NATO ႏွင့္ ႐ုရွားတုိ႔အၾကား စစ္ေအးတုိက္ပဲြသစ္ အလုိမရွိဟု NATO အတြင္းေရးမွဴးခ်ဳပ္ ေျပာၾကား

ဘရပ္ဆဲလ္ ၊ ၂၂-၅-၂၀၁၆

NATO တပ္ဖြဲ႕ႏွင့္ ႐ုရွားႏုိင္ငံတုိ႔ အၾကား စစ္ေအးတုိက္ပြဲ သစ္တစ္ရပ္ကုိ အလိုမရွိ ေၾကာင္း NATO တပ္ဖြဲ႕၏ အတြင္းေရးမွဴးခ်ဳပ္ ဂ်န္စတုိလ္ တန္ဘာ့ဂ္ က ေျပာၾကား လုိက္သည္ ဟု ေမ ၂၁ ရက္ ထုတ္ျပန္ခ်က္ အရ သိရသည္။

NATO တပ္ဖြဲ႕ အေနျဖင့္ ႐ုရွား အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ား အေပၚ အခ်ိန္ကာလ တစ္ခုအထိ က်ယ္က်ယ္ျပန္႔ျပန္႔ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း၊ ၄င္းတုိ႔၏ လုပ္ေဆာင္ခ်က္ မ်ားအေပၚ မိမိတုိ႔က တုံ႔ျပန္ေနျခင္း ျဖစ္ၿပီး NATO တပ္ဖြဲ႕ဝင္ ႏုိင္ငံမ်ား၏ ကာကြယ္ေရး ကို တုိးျမႇင့္ ေနျခင္းသာ ျဖစ္ေၾကာင္း ပိုလန္ ႐ုပ္သံဌာန တစ္ခုႏွင့္ ျပဳလုပ္ခဲ့သည့္ ေတြ႕ဆံု ေမးျမန္းခန္း တစ္ခုတြင္ စတိုလ္တန္ဘာ့ဂ္ က ေျပာၾကား ထားသည္။ ဆက္လက္ၿပီး မိမိတို႔ အေနျဖင့္ ႏွစ္ဖက္အဖြဲ႕မ်ား အၾကား တင္းမာမႈ မ်ားကို ေရွာင္ရွား၍ ေတြ႕ဆံု ေဆြးေႏြးေရးကို တုိးျမႇင့္လုပ္ေဆာင္ ေနေၾကာင္း ၄င္းက ထပ္ေလာင္း ေျပာၾကားသည္။

ထု႔ိျပင္ NATO တပ္ဖြဲ႕ အေနျဖင့္ မဟာမိတ္ႏုိင္ငံ မ်ားအေပၚ က်ေရာက္လာမည့္ မည္သည့္ ၿခိမ္းေျခာက္မႈမ်ဳိး ကိုမဆုိ ခုခံသြားမည္ ျဖစ္ေသာ္လည္း ယင္းႏုိင္ငံမ်ား အေပၚ တုိက္႐ိုက္ က်ေရာက္ လာႏုိင္သည့္ ၿခိမ္းေျခာက္မႈ မ်ဳိးကို ျမင္ေတြ႕ရျခင္း မရွိေသးေၾကာင္း စတိုလ္တန္ဘာ့ဂ္ က ေျပာၾကား ခဲ့သည္ဟု သိရသည္။

#PyiChitThar
.........
NATO နှင့် ရုရှားတို့အကြား စစ်အေးတိုက်ပွဲသစ် အလိုမရှိဟု NATO အတွင်းရေးမှူးချုပ် ပြောကြား

ဘရပ်ဆဲလ် ၊ ၂၂-၅-၂၀၁၆

NATO တပ်ဖွဲ့နှင့် ရုရှားနိုင်ငံတို့ အကြား စစ်အေးတိုက်ပွဲ သစ်တစ်ရပ်ကို အလိုမရှိ ကြောင်း NATO တပ်ဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စတိုလ် တန်ဘာ့ဂ် က ပြောကြား လိုက်သည် ဟု မေ ၂၁ ရက် ထုတ်ပြန်ချက် အရ သိရသည်။

NATO တပ်ဖွဲ့ အနေဖြင့် ရုရှား အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် အချိန်ကာလ တစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်လျက် ရှိကြောင်း၊ ၄င်းတို့၏ လုပ်ဆောင်ချက် များအပေါ် မိမိတို့က တုံ့ပြန်နေခြင်း ဖြစ်ပြီး NATO တပ်ဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေး ကို တိုးမြှင့် နေခြင်းသာ ဖြစ်ကြောင်း ပိုလန် ရုပ်သံဌာန တစ်ခုနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် စတိုလ်တန်ဘာ့ဂ် က ပြောကြား ထားသည်။ ဆက်လက်ပြီး မိမိတို့ အနေဖြင့် နှစ်ဖက်အဖွဲ့များ အကြား တင်းမာမှု များကို ရှောင်ရှား၍ တွေ့ဆုံ ဆွေးနွေးရေးကို တိုးမြှင့်လုပ်ဆောင် နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ထို့ပြင် NATO တပ်ဖွဲ့ အနေဖြင့် မဟာမိတ်နိုင်ငံ များအပေါ် ကျရောက်လာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုး ကိုမဆို ခုခံသွားမည် ဖြစ်သော်လည်း ယင်းနိုင်ငံများ အပေါ် တိုက်ရိုက် ကျရောက် လာနိုင်သည့် ခြိမ်းခြောက်မှု မျိုးကို မြင်တွေ့ရခြင်း မရှိသေးကြောင်း စတိုလ်တန်ဘာ့ဂ် က ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment