အာဖဂန္ စစ္ဆင္ေရးတြင္ တာလီဘန္ ၁၂ ဦးအား သုတ္သင္ႏုိင္ခဲ့

အာဖဂန္တပ္ဖြဲ ့ဝင္မ်ားက စစ္ေသြးၾကြဟု သံသယရွိသူ တစ္ဦးအား ဖမ္းဆီး စစ္ေဆးေနစဥ္ (ဆင္ဟြာ)
    ကဘူး ၊ ေမ ၁၁ ရက္ (ဆင္ဟြာ)

    အာဖဂန္ နစၥတန္ႏုိင္ငံ၌ ေမလ ၁ဝ ရက္က ျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရးမ်ားတြင္ စစ္ေသြးၾကြ တစ္ဒါဇင္ကုိ သုတ္သင္ သတ္ျဖတ္ႏုိင္ခဲ့ေၾကာင္း အာဖဂန္ ကာကြယ္ေရး ဝန္ႀကီးဌာနက ေမလ ၁၁ ရက္တြင္ သတင္း ထုတ္ျပန္သည္။

“ အာဖဂန္စစ္တပ္ ဟာ ရဲတပ္ဖြဲ ့နဲ ့ေထာက္လွမ္းေရး တပ္ဖြဲ ့ေတြနဲ ့ပူးေပါင္းၿပီး ႏုိင္ငံတြင္းက ျပည္နယ္အခ်ိဳ ့မွာ စစ္ဆင္ေရးေတြ လုပ္ခဲ့တယ္။ အဲဒီမွာ စစ္ေသြးၾကြ ၁၂ ေယာက္ေသတယ္ ၊ ၅ ေယာက္ ဒဏ္ရာရတယ္။ လက္နက္ ကုိင္ေဆာင္မႈနဲ႔ သံသယရွိတဲ့ ၇ ေယာက္ကုိ ဖမ္းဆီးႏုိင္ခဲ့တယ္” ဟု ကာကြယ္ေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထုိ႔ျပင္ လံုျခံဳေရးတပ္ဖြဲ ့ဝင္မ်ား၏ ျပည္နယ္ ၃၄ ခုတြင္ ျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရး ၁၂ ႀကိမ္အတြင္း စစ္ေသြးၾကြမ်ားထံမွ လက္နက္မ်ား ၊ နင္းမုိင္း ၄ လံုး ကုိရွာေဖြေတြ ့ရွိခဲ့ေၾကာင္း ႏွင့္ ဆုိင္ကယ္တစ္စီး ကုိလည္း ႏုိင္ငံေတာ္ ဘ႑ာအျဖစ္ သိမ္းယူႏုိင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ျဖည့္စြက္ ေဖာ္ျပထားသည္။
ေမလ ၉ ရက္တြင္ ျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရးတြင္ အာဖဂန္ တပ္ဖြဲ႔ဝင္တစ္ဦး ေသဆံုးသြားခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ တာလီဘန္ စစ္ေသြးၾကြမ်ား ႀကီးစုိးထားသည့္ ျပည္နယ္မ်ားတြင္ ေတာ္လွန္ေရး ႏွစ္ပတ္လည္ တုိက္ခုိက္မႈ အစျပဳခဲ့သည့္ ဧၿပီလ အေစာပုိင္းမွ စတင္ကာ လံုျခံဳေရး တပ္ဖြဲ႔ဝင္မ်ားသည္ စစ္ဆင္ေရးမ်ား တုိးျမႇင့္ လုပ္ေဆာင္ခဲ့သည္။ တာလီဘန္တုိ ့ဖက္ကလည္း ဗံုးခြဲ တုိက္ခုိက္ျခင္းႏွင့္ လက္နက္မ်ားျဖင့္ ျပန္လည္ ပစ္ခတ္ျခင္းမ်ားျဖင့္ တံု႔ျပန္ခဲ့သည္။

အာဖဂန္ နစၥတန္ႏုိင္ငံအေရွ ့ပုိင္းရွိ Nangarhar ျပည္နယ္တြင္ ေမလ ၁ဝ ရက္က တာလီဘန္ စစ္ေသြးၾကြ တစ္ဦး၏ အေသခံ ဗံုးခြဲတုိက္ခုိက္မႈေၾကာင့္ ကေလးငယ္ ၂ ဦး အပါအဝင္ လူ ၁၁ ဦး ေသဆံုးၿပီး ၂၃ ဦး ထိခုိက္ဒဏ္ရာ ရခဲ့ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com

.........................................


အာဖဂန်တပ်ဖွဲ ့ဝင်များက စစ်သွေးကြွဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီး စစ်ဆေးနေစဉ် (ဆင်ဟွာ)
    ကဘူး ၊ မေ ၁၁ ရက် (ဆင်ဟွာ)

    အာဖဂန် နစ္စတန်နိုင်ငံ၌ မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် စစ်သွေးကြွ တစ်ဒါဇင်ကို သုတ်သင် သတ်ဖြတ်နိုင်ခဲ့ကြောင်း အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက မေလ ၁၁ ရက်တွင် သတင်း ထုတ်ပြန်သည်။

“ အာဖဂန်စစ်တပ် ဟာ ရဲတပ်ဖွဲ ့နဲ ့ထောက်လှမ်းရေး တပ်ဖွဲ ့တွေနဲ ့ပူးပေါင်းပြီး နိုင်ငံတွင်းက ပြည်နယ်အချို ့မှာ စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်။ အဲဒီမှာ စစ်သွေးကြွ ၁၂ ယောက်သေတယ် ၊ ၅ ယောက် ဒဏ်ရာရတယ်။ လက်နက် ကိုင်ဆောင်မှုနဲ့ သံသယရှိတဲ့ ရ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ ့ဝင်များ၏ ပြည်နယ် ၃၄ ခုတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး ၁၂ ကြိမ်အတွင်း စစ်သွေးကြွများထံမှ လက်နက်များ ၊ နင်းမိုင်း ၄ လုံး ကိုရှာဖွေတွေ ့ရှိခဲ့ကြောင်း နှင့် ဆိုင်ကယ်တစ်စီး ကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။
မေလ ၉ ရက်တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် အာဖဂန် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာလီဘန် စစ်သွေးကြွများ ကြီးစိုးထားသည့် ပြည်နယ်များတွင် တော်လှန်ရေး နှစ်ပတ်လည် တိုက်ခိုက်မှု အစပြုခဲ့သည့် ဧပြီလ အစောပိုင်းမှ စတင်ကာ လုံခြံုရေး တပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ တာလီဘန်တို ့ဖက်ကလည်း ဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် လက်နက်များဖြင့် ပြန်လည် ပစ်ခတ်ခြင်းများဖြင့် တုံ့ပြန်ခဲ့သည်။

အာဖဂန် နစ္စတန်နိုင်ငံအရှေ ့ပိုင်းရှိ Nangarhar ပြည်နယ်တွင် မေလ ၁ဝ ရက်က တာလီဘန် စစ်သွေးကြွ တစ်ဦး၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment