ရွှေ့ပြောင်းဝင်သူ ထောင်ချီပြီး ရေနစ်သေဆုံး

အမည်မဖော်နိုင်ဘဲ မြှုပ်ခဲ့ရတဲ့ သင်္ချိုင်းမြေ တခု
ဥရောပကို ရောက်ဖို့ မြေထဲပင်လယ်ကို ဖြတ်ကူးရင်း ရေနစ် သေဆုံးခဲ့ကြတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၁၂ဝဝ ကျော်ကို အမည် မဖော်နိုင်ဘဲ မြှုပ်နှံထားခဲ့ရပါတယ်။

ဒီလို မြှုပ်ထားတဲ့ နေရာ ၇ဝ လောက်ကို တူရကီ၊ ဂရိနဲ့ အီတလီ နိုင်ငံတွေမှာ ဒီ ၂ နှစ်လောက် အတွင်း စပြီး တွေ့ခဲ့ရတာပါ။

ဒီနှစ်ပိုင်းအတွင်း ပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း ဝင်လာသူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း ခန့်မှန်း နေကြပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ကမ်းခြေမှာ လာတင်တဲ့ အတွက် ဥရောပ တောင်ပိုင်း တိုင်းပြည်တွေမှာ တုန်လှုပ်ခဲ့ကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment