အိႏိၵယႏုိင္ငံသမိုင္းတေလွ်ာက္အပူဆုံးအျဖစ္ ၅၁ ဒီဂရီအထိ စံခ်ိန္တင္ျမင့္တက္



 အပူလႈိင္းျဖတ္သန္းမႈေၾကာင့္ အိႏၵိယႏိုင္ငံတြင္ ၂၀၁၅ႏွစ္ မတ္လမွစတင္ကာ ယခုႏွစ္ထိ အပူရွိန္ ျပင္းထန္ လ်က္ရွိသည္။ ပညာရပ္ဆုိင္ရာ ၀က္ဘ္ဆိုက္ တစ္ခု၏ေမ ၂၆ရက္ေဖာ္ျပခ်က္တြင္ အိႏၵိယႏိုင္ငံ အေနာက္ ေျမာက္ပိုင္း ရာဂ်စ္စတန္ပက္လိုဒီၿမိဳ႕ေတာ္တြင္ ေမလ ၁၉ရက္က အပူခ်ိန္ ၅၁ ဒီဂရီအထိ ခုန္တက္ခဲ့ကာ သမိုင္းတြင္အျမင့္ဆံုးအပူခ်ိန္ အျဖစ္စံခ်ိန္တင္ခဲ့ေၾကာင္း ဆိုသည္။

ရာဂ်စ္စတန္၏ အပူခိ်န္လြန္ကဲမႈမွာ အဆိုးရြားဆံုးျဖစ္ၿပီး အိႏၵိယ၏ အျခားေသာေဒသမ်ား တြင္လည္း ၅၀ဒီဂရီ နီးပါးအထိျမင့္တက္ လာလ်က္ ရွိသည္။ ဧၿပီလအတြင္း အပူဆံုးရာသီဥတုကို အိႏၵိယရွိ ၃၃ျပည္နယ္မွ ခံစား ေနရၿပီး ထိုအထဲမွ ၁၉ျပည္နယ္မွာ ဆိုးရြားေသာ မိုးေခါင္ေရရွား ၿခိမ္းေျခာက္မႈကိုပါ ရင္ဆိုင္ေနၾကရပါသည္။ ေမလ ဒုတိယပတ္အတြင္း အဆိုပါျပည္နယ္အတြင္း ရြာေပါင္း ၁၃၅၀၀၀ ေက်ာ္အပူဒဏ္ကို ဆိုးရြားစြာ ခံစားရလွ်က္ရွိသည္။

ယခင္ပတ္က အိႏၵိယမိုးေလ၀သဌာနမွ အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္၊ ေျမာက္ပိုင္းႏွင့္ အလယ္ပိုင္းတို႔တြင္ အပူခ်ိန္ ၄၇ ဒီဂရီထိတက္လိမ့္မည္ဟု သတိေပးခ်က္ ထုတ္ျပန္ခဲ့သည္။ သာမန္အားျဖင့္ ဧၿပီလ၊ ေမလႏွင့္ ဇြန္လမ်ားတြင္ အိႏၵိယႏို္င္ငံတြင္ စိုစြတ္ေသာရာသီဥတုျဖစ္ေသာ္လည္း ပူျပင္းေသာ အပူခ်ိန္က ယင္းေဒသမ်ားကို ေျခာက္ေသြ႔ျခင္း ႏွင့္ မိုးေခါင္ျခင္း ကိုျဖစ္ေပၚေစခဲ့သည္။ သို႔ေသာ္လည္း ယခုႏွစ္အတြင္း ပူျပင္းေသာ ရာသီဥတုေၾကာင့္ မိုးေခါင္ျခင္းကိုရင္ဆိုင္ရဖြယ္ရွိေနပါသည္။
ဧၿပီလအတြင္း အိႏၵိယ၀န္ႀကီးခ်ဳပ္မိုဒီက “အစိုးရအေနျဖင့္ အျမဲတမ္း မိုးေခါင္ျပႆနာအစီအမံမ်ား ကို လယ္ယာႏွင့္ဆည္ေျမာင္းဌာနႏွင့္ ပူးေပါင္း ကာေဆာင္ရြက္ေပးမည္ “ဟု ကတိျပဳခဲ့သည္။ ထို႔အျပင္ ျပည္သူ မ်ားကို ေရအရင္းအျမစ္ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ပါ တုိက္တြန္း ထားခဲ့သည္။

မိုဒီက ေရဆိုသည္မွာ မိုးနတ္မင္းမွ လူသားတို႔အတြက္ေပးေသာ လက္ေဆာင္ျ ဖစ္ေၾကာင္း၊ ဒါေၾကာင့္ျပည္သူမ်ား အေနျဖင့္ ပတ္၀န္းက်င္ကိုဂရုမစိုက္၍ မျဖစ္ေၾကာင္း၊ ျပည္သူမ်ားကို ေနာင္လာမည့္လမ်ား အတြင္း ေရကို ေခၽြတာ သံုးစြဲဖို႔တိုက္တြန္းလိုေၾကာင္း၊ ေရျပတ္လပ္ျခင္း ဆုိသည္မွာ လယ္သမားမ်ား သာလွ်င္ ႀကံဳေတြ႔ရေသာ ျပႆနာမဟုတ္ေၾကာင္း သတိေပးခဲ့သည္။

ZM(China.com)
china.com Myanmar
https://www.facebook.com/china.com.mm
...............



 အပူလှိုင်းဖြတ်သန်းမှုကြောင့် အိန္ဒိယနိုင်ငံတွင် ၂၀၁၅နှစ် မတ်လမှစတင်ကာ ယခုနှစ်ထိ အပူရှိန် ပြင်းထန် လျက်ရှိသည်။ ပညာရပ်ဆိုင်ရာ ၀က်ဘ်ဆိုက် တစ်ခု၏မေ ၂၆ရက်ဖော်ပြချက်တွင် အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း ရာဂျစ်စတန်ပက်လိုဒီမြို့တော်တွင် မေလ ၁၉ရက်က အပူချိန် ၅၁ ဒီဂရီအထိ ခုန်တက်ခဲ့ကာ သမိုင်းတွင်အမြင့်ဆုံးအပူချိန် အဖြစ်စံချိန်တင်ခဲ့ကြောင်း ဆိုသည်။

ရာဂျစ်စတန်၏ အပူချိန်လွန်ကဲမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး အိန္ဒိယ၏ အခြားသောဒေသများ တွင်လည်း ၅၀ဒီဂရီ နီးပါးအထိမြင့်တက် လာလျက် ရှိသည်။ ဧပြီလအတွင်း အပူဆုံးရာသီဥတုကို အိန္ဒိယရှိ ၃၃ပြည်နယ်မှ ခံစား နေရပြီး ထိုအထဲမှ ၁၉ပြည်နယ်မှာ ဆိုးရွားသော မိုးခေါင်ရေရှား ခြိမ်းခြောက်မှုကိုပါ ရင်ဆိုင်နေကြရပါသည်။ မေလ ဒုတိယပတ်အတွင်း အဆိုပါပြည်နယ်အတွင်း ရွာပေါင်း ၁၃၅၀၀၀ ကျော်အပူဒဏ်ကို ဆိုးရွားစွာ ခံစားရလျှက်ရှိသည်။

ယခင်ပတ်က အိန္ဒိယမိုးလေဝသဌာနမှ အိန္ဒိယနိုင်ငံ မြို့တော်၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပူချိန် ၄၇ ဒီဂရီထိတက်လိမ့်မည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သာမန်အားဖြင့် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် အိန္ဒိယနို်င်ငံတွင် စိုစွတ်သောရာသီဥတုဖြစ်သော်လည်း ပူပြင်းသော အပူချိန်က ယင်းဒေသများကို ခြောက်သွေ့ခြင်း နှင့် မိုးခေါင်ခြင်း ကိုဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ယခုနှစ်အတွင်း ပူပြင်းသော ရာသီဥတုကြောင့် မိုးခေါင်ခြင်းကိုရင်ဆိုင်ရဖွယ်ရှိနေပါသည်။
ဧပြီလအတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက “အစိုးရအနေဖြင့် အမြဲတမ်း မိုးခေါင်ပြဿနာအစီအမံများ ကို လယ်ယာနှင့်ဆည်မြောင်းဌာနနှင့် ပူးပေါင်း ကာဆောင်ရွက်ပေးမည် “ဟု ကတိပြုခဲ့သည်။ ထို့အပြင် ပြည်သူ များကို ရေအရင်းအမြစ်ကာကွယ်စောင့်ရှောက်ဖို့အတွက်ပါ တိုက်တွန်း ထားခဲ့သည်။

မိုဒီက ရေဆိုသည်မှာ မိုးနတ်မင်းမှ လူသားတို့အတွက်ပေးသော လက်ဆောင်ြ ဖစ်ကြောင်း၊ ဒါကြောင့်ပြည်သူများ အနေဖြင့် ပတ်ဝန်းကျင်ကိုဂရုမစိုက်၍ မဖြစ်ကြောင်း၊ ပြည်သူများကို နောင်လာမည့်လများ အတွင်း ရေကို ချွေတာ သုံးစွဲဖို့တိုက်တွန်းလိုကြောင်း၊ ရေပြတ်လပ်ခြင်း ဆိုသည်မှာ လယ်သမားများ သာလျှင် ကြုံတွေ့ရသော ပြဿနာမဟုတ်ကြောင်း သတိပေးခဲ့သည်။

ZM(China.com)
china.com Myanmar
https://www.facebook.com/china.com.mm
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment