ထိတ္လန္႔ဖြယ္ရာ ကင္ဆာက်ိတ္ၾကီး ပခံုးေပၚထမ္းထားရေပမယ့္ ေက်ာင္းတက္မပ်က္တဲ့ ထိုင္းေက်ာင္းဆရာ ၀ပ္ခ်ရာနာဒီး

ေၾကာက္မက္ဖြယ္ရာ အရြယ္ပမာဏၾကီးမားတဲ့ ကင္ဆာက်ိတ္ၾကီးကို ပခံုးေပၚထမ္းထားရေပမယ့္ ေက်ာင္းတက္မပ်က္တဲ့ ထိုင္းႏိုင္ငံက ေက်ာင္းဆရာရဲ႕ ျဖစ္ရပ္ အင္တာနက္ေပၚေရာက္ရွိလာျပီးေနာက္ လူအမ်ား၏သနားၾကင္နာမႈ၊ ေထာက္ပံ့ကူညီမႈမ်ား စတင္ရရွိေနျပီျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းဆရာ ၀ပ္ခ်ရာနာဒီးရဲ႕ ဘ၀ကို ဒါ႐ုိက္တာႏွင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္သူ Bin Bunluerit က လူမႈကြန္ယက္ေပၚ လႊင့္တင္လိုက္ျပီးေနာက္ တမဟုတ္ခ်င္း ပ်ံ႕ႏွံ႔သြားျခင္း ျဖစ္သည္။
ထိုင္းႏိုင္ငံ တာခုန္ဆာ၀မ္အရပ္မွ နည္းပညာေက်ာင္းတခုတြင္ မကၠနစ္ဘာသာရပ္ သင္ၾကားျပသေနေသာ အသက္ ၄၉ ႏွစ္အရြယ္ ဆရာ ၀ပ္ခ်ရာနာဒီးသည္ ၎၏ပခံုးထက္၌ အေလးခ်ိန္ ၁၀ ကီလိုဂရမ္မွ်ရွိေသာ ကင္ဆာက်ိတ္ၾကီးကို ထမ္းထားရေသာ္လည္း ေက်ာင္းတက္မပ်က္ စာသင္မပ်က္ တာ၀န္ ဆက္လက္ထမ္းေဆာင္ေနျခင္းျဖစ္သည္။
ေရာဂါကုိ ကုသရန္ ဘတ္ေငြ သံုးသိန္းေက်ာ္ ကုန္က်မည္ျဖစ္ျပီး ပုဂၢလိကဆရာမ်ားရံပံုေငြမွ တႏွစ္လွ်င္ ဘတ္ တသိန္းသာ ထုတ္ယူခြင့္ရွိေၾကာင္း၊ ၀ပ္ခ်ရာနာဒီး၏ လစာသည္ ဘတ္ တေသာင္းေျခာက္ေထာင္သာရရွိသျဖင့္ ၎အေနႏွင့္ ေရာဂါကို ထိေရာက္စြာမကုသႏိုင္ျဖစ္ေနရေၾကာင္း Bin Bunluerit က ေရးသားထားသည္။
“သူဟာ အသက္ ၇၄ ႏွစ္အရြယ္ မိခင္ၾကီးဆီအလည္သြားတိုင္း သူ႔ပခံုးေပၚက အက်ိတ္ၾကီးကို အ၀တ္နဲ႔ဖံုးအုပ္ထားတယ္။ သူ႕ေရာဂါေၾကာင့္ သူ႔မိခင္ၾကီး စိတ္ပူပန္မွာ စိုးရိမ္လို႔တဲ့ေလ”ဟု Bin Bunluerit က ေရးသားထားသည္။ Bin Bunluerit သည္ ဆင္းရဲႏြမ္းပါသူ သက္ၾကီးရြယ္အိုမ်ား၏ဘ၀မ်ားကို ႐ုိက္ကူးထုတ္လႊင့္ေသာ တီဗီအစီအစဥ္ကို ဦးေဆာင္တင္ဆက္ေနသူျဖစ္ျပီး ယင္းအစီအစဥ္မွတဆင့္ ၀ပ္ခ်ရာနာဒီးအား ဘတ္ သံုးသိန္း လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
Ref;Bangkok Post
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)



ကြောက်မက်ဖွယ်ရာ အရွယ်ပမာဏကြီးမားတဲ့ ကင်ဆာကျိတ်ကြီးကို ပခုံးပေါ်ထမ်းထားရပေမယ့် ကျောင်းတက်မပျက်တဲ့ ထိုင်းနိုင်ငံက ကျောင်းဆရာရဲ့ ဖြစ်ရပ် အင်တာနက်ပေါ်ရောက်ရှိလာပြီးနောက် လူအများ၏သနားကြင်နာမှု၊ ထောက်ပံ့ကူညီမှုများ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းဆရာ ၀ပ်ချရာနာဒီးရဲ့ ဘဝကို ဒါရိုက်တာနှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ Bin Bunluerit က လူမှုကွန်ယက်ပေါ် လွှင့်တင်လိုက်ပြီးနောက် တမဟုတ်ချင်း ပျံ့နှံ့သွားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ တာခုန်ဆာဝမ်အရပ်မှ နည်းပညာကျောင်းတခုတွင် မက္ကနစ်ဘာသာရပ် သင်ကြားပြသနေသော အသက် ၄၉ နှစ်အရွယ် ဆရာ ၀ပ်ချရာနာဒီးသည် ၎င်း၏ပခုံးထက်၌ အလေးချိန် ၁၀ ကီလိုဂရမ်မျှရှိသော ကင်ဆာကျိတ်ကြီးကို ထမ်းထားရသော်လည်း ကျောင်းတက်မပျက် စာသင်မပျက် တာဝန် ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။
ရောဂါကို ကုသရန် ဘတ်ငွေ သုံးသိန်းကျော် ကုန်ကျမည်ဖြစ်ပြီး ပုဂ္ဂလိကဆရာများရံပုံငွေမှ တနှစ်လျှင် ဘတ် တသိန်းသာ ထုတ်ယူခွင့်ရှိကြောင်း၊ ၀ပ်ချရာနာဒီး၏ လစာသည် ဘတ် တသောင်းခြောက်ထောင်သာရရှိသဖြင့် ၎င်းအနေနှင့် ရောဂါကို ထိရောက်စွာမကုသနိုင်ဖြစ်နေရကြောင်း Bin Bunluerit က ရေးသားထားသည်။
“သူဟာ အသက် ရ၄ နှစ်အရွယ် မိခင်ကြီးဆီအလည်သွားတိုင်း သူ့ပခုံးပေါ်က အကျိတ်ကြီးကို အဝတ်နဲ့ဖုံးအုပ်ထားတယ်။ သူ့ရောဂါကြောင့် သူ့မိခင်ကြီး စိတ်ပူပန်မှာ စိုးရိမ်လို့တဲ့လေ”ဟု Bin Bunluerit က ရေးသားထားသည်။ Bin Bunluerit သည် ဆင်းရဲနွမ်းပါသူ သက်ကြီးရွယ်အိုများ၏ဘဝများကို ရိုက်ကူးထုတ်လွှင့်သော တီဗီအစီအစဉ်ကို ဦးဆောင်တင်ဆက်နေသူဖြစ်ပြီး ယင်းအစီအစဉ်မှတဆင့် ၀ပ်ချရာနာဒီးအား ဘတ် သုံးသိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
Ref;Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment