ရီပတ္ဘလီကန္ပါတီရဲ႕ သမၼတကုိယ္စားေလာင္း ျဖစ္လာမယ့္ Donald Trump


ဒီမုိကရက္ပါတီဖက္က သမၼတေလာင္းအျဖစ္ တက္လာႏုိင္ေျခရွိတဲ့ ႏုိင္ငံျခားေရး ၀န္ႀကီးေဟာင္း Hillary Clinton နဲ႔ ႏုိ၀င္ဘာလမွာ က်င္းပမယ့္ သမၼတေရြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ၾကတဲ့အခါ ရီပတ္ဘလီကန္ပါတီအတြင္းက အေရးပါတဲ့ ေခါင္းေဆာင္ေတြရဲ႕ ေထာက္ခံမႈ မရတဲ့အေပၚ သူ႔အေနနဲ႔ စုိးရိမ္ ပူပန္ျခင္း မရွိေၾကာင္း ရီပတ္ဘလီကန္ပါတီရဲ႕ သမၼတကုိယ္စားေလာင္း ျဖစ္လာမယ့္ Donald Trump က တနဂၤေႏြေန႔က ေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ပါတီရဲ႕ သမၼတကုိယ္စားလွယ္ေလာင္း ျဖစ္လာေရး ေသခ်ာသေလာက္ ရွိေနေပမယ့္ တမူထူးျခားတဲ့နည္းနဲ႔ ကုိယ္စားလွယ္ေလာင္းျဖစ္လာတဲ့ အိမ္ၿခံေျမလုပ္ငန္းရွင္ ဘီလီယံနာ သူေဌးႀကီး Trump ကုိ ေထာက္ခံဖုိ႔ အစီအစဥ္မရွိဘူးလုိ႔ အေမရိကန္သမၼတေဟာင္း George H. W. Bush နဲ႔ သားျဖစ္သူ သမၼတေဟာင္း George W. Bush အပါအ၀င္ တျခား ပါတီအႀကီးအကဲ အေတာ္မ်ားမ်ားက ေျပာပါတယ္။

ပါတီတြင္း လက္ရွိ အႀကီးဆုံးပုဂၢဳိလ္ျဖစ္တဲ့ လႊတ္ေတာ္ဥကၠ႒ Paul Ryan ကလည္း သူ႔အေနနဲ႔ Trump ကုိ မေထာက္ခံခင္ Trump အေနနဲ႔ ပါတီရဲ႕ အစဥ္အလာျဖစ္တဲ့ ေရွးရုိးစြဲ အယူအဆေတြကုိ လုိက္နာႏုိင္ျခင္း ရွိမရွိဆုိတာ ေသခ်ာေအာင္ အရင္ေစာင့္ၾကည့္ရဦးမယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဒီမုိကရက္ပါတီဘက္မွာေတာ့ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton ဟာ စေနေန႔က Guam ကၽြန္းမွာ က်င္းပတဲ့ ပါတီတြင္း ေရြးခ်ယ္မႈမွာ အႏုိင္ရလုိက္တဲ့အတြက္ ပါတီရဲ႕ သမၼတကုိယ္စားလွယ္ေလာင္းျဖစ္ဖုိ႔ ပုိမုိ နီးစပ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ပစိဖိတ္ပင္လယ္အတြင္းမွာရွိတဲ့ Guam ကၽြန္းမွာ ျပဳလုပ္တဲ့ ပါတီတြင္း ေရြးခ်ယ္မႈမွာ Hillary Clinton က မဲအေရအတြက္ ၆၀% နဲ႔ ကုိယ္စားလွယ္ ၇ ဦး ရရွိလုိက္တာပါ။ သူမရဲ႕ၿပိဳင္ဖက္ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ကေတာ့ ကုိယ္စားလွယ္ ၃ ဦးသာ ရရွိလုိက္ပါတယ္။

VOA Burmese
http://burmese.voanews.com

..................................................


ဒီမိုကရက်ပါတီဖက်က သမ္မတလောင်းအဖြစ် တက်လာနိုင်ခြေရှိတဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton နဲ့ နို၀င်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြတဲ့အခါ ရီပတ်ဘလီကန်ပါတီအတွင်းက အရေးပါတဲ့ ခေါင်းဆောင်တွေရဲ့ ထောက်ခံမှု မရတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတကိုယ်စားလောင်း ဖြစ်လာမယ့် Donald Trump က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာရေး သေချာသလောက် ရှိနေပေမယ့် တမူထူးခြားတဲ့နည်းနဲ့ ကိုယ်စားလှယ်လောင်းဖြစ်လာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး Trump ကို ထောက်ခံဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်သမ္မတဟောင်း George H. W. Bush နဲ့ သားဖြစ်သူ သမ္မတဟောင်း George W. Bush အပါအဝင် တခြား ပါတီအကြီးအကဲ အတော်များများက ပြောပါတယ်။

ပါတီတွင်း လက်ရှိ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကလည်း သူ့အနေနဲ့ Trump ကို မထောက်ခံခင် Trump အနေနဲ့ ပါတီရဲ့ အစဉ်အလာဖြစ်တဲ့ ရှေးရိုးစွဲ အယူအဆတွေကို လိုက်နာနိုင်ခြင်း ရှိမရှိဆိုတာ သေချာအောင် အရင်စောင့်ကြည့်ရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်ပါတီဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ စနေနေ့က Guam ကျွန်းမှာ ကျင်းပတဲ့ ပါတီတွင်း ရွေးချယ်မှုမှာ အနိုင်ရလိုက်တဲ့အတွက် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ ပိုမို နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပစိဖိတ်ပင်လယ်အတွင်းမှာရှိတဲ့ Guam ကျွန်းမှာ ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Hillary Clinton က မဲအရေအတွက် ၆၀% နဲ့ ကိုယ်စားလှယ် ရ ဦး ရရှိလိုက်တာပါ။ သူမရဲ့ပြိုင်ဖက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ ကိုယ်စားလှယ် ၃ ဦးသာ ရရှိလိုက်ပါတယ်။

VOA Burmese
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment