အီရတ္ေျမာက္ပုိင္း၌ ISIS အဖဲြ႕က အဖဲြ႕၀င္ ၃၅ ဦးကို အရွင္လတ္လတ္ ေျမျမႇဳပ္သတ္


ဘဂၢဒက္ ၊ ၁၁-၅-၂၀၁၆

ISIS စစ္ေသြးၾကြ မ်ားသည္ အီရတ္ႏိုင္ငံ ေျမာက္ပိုင္းရွိ တိုက္ခိုက္မႈမ်ား ျဖစ္ပြားေနေသာ နိနေဝျပည္နယ္ ၌ ၄င္းတို႔ အဖြဲ႕ဝင္ ၃၅ ဦးကို စစ္ပြဲအတြင္း ထြက္ေျပးမႈျဖင့္ အရွင္လတ္လတ္ ေျမျမႇဳပ္ သတ္ျဖတ္ ခဲ့ေၾကာင္း ေမ ၁ဝ ရက္ ထုတ္ျပန္ခ်က္ အရ သိရသည္။

အၾကမ္းဖက္ သမားမ်ားသည္ ၄င္းတို႔ အဖြဲ႕ဝင္ ၃၅ ဦးအား ေရနံ ေပါၾကြယ္ဝေသာ ကာရာကာ့ခ္ၿမိဳ႕ ေတာင္ဘက္ ၁၂ မိုင္ (၂ဝ ကီလိုမီတာ) အကြာရွိ ဘာရွာေက်းရြာ ၌ အီရတ္ အစိုးရကို ေထာက္ခံေသာ လူထု စည္း႐ံုးေရး အဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ တုိက္ခိုက္မႈ အတြင္း ထြက္ေျပး ခဲ့ေသာေၾကာင့္ သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းဌာန တစ္ခုက ထုတ္ျပန္ ထားသည္။

လူထု စည္း႐ံုးေရး အဖြဲ႕မွ တပ္ဖြဲ႕ဝင္ မ်ားသည္ ေမ ၁ ရက္တြင္ ISIS စစ္ေသြးၾကြ ထံမွ ဘာရွာေက်းရြာ ကို ျပန္လည္သိမ္းပိုက္ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အၾကမ္းဖက္ သမားမ်ားကို ၄င္းတို႔ ထိန္းခ်ဳပ္ထားေသာ မိုဆူးလ္ၿမိဳ႕ ေတာင္ဘက္ ၃၅ မိုင္ (၆ဝ ကီလုိမီတာ) အကြာတြင္ တည္ရွိေသာ ေကြရာရတ္ၿမိဳ႕ ၌ ေဖေဖာ္ဝါရီ ၂၈ ရက္က ေျမျမႇဳပ္ သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း အာရပ္ဘာသာ ျဖင့္ ထုတ္ေဝေသာ အယ္လ္ဆူ မာရီးယား ႐ုပ္သံဌာန က ေမ ၁ဝ ရက္တြင္ ထုတ္ျပန္ ထားသည္။

PyiChitThar
http://www.pyichitthar.com

...........................................


ဘဂ္ဂဒက် ၊ ၁၁-၅-၂၀၁၆

ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ တိုက်ခိုက်မှုများ ဖြစ်ပွားနေသော နိနဝေပြည်နယ် ၌ ၄င်းတို့ အဖွဲ့ဝင် ၃၅ ဦးကို စစ်ပွဲအတွင်း ထွက်ပြေးမှုဖြင့် အရှင်လတ်လတ် မြေမြှုပ် သတ်ဖြတ် ခဲ့ကြောင်း မေ ၁ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အကြမ်းဖက် သမားများသည် ၄င်းတို့ အဖွဲ့ဝင် ၃၅ ဦးအား ရေနံ ပေါကြွယ်ဝသော ကာရာကာ့ခ်မြို့ တောင်ဘက် ၁၂ မိုင် (၂ဝ ကီလိုမီတာ) အကွာရှိ ဘာရှာကျေးရွာ ၌ အီရတ် အစိုးရကို ထောက်ခံသော လူထု စည်းရုံးရေး အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှု အတွင်း ထွက်ပြေး ခဲ့သောကြောင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။

လူထု စည်းရုံးရေး အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မေ ၁ ရက်တွင် ISIS စစ်သွေးကြွ ထံမှ ဘာရှာကျေးရွာ ကို ပြန်လည်သိမ်းပိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် သမားများကို ၄င်းတို့ ထိန်းချုပ်ထားသော မိုဆူးလ်မြို့ တောင်ဘက် ၃၅ မိုင် (၆ဝ ကီလိုမီတာ) အကွာတွင် တည်ရှိသော ကွေရာရတ်မြို့ ၌ ဖေဖော်ဝါရီ ၂၈ ရက်က မြေမြှုပ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အာရပ်ဘာသာ ဖြင့် ထုတ်ဝေသော အယ်လ်ဆူ မာရီးယား ရုပ်သံဌာန က မေ ၁ဝ ရက်တွင် ထုတ်ပြန် ထားသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment