အမျိုးသားတစ်ဦးခွဲစိတ်မှုပြုလုပ်ပြီးနောက် ကျောက်ကပ်တစ်လုံးပျောက်ဆုံးသွားခဲ့



အမျိုးသားတစ်ဦးသည် ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကျောက်ကပ် တစ်လုံးပျက်စီးသွားကြောင်း တိုင်ကြားခဲ့ရာအာဏာပိုင်များက ကျောက်ကပ် ရှုံ့သွားခြင်းကြောင့်ဟု ပြန်လည်ဖြေရှင်းခဲ့ကြောင်း China People’s Daily သတင်းများအရသိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင်နေထိုင်သော အမျိုးသားတစ်ဦးသည် ရင်ဘတ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်း သူ၏ညာဘက်ကျောက်ကပ် တစ်ခြမ်းပျောက်ဆုံးသွားခဲ့သည်ကို ထိတ်လန့်စွာတွေ့ရှိခဲ့ရသည်။ လအတန်ကြာ စုံစမ်းစစ်ဆေးပြီးနောက်ပိုင်း မေလ ၁၀ရက်နေ့ က ဆေးရုံ အာဏာပိုင်များက“လူနာ၏ ကျောက်ကပ်မှာသဘာဝအတိုင်းကြွေပျက်သွားခြင်းဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။


တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင်နေထိုင်သော လယ်သမားတစ်ဦးဖြစ်သူ လျှိုရုံဝေ့ သည်ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက ယာဉ်မတော်တဆမှုကြောင့် ဂျင်စုပြည်နယ်၊စူးကျိုးဆေးပညာကောလိပ်တွင် ဆေးကုသမှု ခံယူခဲ့ရသည်။ သူသည်ခန္ဓာပေါ်ရှိနေရာအတော်များများတွင် အရိုးများကျိုးနေပြီး ရင်ဘတ်အတွင်း ပိုင်းတွင် လည်း ဒဏ်ရာရရှိခဲ့သည်။ လျှိုက သူ၏ ရင်ဘတ်အောက်ပိုင်းကို ခွဲစိတ်ပြီး အတွင်းကလီစာများကို နေရာမှန် သို့ပြန်လည်နေရာချထားခဲ့ရသည်ဟုဆိုသည်။

ဆေးရုံမှတ်တမ်းများအရ လျှိုကိုခွဲစိတ်ပေးသောဆရာဝန်က သူ၏ညာဘက်ကျောက်ကပ်ကိုထုတ်ယူခဲ့ကြောင်း သို့သော်လည်း ယင်းမှတ်တမ်းတွင် လျှို၏ညာဘက် ကျောက်ကပ်မှာ အကောင်းအတိုင်း ရှိသေးသော ကြောင့် သူ့၏ခန္ဓာကိုယ်အတွင်းသို့ပြန်လည် ထည့်သွင်းပေးခဲ့ကြောင်းပါရှိသည်။

လျှိုအားခွဲစိတ်ခဲ့စဉ်က မကောင်းသောတစ်ရှုးများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လလယ်လောက် တွင် လျှိုသည် အမ်းဟွေးပြည်နယ်၏ မြို့တော် ဟိုဖေသို့ သွားရောက်ကာ ဆေးစစ် ကုသရန်အတွက်သွားရောက်ခဲ့သည်ဟုသိရသည်။


ဟိုဖေဆေးရုံတွင်သူ၏ညာဘက်ကျောက်ကပ် ပျောက်ဆုံး နေကြောင်းသိရှိခဲ့ရသည်။ ထို့ကြောင့် ပို၍သေချာစေရန် ဆေးရုံ ၃ ရုံတွင် CT Scans သွားရောက်ရိုက်ကူးခဲ့ကာ သူ၏ကျောက်ကပ် ကို ရှာမတွေ့ဖြစ်ခဲ့ရသည်။ လျှိုက ရဲများကို အကူအညီတောင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဒေသအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သော စူးကျိုးကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မတီက သတင်းအချက် အလက်များဝေမျှခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများစောင့်ကြည့်လေ့လာရေး အာဏာပိုင်များ ဦးဆောင်ကာ စုံစမ်းမေးမြန်းခြင်းကိုပြုလုပ်ခဲ့သည်။ အဆိုပါ လျှို၏အဖြစ်အပျက်မှာ အွန်လိုင်းပေါ်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ သည်။

၂၀၁၆ခုနှစ် မေလ ၁၀ရက်နေ့တွင် ဆေးရုံအာဏာပိုင်များက လျှို၏အသစ် ရိုက်ကူးထားသော CT Scanအရ လျှိုသည် atrophic kidney disease ကိုခံစားနေရခြင်းဖြစ်ကာ ကျောက်ကပ်မှာ ကျုံ့သွားခြင်းဖြစ်ကြောင်း ဌာန၏တရားဝင်ဝဘ်ဆိုဒ်မှတဆင့်ထုတ်ပြန်ကြေညာခဲ့သည်။
စုံစမ်းရေးအဖွဲ့မှ လျှို၏ဆေးစစ်ချက်များ ၊CT Scanများကို နန်ကျင်းဗဟိုဆေးရုံ သို့ပို့ဆောင်စစ်ဆေးထားပြီး စူးကျိုးဆေးပညာကောလိပ်မှ အာဏာပိုင်များကလည်း ပထမအကြိမ်ခွဲစိတ်စဉ်ကပင် ကျောက်ကပ်ပြန်လည် တပ်ဆင်ပေးထားခဲ့သည်ဟုဆိုသည်။

လျှိုက “လက်ရှိစုံစမ်းရရှိထားသောရလဒ်များကို ကျေနပ်ခြင်းမရှိပဲ သူနောက်ထပ်တစ်ကြိမ်ခွဲစိတ်မှုထပ်မံ လုပ်ဆောင်လိုပြီး သူ၏ကျောက်ကပ် ဘယ်မှာလဲဆိုတာ အတိအကျသိလိုလျက်ရှိသည်”ဟုပြောကြားခဲ့သည်။

ZM( China.com )
china.com Myanmar
https://www.facebook.com/china.com.mm
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment