ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းသား ပြန်လွတ်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းရဲ့ အငယ်ဆုံး သား Ali Haider Gilani
ပြန်ပေးဆွဲ ခံထားရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Yusuf Raza Gilani ရဲ့သားကို အာဖဂန်နဲ့ အမေရိကန် ပူးပေါင်း အထူးတပ်ဖွဲ့ ကနေ ကယ်တင်နိုင်လိုက်ပါတယ်။

အခု ဆေးစစ်တာတွေ လုပ်ပြီးရင် ပါကစ္စတန်ကိုပြန်လွှဲပေးမယ် လို့လည်း ပါကစ္စတန် အစိုးရဘက်က ပြောပါတယ်။

အသက် ၃ဝ ဝန်းကျင်လောက်ရှိတဲ့ Ali Haider Gilani ကို အာဖဂန်နိုင်ငံ အရှေ့ပိုင်း ဂါဇ်နီဒေသမှာ ကယ်တင် နိုင်လိုက်တာ ဖြစ်ပါတယ်။

ဒီအကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဌာနက အတည်မပြုမချင်း သူ့မိသားစုဝင်တွေက မယုံတဝက် ယုံတဝက် ဖြစ်နေရတယ်လို့ သူအကိုဖြစ်သူက ဆိုပါတယ်။

အခုတော့ သူ့ပုံကို ရုပ်သံစောင့်ကြည့်ပြီး မှအောင်ပွဲခံမယ်လို့ Alis Musa Gilani က ပါကစ္စတန်ရုပ်သံကို ပြောပါတယ်။

သူ့ဇာတိ မူလ်တန် မြို့မှာတော့ အောင်ပွဲခံနေတဲ့ပုံတွေ ရုပ်သံမှာ ပြနေပြီး သူ့ဖခင်ကိုလည်း ထောက်ခံသူတွေ ဝိုင်းရံပြီး ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာ ပါတီစည်းရုံးရေး ထွက်နေတဲ့ပုံတွေ တွေ့ရပါတယ်။

အခု ပြန်လွတ်လာသူကို အာဖဂန်မှာ ရှိတဲ့ ဘက်ဂရမ် လေတပ် အခြေစိုက် စခန်းကို ခေါ်ဆောင်သွားပြီး အဲဒီက တဆင့် ပါကစ္စတန်ကို ပြန်လွှဲပေးမှာ ဖြစ်ပါတယ်။

Ali Haider Gilani ဟာ ပါကစ္စတန်မှာ၂၀၀၈ ကနေ ၂၀၁၂ အထိဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ Yusuf Raza Gilani ရဲ့ အငယ်ဆုံးသား ဖြစ်ပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်တုန်းက ပန်ဂျပ်ပြည်နယ် အစိုးရအဖွဲ့မှာ အမတ်လောင်း အဖြစ် ယှဉ်ပြိုင်စဉ် မဲမပေးမီ ရက်အနည်းငယ် အတွင်း မေလတုန်းက မဲဆွယ်တဲ့ နေရာမှာ သေနတ်ပစ်ဖေါက်ပြီး ဖမ်းသွားတာ ဖြစ်ပါတယ်။

ချက်ချင်းပဲ ပီပီပီ ပါတီကို ခြိမ်းခြောက်နေတဲ့ ပါကစ္စတန်ရှိ တာလီဘန်တွေ အပေါ် သံသယ ဖြစ်ခဲ့ကြပါတယ်။

သူ့ဖခင် ကတော့ မနှစ်တုန်းက သားဖြစ်သူနဲ့ မိနစ်အနည်းငယ် ဖုန်းပြောခွင့်ရပြီး နာမည်ကြီး အယ်လ်ကိုင်းဒါး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြန်ပေးသမားတွေက လိုလားကြောင်း ပြောပါတယ်။

ပါကစ္စတန်ဆိုင်ရာ အာဖဂန် သံအမတ်ကြီး Dr Omar Zakhiwal ကတော့ အခုပြန်ကယ်နိုင်တာ ကတော့ အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ကနေ ဖြစ်ပါတယ်။ သူ့ကိုဘယ်အဖွဲ့ကဖမ်းပြီး နောက်တဖွဲ့ကို ဘယ်လိုပြန်လွှဲပေးသလဲ ဆိုတာ ကာယကံရှင်က ပိုသိနိုင်ပါတယ်လို့ ရှင်းပြ သွားပါတယ်။

ပါကစ္စတန် နိုင်ငံမှာ စစ်သွေးကြွ အုပ်စုတွေဟာ ပြန်ပေးဆွဲတဲ့နည်းနဲ့ သူတို့ရန်ပုံငွေရအောင် ရှာတဲ့နည်းမျိုး ဓားစာခံတွေကို သုံးပြီး အစိုးရနဲ့ညှိတာမျိုး အတော်များများလုပ်လေ့ရှိပါတယ်။

အဖမ်းခံရတုန်းက ပီပီပီ ပါတီကြီးအတွက် မဲဆွယ်နေတာဖြစ်ပြီး ပါကစ္စတန် ပီပီပီပါတီ ဥက္ကဋ္ဌ Bilawal Bhutto Zardri ကအာဖဂန် သံအမတ်ထံက အတည်ပြုချက် ရပြီးပြီးချင်း တွစ်တာကတဆင့် အခု ပြန်လွတ်လာတဲ့ အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment