၈နှစ်ကလေးမ မုဒိန်းကျင့်အမှု မသင်္ကာသူအထဲ ဖခင်ပါဝင်






အမျိုးသမီးငယ်၏အလောင်းကိုတော့ ထုံးတမ်းစဉ်လာအရ ရွာဦးကျောင်းမှာထားရှိပြီး ဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ ၀မ်းနည်းကြေကွဲစွာ ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး ဈာပနပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

MTF Channel
............
ထိုင်းနိုင်ငံ တရန်ခရိုင် တရန်မြို့ နောင်တကရွတ်ရပ်ကွက်တွင် ပြီးခဲ့တဲ့မေလ ၁၀ရက်နေမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၈နှစ်အရွယ် အမျိုးသမီးလေးကို မူးယစ်ဆေးတိုက်ပြီး ရက်စက်စွာမုဒိန်းကျင့်လို့ သေဆုံးခဲ့တဲ့အမှုကို မနေ့မေလ ၁၃ရက်နေ့တွင် မသင်္ကာသူတွေ လိုက်လံဖမ်းဆီးရာမှာ ၄ဦးအထိ ဖမ်းဆီးခဲ့ပြီး ၎င်း ၄ဦးအနက် မုဒိန်းကျင့်ခံရ အမျိုးသမီးငယ်၏ ဖခင်လည်းပါ၀င်ပါတယ်။ ဖခင်ကိုယ်တိုင်ဖြစ်နိုင်ချေအထောက်အထားတချို့လည်း ရဲများကရထားပါတယ်။

 သေဆုံးသွားသော အမျိုးသမီးလေး၏ မိခင်၏ပြောပြချက်အရတော့ အခင်းဖြစ်ပွားတဲ့နေ့နှင့်အချိန်မှာ သူမဟာ ခင်ပွန်းနဲ့အတူ ရှိနေတယ် သူမရဲ့ခင်ပွန်းမဖြစ်နိုင်ဘူး လူမှားဖမ်းဖို့ရဲတပ်ဖွဲ့က အကွက်ထွင်နေတယ်လို့ ပြောသွားပါတယ်။

အခင်းဖြစ်ပွားချိန်မှာ အတူအိပ်နေတဲ့ သေဆုံးသွားတဲ့ အမျိုးသမီးငယ်၏ ညီမလေး၏ပြောပြချက်အရတော့ လူဆိုး ၂ယောက်လာတယ် တစ်ယောက်က ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့မှာ ဖမ်းထားတဲ့သူရယ် နောက်တစ်ယောက်ကနာမည်မသိဘူး မျက်နှာတော့မှတ်မိတယ်လို့ပြောပါတယ်။

 ဘာမဆို မနေ့မေလ ၁၃ရက်နေ့မှာတော့ ဖခင်နဲ့အတူ ၄ဦးစလုံးဖမ်းဆီးပြီး ဆေးရုံသို့ခေါ်ဆောင်သွားကာ သေဆုံးအမျိုးသမီးငယ်၏ အမျိုးသမီးလိင်အင်္ဂါအတွင်းမှာရထားသည့် သုတ်ရည် DNA နှင့် မသင်္ကာသူ ၄ဦးရဲ့သုတ်ရည် DNA ကိုသွားရောက် စစ်ဆေးမှာဖြစ်ပါတယ်။

စစ်ဆေးရလာဒ်ရရှိတော့မှ တရားခံမည်သူမည်ဝါကို အတိအကျရရှိသွားမှာဖြစ်ပါတယ်။

အမျိုးသမီးငယ်၏အလောင်းကိုတော့ ထုံးတမ်းစဉ်လာအရ ရွာဦးကျောင်းမှာထားရှိပြီး ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ ၀မ်းနည်းကြေကွဲစွာ ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး စျာပနပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

MTF Channel
https://www.facebook.com/mtftv
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment