ဖခင္မ်ားႏွင့္ အတူေနရသည့္ ကေလးငယ္က ဥာဏ္ရည္ပိုျမင့္မားေလ့ရွိ

ငယ္စဥ္ဘဝမွာ ဖခင္ျဖစ္သူနဲ႔ပိုၿပီးနီးကပ္စြာ အခ်ိန္ေပးဂရုစိုက္ျခင္း ခံရတဲ့ကေလးငယ္ေတြဟာ ဥာဏ္ရည္ပုိျမင့္မားေလ့ရွိၿပီး ေအာင္ျမင္မယ့္အနာဂတ္ကိုပိုင္ဆုိင္ဖို႔ အခြင့္အေရးပိုမ်ားေၾကာင့္ ေလ့လာမႈ တစ္ခုကေဖာ္ထုတ္လုိက္ပါတယ္။ ဒါေၾကာင့္ ဖခင္ေတြအေနနဲ႔ သားသမီးကိုပိုၿပီးအခ်ိန္ေပးသင့္တယ္လို႔ ေလ့လာခ်က္က အႀကံျပဳထားပါတယ္။


နယူးကာဆယ္တကၠသိုလ္က ေလ့လာသူေတြ ဒီအခ်က္ကိုေဖာ္ထုတ္ႏုိင္ခဲ့တာျဖစ္ၿပီး ကေလးငယ္ေတြရဲ႕ လႈပ္ရွားမႈေတြမွာ ဖခင္ေတြအခ်ိန္ပိုၿပီးေပးဖို႔လိုေနတယ္လို႔ ဆိုပါတယ္။ ၁၉၅၈ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ၿဗိတိန္ႏုိင္ငံသား ၁၁၀၀၀ ေက်ာ္ကိုေလ့လာၿပီး ျပဳစုထားတဲ့စစ္တမ္းျဖစ္ပါတယ္။ ငယ္စဥ္ဘဝတုန္းက အေဖ၊ အေမတို႔နဲ႔ မ်ားသာအားျဖင့္ ဘယ္လိုအခ်ိန္ကုန္ဆံုးခဲ့သလဲဆိုတာေတြကို ေယ်ဘုယ်ေမးျမန္းစစ္တမ္းေကာက္ယူခဲ့တာျဖစ္ၿပီး ဖခင္နဲ႔ပိုၿပီးနီးကပ္စြာေနခဲ့တဲ့ သူေတြက လက္ရွိဘဝမွာ ေအာင္ျမင္ေနသူမ်ားတာကိုေတြ႔ရပါတယ္။


ငယ္စဥ္ဘဝမွာ ဖခင္ရဲ႕ဂရုစုိက္အခ်ိန္ေပးမႈကို ခံခဲ့ရတဲ့ကေလးငယ္ေတြက လက္ရွိအရြယ္ေရာက္လာခ်ိန္မွာ စြမ္းေဆာင္ရည္နဲ႔ ကြၽမ္းက်င္မႈေတြသူမ်ားတိုးတက္ေနတာေတြ႔ရပါတယ္။
Planet
..............
ဖခင်များနှင့် အတူနေရသည့် ကလေးငယ်က ဉာဏ်ရည်ပိုမြင့်မားလေ့ရှိ

ငယ်စဉ်ဘဝမှာ ဖခင်ဖြစ်သူနဲ့ပိုပြီးနီးကပ်စွာ အချိန်ပေးဂရုစိုက်ခြင်း ခံရတဲ့ကလေးငယ်တွေဟာ ဉာဏ်ရည်ပိုမြင့်မားလေ့ရှိပြီး အောင်မြင်မယ့်အနာဂတ်ကိုပိုင်ဆိုင်ဖို့ အခွင့်အရေးပိုများကြောင့် လေ့လာမှု တစ်ခုကဖော်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဖခင်တွေအနေနဲ့ သားသမီးကိုပိုပြီးအချိန်ပေးသင့်တယ်လို့ လေ့လာချက်က အကြံပြုထားပါတယ်။


နယူးကာဆယ်တက္ကသိုလ်က လေ့လာသူတွေ ဒီအချက်ကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေမှာ ဖခင်တွေအချိန်ပိုပြီးပေးဖို့လိုနေတယ်လို့ ဆိုပါတယ်။ ၁၉၅၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၁၁၀၀၀ ကျော်ကိုလေ့လာပြီး ပြုစုထားတဲ့စစ်တမ်းဖြစ်ပါတယ်။ ငယ်စဉ်ဘဝတုန်းက အဖေ၊ အမေတို့နဲ့ များသာအားဖြင့် ဘယ်လိုအချိန်ကုန်ဆုံးခဲ့သလဲဆိုတာတွေကို ယျေဘုယျမေးမြန်းစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဖခင်နဲ့ပိုပြီးနီးကပ်စွာနေခဲ့တဲ့ သူတွေက လက်ရှိဘဝမှာ အောင်မြင်နေသူများတာကိုတွေ့ရပါတယ်။


ငယ်စဉ်ဘဝမှာ ဖခင်ရဲ့ဂရုစိုက်အချိန်ပေးမှုကို ခံခဲ့ရတဲ့ကလေးငယ်တွေက လက်ရှိအရွယ်ရောက်လာချိန်မှာ စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုတွေသူများတိုးတက်နေတာတွေ့ရပါတယ်။
Planet
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment