ေျမာက္ပိုင္း ကာရိုလိိုင္းနားျပည္နယ္နဲ႔ လိင္အဂါၤေျပာင္းထားသူမ်ား အခြင့္အေရး

ေျမာက္ကာရိုလိုင္းနား ျပည္နယ္ ၿမိဳ႕ရွိ ဟိုတယ္တစ္ခုတြင္ လိင္ေျပာင္းထားသူမ်ားကို ကန္႕သတ္သည့္ ဥပေဒ ကန္႕ကြက္သည့္ အမွတ္အသား ကပ္ထားေသာ သန္႕စင္ခန္းတစ္ခု ကို ေမလ ၃ရက္ေန႕က ေတြ႕ရစဥ္။ ဓါတ္ပံု - (REUTERS/Jonathan Drake)
အေမရိကန္ျပည္ေထာင္စု ေျမာက္ပိုင္း ကာရိုလိုင္းနားျပည္နယ္မွာ ျပဌားန္းထားတဲ့ သန္႔စင္ခန္း ဥပေဒလို႔ ေခၚေနတဲ့ လိင္အဂါၤ ေျပာင္းလဲထားသူေတြအေပၚ ကန္႔သတ္ခ်က္ ဥေပဒဟာ ဗဟိုအစိုးရရဲ႕ အမ်ဳိးသားေရး ခြဲျခားဆက္ဆံမႈ ဆန္႔က်င္ေရး ဥပေဒကို ခ်ဳိးေဖါက္တယ္ဆုိၿပီး သမၼတအိုဘားမား အစိုးရက တရားစြဲဆုိ လိုက္ပါတယ္။ လိင္အဂါၤ ေျပာင္းလဲထားသူေတြကို ျပဳျပင္ထားတဲ့ အတုိင္း မဟုတ္ဘဲ ေမြးရာပါ က်ားမ အတိုင္း အမ်ားသုံး သန္႔စင္ခန္းေတြမွာ အသုံးျပဳရမယ္လုိ႔  ဥပေဒက ျပဌာန္းထားတာပါ။


ေျမာက္ပိုင္း ကာရိုလိုင္းနားျပည္နယ္ရဲ႕ ဥပေဒဟာ ျပည္နယ္ကိုယ္တုိင္က ခြဲျခား ဆက္ဆံမႈကို ေထာက္ခံအားေပးတဲ့ ဥပေဒ ျဖစ္ေနတယ္ဆုိၿပီး အေမရိကန္ ေရွ႕ေနခ်ဳပ္ Loretta Lynch က တနလာၤေန႔က ေျပာပါတယ္။ ဒီ ဥပေဒေၾကာင့္ အရင္၊ လူမည္းေတြကို အမ်ားျပည္သုံး ေနရာေတြမွာ ၀င္ခြင့္ပိတ္ပင္ ခဲ့တဲ့ အခ်ိန္နဲ႔ ျပည္နယ္က ခြင့္ျပဳမွ ဘယ္သူ ဘယ္၀ါနဲ႔ လက္ထပ္ရမယ္ ဆုိတဲ့ ေခတ္ကို ျပန္ အမွတ္ရ မိတယ္လို႔လည္း ေျပာပါတယ္။

 ေျမာက္ပိုင္း ကာရိုလိုင္းနားျပည္နယ္က ရီပတ္ဗလစ္ကန္ အုပ္ခ်ဳပ္ေရးမွဴး Pat McCrory ၊ အမ်ားျပည္သူ ေဘးကင္းလုံျခဳံေရးဌာနနဲ႔ ေျမာက္ကိုင္း ကာရိုလိုင္းနားျပည္နယ္ တကၠသိုလ္တုိ႔ကို ဗဟိုအစိုးရက အမည္တပ္ တရားစြဲဆုိ လိုက္တာ ျဖစ္ပါတယ္။

ဒါဟာ အစုိးရက လက္ခံက်င့္သုံးေနတဲ့ ႏိုင္ငံသားေတြရဲ႕ ဂုဏ္သိကၡာအေပၚ အသိအမွတ္ျပဳ ေလးစားေရးကိစၥျဖစ္ေၾကာင္း၊ ျပဌာန္းထားတဲ့ ဥပေဒေၾကာင့္ လိင္အဂါၤေျပာင္းလဲထားသူေတြရဲ႕ စိတ္မွာ နာက်င္ထိခိုက္ တာ၊ ေဒါသနဲ႔ ေၾကကြဲရတာအျပင္ အရွက္တကြဲ ျဖစ္ေစသလို၊ ဂုဏ္သိကၡာကိုလည္း ထိခုိက္ေစတယ္လို႔ ေရွ႕ေနခ်ဳပ္ Lynch က ေျပာဆုိပါတယ္။ ျပဌာန္းထားတဲ့ ဥပေဒ အတုိင္း ဆက္ၿပီး က်င့္သုံးႏုိင္ေရး တနလာၤေန႔ မနက္ပိုင္းကပဲ ေျမာက္ ကာရိုလိုင္းနား ျပည္နယ္က ဗဟိုအစိုးရကို တရားျပန္ စြဲဆုိခဲ့ပါတယ္။

ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး MacCrory က ဗဟိုအစိုးရဟာ မတရား အႏုိင္က်င့္ေနၿပီး၊ က်ားမဆုိတဲ့ သတ္မွတ္ခ်က္ ျပဌာန္းဖို႔ ႀကိဳးစားေနတဲ့အေၾကာင္း၊ ဒါေပမယ့္လည္း သူတုိ႔မွာ က်ားမဆုိတာနဲ႔ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း ျပဌာန္းခ်က္နဲ႔ အဓိပၸါယ္ သတ္မွတ္ခ်က္ မရွိတဲ့အေၾကာင္း ေ၀ဖန္ေျပာဆုိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........

မြောက်ကာရိုလိုင်းနား ပြည်နယ် မြို့ရှိ ဟိုတယ်တစ်ခုတွင် လိင်ပြောင်းထားသူများကို ကန့်သတ်သည့် ဥပဒေ ကန့်ကွက်သည့် အမှတ်အသား ကပ်ထားသော သန့်စင်ခန်းတစ်ခု ကို မေလ ၃ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ - (REUTERS/Jonathan Drake)
အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်မှာ ပြဌားန်းထားတဲ့ သန့်စင်ခန်း ဥပဒေလို့ ခေါ်နေတဲ့ လိင်အဂါင်္ ပြောင်းလဲထားသူတွေအပေါ် ကန့်သတ်ချက် ဥပေဒဟာ ဗဟိုအစိုးရရဲ့ အမျိုးသားရေး ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး သမ္မတအိုဘားမား အစိုးရက တရားစွဲဆို လိုက်ပါတယ်။ လိင်အဂါင်္ ပြောင်းလဲထားသူတွေကို ပြုပြင်ထားတဲ့ အတိုင်း မဟုတ်ဘဲ မွေးရာပါ ကျားမ အတိုင်း အများသုံး သန့်စင်ခန်းတွေမှာ အသုံးပြုရမယ်လို့  ဥပဒေက ပြဌာန်းထားတာပါ။


မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်ရဲ့ ဥပဒေဟာ ပြည်နယ်ကိုယ်တိုင်က ခွဲခြား ဆက်ဆံမှုကို ထောက်ခံအားပေးတဲ့ ဥပဒေ ဖြစ်နေတယ်ဆိုပြီး အမေရိကန် ရှေ့နေချုပ် Loretta Lynch က တနလာင်္နေ့က ပြောပါတယ်။ ဒီ ဥပဒေကြောင့် အရင်၊ လူမည်းတွေကို အများပြည်သုံး နေရာတွေမှာ ၀င်ခွင့်ပိတ်ပင် ခဲ့တဲ့ အချိန်နဲ့ ပြည်နယ်က ခွင့်ပြုမှ ဘယ်သူ ဘယ်ဝါနဲ့ လက်ထပ်ရမယ် ဆိုတဲ့ ခေတ်ကို ပြန် အမှတ်ရ မိတယ်လို့လည်း ပြောပါတယ်။

 မြောက်ပိုင်း ကာရိုလိုင်းနားပြည်နယ်က ရီပတ်ဗလစ်ကန် အုပ်ချုပ်ရေးမှူး Pat McCrory ၊ အများပြည်သူ ဘေးကင်းလုံခြုံရေးဌာနနဲ့ မြောက်ကိုင်း ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ်တို့ကို ဗဟိုအစိုးရက အမည်တပ် တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရက လက်ခံကျင့်သုံးနေတဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာအပေါ် အသိအမှတ်ပြု လေးစားရေးကိစ္စဖြစ်ကြောင်း၊ ပြဌာန်းထားတဲ့ ဥပဒေကြောင့် လိင်အဂါင်္ပြောင်းလဲထားသူတွေရဲ့ စိတ်မှာ နာကျင်ထိခိုက် တာ၊ ဒေါသနဲ့ ကြေကွဲရတာအပြင် အရှက်တကွဲ ဖြစ်စေသလို၊ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်လို့ ရှေ့နေချုပ် Lynch က ပြောဆိုပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေ အတိုင်း ဆက်ပြီး ကျင့်သုံးနိုင်ရေး တနလာင်္နေ့ မနက်ပိုင်းကပဲ မြောက် ကာရိုလိုင်းနား ပြည်နယ်က ဗဟိုအစိုးရကို တရားပြန် စွဲဆိုခဲ့ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး MacCrory က ဗဟိုအစိုးရဟာ မတရား အနိုင်ကျင့်နေပြီး၊ ကျားမဆိုတဲ့ သတ်မှတ်ချက် ပြဌာန်းဖို့ ကြိုးစားနေတဲ့အကြောင်း၊ ဒါပေမယ့်လည်း သူတို့မှာ ကျားမဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြဌာန်းချက်နဲ့ အဓိပ္ပါယ် သတ်မှတ်ချက် မရှိတဲ့အကြောင်း ဝေဖန်ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment