စစ္ရာဇဝတ္မႈ က်ဴးလြန္ေၾကာင္း ထင္ရွား၍ ဘဂၤလားေဒ့ရွ္ အစၥလန္မစ္ပါတီ ေခါင္းေဆာင္ နီဇမ္မီ ကြပ္မ်က္ခံရ


ေသဒဏ္ေပးခံရေသာ ဘဂၤလားေဒ့ရွ္ အစၥလမ္မစ္ေခါင္းေဆာင္ နီဇမ္မီ အားေတြ ့ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    ဒါကာ၊ ေမ ၁၁ ရက္ (ဆင္ဟြာ)

    ၁၉၇၁ ခုႏွစ္က ျဖစ္ပြားခဲ့ေသာ ဘဂၤလားေဒ့ရွ္ ႏုိင္ငံ၏ လြတ္လပ္ေရး တုိက္ပြဲကာလ အတြင္း စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း ထင္ရွား၍ အစၥလမ္မစ္ပါတီ ေခါင္းေဆာင္ ရာမန္နီဇမ္မီ ( Rahman Nizami ) အား ေမလ ၁၁ ရက္တြင္ ေသဒဏ္ေပး ကြပ္မ်က္လုိက္ေၾကာင္း သိရသည္။

အစၥလမ္မစ္ပါတီ အႀကီးအကဲသည္ သမၼတထံ ေနာက္ဆံုး အသနားခံစာ တင္သြင္းရန္ ျငင္းဆန္ခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ အာဏာပုိင္မ်ားက ကြပ္မ်က္ရန္ အမိန္ ့ေပးခဲ့ျခင္းျဖစ္သည္။
“ သမၼတထံ အသနားခံဖုိ ့သူ႔ဖက္က မေျပာလာေတာ့ ေသဒဏ္ေပးဖုိ ့အမိန္ ့ေပးလုိက္တာပါ” ဟု ဘဂၤလားေဒ့ရွ္ ျပည္ထဲေရးဝန္ႀကီး Asaduzzaman Khan က သတင္းသမားမ်ားအား ေျပာသည္။

စစ္ရာဇဝတ္မႈျဖင့္ ေသဒဏ္ မခ်မွတ္မီ နာရီဝက္ခန္ ့အလုိတြင္ နီဇမ္မီ ႏွင့္ ၄င္း၏ မိသားစုဝင္မ်ားသည္ ဒါကာၿမိဳ ့ရွိ ေသဒဏ္ေပးမည့္ အက်ဥ္းေထာင္ထဲတြင္ ေနာက္ဆံုးအႀကိမ္ ေတြ ့ဆံုခဲ့သည္။ ၄င္းအက်ဥ္းေထာင္ အတြင္း ႏွင့္ အျပင္တြင္ လံုျခံဳေရးမ်ား တင္းက်ပ္ထားေၾကာင္း သိရသည္။ အသက္ ၇၄ ႏွစ္အရြယ္ရွိ နီဇမ္မီသည္ ၂ဝဝ၁ ခုႏွစ္ မွ ၂ဝဝ၆ ခုႏွစ္ထိ ဘဂၤလားေဒ့ရွ္ အစိုးရအဖြဲ ့တြင္ စုိက္ပ်ိဳးေရး ႏွင့္ စက္မႈဝန္ႀကီးဌာန ဝန္ႀကီး အျဖစ္တာဝန္ယူခဲ့သူ တစ္ဦးျဖစ္သည္။

ေသဒဏ္ မေပးမီ ေန ့မ်ားကလည္း မလုိလားအပ္ေသာ ပဋိပကၡမ်ား မျဖစ္ပြားရေအာင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကာ ၿမိဳ ့ထဲတြင္လည္း လံုျခံဳေရး တုိးျမႇင့္ထားခဲ့သည္။

၂ဝ၁၄ ခုႏွစ္ ေအာက္တုိဘာလ တြင္ ဘဂၤလားေဒ့ရွ္ အထူးခံုရံုးတစ္ခုက နမ္ဇမ္မီ အား ေသဒဏ္ ခ်မွတ္ခဲ့ျခင္း ျဖစ္ၿပီး ၄င္းျပစ္ဒဏ္ကုိ ဘဂၤလားေဒ့ရွ္ ႏုိင္ငံ တရားရံုးခ်ဳပ္သုိ ့အယူခံ ဝင္ခဲ့ေသာ္လည္း ႏုိင္ငံ၏ အထြဋ္အထိပ္ တရားရံုးက ၂ဝ၁၆ ခုႏွစ္ ေမလ ၅ ရက္တြင္ အယူခံကုိ ပယ္ခ်ခဲ့သည္။

၁၉၇၁ ခုႏွစ္တြင္ လြတ္လပ္ေရး ကာလအတြင္း စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္သူမ်ားကုိ စစ္ေဆးရန္ ၂ဝ၁ဝ ျပည့္ႏွစ္တြင္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာ ၏ အဝါမီ အဖြဲ ့ခ်ဳပ္ ေခါင္းေဆာင္ေသာ အစုိးရ လက္ထက္တြင္ ဖြဲ ့စည္းခဲ့သည့္ စစ္ခံုရံုးႏွစ္ခုသုိ ့အဖမ္းခံခဲ့ရေသာ Jammat ပါတီ၏ ထိပ္တန္း ေခါင္းေဆာင္မ်ား အနက္ နီဇမ္မီသည္ တစ္ဦးအပါအဝင္ ျဖစ္သည္။

၄င္းသည္ ပါကစၥတန္ လိုလားေသာ ေခါင္းေဆာင္တစ္ဦး ျဖစ္ၿပီး အစုအလုိက္ အျပံဳလုိက္ သတ္ျဖတ္မႈ ၊ ညႇင္းပန္း ႏွိပ္စက္မႈ ႏွင့္ အဓမၼ ေသြးေဆာင္ ျဖားေယာင္းမႈမ်ား က်ဴးလြန္ထားေၾကာင္း ထင္ရွား၍ ကြပ္မ်က္ ခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com
..........


သေဒဏ်ပေးခံရသော ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ခေါင်းဆောင် နီဇမ်မီ အားတွေ ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒါကာ၊ မေ ၁၁ ရက် (ဆင်ဟွာ)

    ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲကာလ အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ထင်ရှား၍ အစ္စလမ်မစ်ပါတီ ခေါင်းဆောင် ရာမန်နီဇမ်မီ ( Rahman Nizami ) အား မေလ ၁၁ ရက်တွင် သေဒဏ်ပေး ကွပ်မျက်လိုက်ကြောင်း သိရသည်။

အစ္စလမ်မစ်ပါတီ အကြီးအကဲသည် သမ္မတထံ နောက်ဆုံး အသနားခံစာ တင်သွင်းရန် ငြင်းဆန်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကွပ်မျက်ရန် အမိန် ့ပေးခဲ့ခြင်းဖြစ်သည်။
“ သမ္မတထံ အသနားခံဖို ့သူ့ဖက်က မပြောလာတော့ သေဒဏ်ပေးဖို ့အမိန် ့ပေးလိုက်တာပါ” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က သတင်းသမားများအား ပြောသည်။

စစ်ရာဇဝတ်မှုဖြင့် သေဒဏ် မချမှတ်မီ နာရီဝက်ခန် ့အလိုတွင် နီဇမ်မီ နှင့် ၄င်း၏ မိသားစုဝင်များသည် ဒါကာမြို ့ရှိ သေဒဏ်ပေးမည့် အကျဉ်းထောင်ထဲတွင် နောက်ဆုံးအကြိမ် တွေ ့ဆုံခဲ့သည်။ ၄င်းအကျဉ်းထောင် အတွင်း နှင့် အပြင်တွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။ အသက် ရ၄ နှစ်အရွယ်ရှိ နီဇမ်မီသည် ၂ဝဝ၁ ခုနှစ် မှ ၂ဝဝ၆ ခုနှစ်ထိ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ ့တွင် စိုက်ပျိုးရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။

သေဒဏ် မပေးမီ နေ ့များကလည်း မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပွားရအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို ့ထဲတွင်လည်း လုံခြံုရေး တိုးမြှင့်ထားခဲ့သည်။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ တွင် ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးတစ်ခုက နမ်ဇမ်မီ အား သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၄င်းပြစ်ဒဏ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ တရားရုံးချုပ်သို ့အယူခံ ဝင်ခဲ့သော်လည်း နိုင်ငံ၏ အထွဋ်အထိပ် တရားရုံးက ၂ဝ၁၆ ခုနှစ် မေလ ၅ ရက်တွင် အယူခံကို ပယ်ချခဲ့သည်။

၁၉၇၁ ခုနှစ်တွင် လွတ်လပ်ရေး ကာလအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်သူများကို စစ်ဆေးရန် ၂ဝ၁ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ၏ အဝါမီ အဖွဲ ့ချုပ် ခေါင်းဆောင်သော အစိုးရ လက်ထက်တွင် ဖွဲ ့စည်းခဲ့သည့် စစ်ခုံရုံးနှစ်ခုသို ့အဖမ်းခံခဲ့ရသော Jammat ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များ အနက် နီဇမ်မီသည် တစ်ဦးအပါအဝင် ဖြစ်သည်။

၄င်းသည် ပါကစ္စတန် လိုလားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အစုအလိုက် အပြံုလိုက် သတ်ဖြတ်မှု ၊ ညှင်းပန်း နှိပ်စက်မှု နှင့် အဓမ္မ သွေးဆောင် ဖြားယောင်းမှုများ ကျူးလွန်ထားကြောင်း ထင်ရှား၍ ကွပ်မျက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment