မယ်ဆိုရင် အနည်းဆုံး ရနာရီ အထိအသုံးပြုနိုင်ပြီး youtube မှာ Video များ
ကြည့်မယ်ဆိုရင် အနည်းဆုံး ၈နာရီအထိ ကြာရှည်ခံစွာ အသုံးပြုနိုင်မှာဘဲဖြစ်ပါတယ်။ အားသာချက်ကတော့ အားသွင်း
ကြိုးကို 5v/2A charger အဖြစ်ထုတ်လုပ်ထားတာ ဖြစ်သောကြောင့် အားသွင်းရာမှာ100% အပြည့်သွင်းမယ်ဆိုရင်
၂ နာရီနဲ့၁၅ မိနစ်ခန့်သာအချိန်ပေးပြီး မြန်ဆန်စွာအားသွင်းနိုင်မှာဘဲဖြစ်ပါတယ်။
Source: authority.com
http://www.shwemom.com/huawei-p9-review/
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment