ေၾကာင္ေပါင္း ၁၁၀၀ ေရွ႕မွာ လက္ထပ္ပြဲက်င္းပခဲ့တဲ့ ကေနဒါစံုတြဲ



ကေနဒါ စံုတြဲတစ္တြဲဟာ ကယ္လီဖိုးနီးယားကို အလည္သြားခဲ့ၿပီး အခ်င္းခ်င္း ခ်စ္ေမတၱာရွိေၾကာင္းနဲ႔ တိရိစာၦန္ေတြကိုလည္း ခ်စ္ခင္ႏွစ္သက္ေၾကာင္း ျပသႏိုင္ဖို႔အတြက္ ေၾကာင္ေပါင္း တစ္ေထာင္ေက်ာ္ေရွ႕မွာ လက္ထပ္ခဲ့ၾကပါသတဲ့။

ေျမာက္အေမရိကရဲ႕ အႀကီးဆံုး ေၾကာင္ေဂဟာ “ Cat House “ မွာ ဒီမဂၤလာပြဲကို ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Dominic Husson နဲ႔ Louise Veronneau တို႔ဟာ Quebec မွာ ေတြ႔ခဲ့ၾကတာျဖစ္ၿပီး ၃ ႏွစ္အၾကာမွာ လက္ထပ္ဖို႔ ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ရဲ႕ ေပါင္းစည္းမႈမွာ တိရိစာၦန္ေလးေတြအေပၚထားရွိတဲ့ ေမတၱာတရားကိုလည္း အတူေဖာ္ျပဖို႔ စဥ္းစားခဲ့ၾကတာျဖစ္ပါတယ္။

 “ ကြ်န္မတို႔မွာ တူညီတဲ့ တန္ဖိုးထားမႈေတြ ရွိတာကို သိခဲ့ရပါတယ္။ တန္ဖိုးထားမႈေတြ တူညီဖို႔က ကြ်န္မတို႔ ဆက္ဆံေရးရဲ႕ အေျခခံျဖစ္သလို႔ ကြ်န္မတို႔ရဲ႕ သက္ရွိ တိရိစာၦန္ေလးေတြအေပၚ ခ်စ္ျမတ္ႏိုးမႈဟာလည္း အတူတူပဲျဖစ္ပါတယ္” လို႔ Veronneau က KFSN သတင္းဌာနကို ေျပာျပထားပါတယ္။

 “ ကြ်န္ေတာ္တို႔ ႏွစ္ေယာက္လံုး တိရိစာၦန္ေလးေတြကို ခ်စ္ခင္ႏွစ္သက္ၾကလို႔ အဆင္ေျပပါတယ္။ သူက တကယ့္လူေတာ္တစ္ေယာက္ပါ။ ဒါေၾကာင့္ ကြ်န္ေတာ္သူ႔ကို လက္ထပ္ခဲ့တာပါ” လို႔ Husson က ဆိုပါတယ္။

Cat House တည္ေထာင္သူ Lynea Lattanzio က မဂၤလာပြဲကို လက္ခံက်င္းပေပးခဲ့တာျဖစ္ၿပီး ခုလို ပြဲမွာ ပါ၀င္ခြင့္ရတဲ့အတြက္လည္း စိတ္လႈပ္ရွားခဲ့ရပါတယ္လို႔ ၀န္ခံေျပာၾကားထားပါေသးတယ္။


( Michelle )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

...................................

ကြောင်ပေါင်း ၁၁၀၀ ရှေ့မှာ လက်ထပ်ပွဲကျင်းပခဲ့တဲ့ ကနေဒါစုံတွဲ


ကနေဒါ စုံတွဲတစ်တွဲဟာ ကယ်လီဖိုးနီးယားကို အလည်သွားခဲ့ပြီး အချင်းချင်း ချစ်မေတ္တာရှိကြောင်းနဲ့ တိရိစ္ဆာန်တွေကိုလည်း ချစ်ခင်နှစ်သက်ကြောင်း ပြသနိုင်ဖို့အတွက် ကြောင်ပေါင်း တစ်ထောင်ကျော်ရှေ့မှာ လက်ထပ်ခဲ့ကြပါသတဲ့။

မြောက်အမေရိကရဲ့ အကြီးဆုံး ကြောင်ဂေဟာ “ Cat House “ မှာ ဒီမင်္ဂလာပွဲကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Dominic Husson နဲ့ Louise Veronneau တို့ဟာ Quebec မှာ တွေ့ခဲ့ကြတာဖြစ်ပြီး ၃ နှစ်အကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ပေါင်းစည်းမှုမှာ တိရိစ္ဆာန်လေးတွေအပေါ်ထားရှိတဲ့ မေတ္တာတရားကိုလည်း အတူဖော်ပြဖို့ စဉ်းစားခဲ့ကြတာဖြစ်ပါတယ်။

 “ ကျွန်မတို့မှာ တူညီတဲ့ တန်ဖိုးထားမှုတွေ ရှိတာကို သိခဲ့ရပါတယ်။ တန်ဖိုးထားမှုတွေ တူညီဖို့က ကျွန်မတို့ ဆက်ဆံရေးရဲ့ အခြေခံဖြစ်သလို့ ကျွန်မတို့ရဲ့ သက်ရှိ တိရိစ္ဆာန်လေးတွေအပေါ် ချစ်မြတ်နိုးမှုဟာလည်း အတူတူပဲဖြစ်ပါတယ်” လို့ Veronneau က KFSN သတင်းဌာနကို ပြောပြထားပါတယ်။

 “ ကျွန်တော်တို့ နှစ်ယောက်လုံး တိရိစ္ဆာန်လေးတွေကို ချစ်ခင်နှစ်သက်ကြလို့ အဆင်ပြေပါတယ်။ သူက တကယ့်လူတော်တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်သူ့ကို လက်ထပ်ခဲ့တာပါ” လို့ Husson က ဆိုပါတယ်။

Cat House တည်ထောင်သူ Lynea Lattanzio က မင်္ဂလာပွဲကို လက်ခံကျင်းပပေးခဲ့တာဖြစ်ပြီး ခုလို ပွဲမှာ ပါ၀င်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားခဲ့ရပါတယ်လို့ ၀န်ခံပြောကြားထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment