၈နှစ်အရွယ်အမျိုးသမီးကို မူးယစ်ဆေးတိုက်ပြီး မုဒိန်းကျင့်


အသက် ၈နှစ်အရွယ်အမျိုးသမီးငယ်ကို မူးယစ်စိတ်ကြွဆေးဖြင့်ဖျာ်ရည်ထဲထည့်ပြီးတိုက်ကာ အမျိုးသမီးလေးသေတဲ့အထိမုဒိန်းကျင့်ခဲ့သော လူဆိုးတရားခံကို မနေ့မေလ ၁၂ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပါတယ်။

 ဖြစ်ပျက်ပုံကတော့ ထိုင်းနိုင်ငံ တရန်ခရိုင် တရန်မြို့ နောင်တကရွတ်ရပ်ကွက်မှာ မိဘနဲ့အတူနေထိုင်တဲ့ ၈နှစ်အရွယ်အမျိုးသမီးလေးဟာ ညပိုင်းမှာ မိဘနှစ်ဦးက ရာဘာခြံမှာ ရာဘာသွားခြစ်လို့ အိမ်မှာမောင်နှမတွေနဲ့အိပ်နေခဲ့တယ်။ အိပ်နေရင်းနဲ့ အိမ်နီးချင်းလူတစ်ယောက်က အိမ်ကိုဝင်လာပြီး၎င်းအမျိုးသမီးရဲ့အိပ်ခန်းထဲဝင်လာကာ မူးယစ်ဆေးနဲ့ဖျော်ထားသောဖျော်ရည်ကို အတင်းတိုက်ကာ အားရပါးရမုဒိန်းကျင့်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ မိဘပြန်လာတော့သမီးငယ်က မူးယစ်ဆးမူးကြောင်ကြောင်အခြေနေမှာရှိပြီး ဗိုက်ကလေးက အရမ်းနာနေတဲ့အတွက် တရန်ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ပြီး အနည်းငယ်ကြာတော့သေဆုံးသွားခဲ့ရပါတယ်။

ဆရာဝန်၏စစ်ဆေးတွေ့ရှိချက်အရ အလွန်အကျွံ မုဒိန်းကျင့်ထားတဲ့ ဒဏ်ရာဒဏ်ချက်နှင့်တကွ ကိုယ်ခန္ဓာအတွင်းမှာ Mate amphetamine အမျိုးအစားမူးယစ်ဆေးဝါး ကန့်သတ်ထားတာထက်လွန်စွာသုံးစွဲထားသည့်အတွက် သေဆုံးသွားခဲ့တယ်လို့ပြောပါတယ်။

တရားခံလူဆိုးဟုယူဆရတဲ့ အိမ်နီးချင်းမသင်္ကာ လူတစ်ယောက်ကို မနေ့မေလ ၁၂ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးထားပါတယ်။ ၎င်းမသင်္ကာသူကလည်း ဆွဲချက်တိုင်းကို ငြင်းပယ်နေပါတယ်။ ဘာမဆို သက်သေအထောက်အထားအသေးစိတ်ကို ဆက်လက်ရှာဖွေစစ်ဆေးပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒေသခံစစ်ဆေးရေး ရဲအရာရှိကပြောကြားသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment