ေတာရိုင္းတိရိစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႔ဝင္တစ္ေယာက္နဲ႔အတူ ဇိမ္ခံေနတဲ့ ႀကံ႕ေပါက္ေလး


                          
ေတာင္အာဖရိကရွိ ေတာရိုင္းတိရိစာၦန္ထိမ္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႔၀င္တစ္ဦးဟာ သူ႔ကို ေခါင္းအံုးလိုအံုးၿပီး ဇိမ္က်ေနတဲ့ ႀကံ႕ေပါက္ကေလးတစ္ေကာင္ရဲ႕ ဗီဒီယိုကို ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

Laura Ellison ဟာ Instagram မွာ Limpopo ေဒသရွိ The Rhino Orphanage ေဘးမဲ့စခန္းမွာ ႀကီးျပင္းလာတဲ့ ႀကံ႕ေပါက္စေလး Kabelo နဲ႔ သူနဲ႔အတူတူ အဖြဲ႔က်ေနပံုကို ဗီဒီယိုရိုက္ကူး ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။

ဗီဒီယိုထဲမွာေတာ့ သူဟာ ေျမႀကီးေပၚလွဲေနၿပီး ႀကံ႕ေပါက္ေလးက သူ႔အေပၚ လာေရာက္ေပြ႕ဖက္ အိပ္စက္ေနတာကို ျမင္ရမွာျဖစ္ပါတယ္။
 “ ကြ်န္မက သူ႔အတြက္ေတာ့ တကယ့္ ေခါင္းအံုးျဖစ္ေနပါၿပီ “ လို႔ Ellison က ေရးသားထားပါတယ္။

 “ ႀကံ႕ေတြရဲ႕ ႏူးညံ႕ညင္သာမႈေတြကို ေတြ႔ရွိခံစားခဲ့ရၿပီး သူတို႔အေပၚ ခ်စ္ခင္ျမတ္နိုးလာတဲ့အျပင္ သူတို႔ကို ကယ္ဆယ္ေစာင့္ေရွာက္ဖို႔လည္း ဆံုးျဖတ္ခဲ့ပါတယ္။ Kabelo ေလး ဒီထိန္းသိမ္းေရးစခန္းကို ေရာက္လာကတည္းက အတူတူရွိခဲ့တာပါ။

 ကြ်န္မနဲ႔ အတူရွိေနခ်ိန္မွာေတာ့ Kabelo က သက္ေတာင့္သက္သာရွိေနေပမယ့္ တျခားသူေတြနဲ႔ေတာ့ အဲလိုမဟုတ္ပါဘူး။ ႀကံ႕ေလးေတြက သူတို႔ရဲ႕မိခင္ေတြနဲ႔ အတူေနဖို႔ အခြင့္အေရးရွိပါတယ္။ လူေတြရဲ႕ အေႏွာက္အယွက္မပါဘဲနဲ႔ေပါ့။ #saveourrhinos” လို႔လည္း ထပ္မံေရးသားေဖာ္ျပထားပါတယ္။

( Michelle )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

...................................

တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ယောက်နဲ့အတူ ဇိမ်ခံနေတဲ့ ကြံ့ပေါက်လေး

တောင်အာဖရိကရှိ တောရိုင်းတိရိစ္ဆာန်ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးဟာ သူ့ကို ခေါင်းအုံးလိုအုံးပြီး ဇိမ်ကျနေတဲ့ ကြံ့ပေါက်ကလေးတစ်ကောင်ရဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Laura Ellison ဟာ Instagram မှာ Limpopo ဒေသရှိ The Rhino Orphanage ဘေးမဲ့စခန်းမှာ ကြီးပြင်းလာတဲ့ ကြံ့ပေါက်စလေး Kabelo နဲ့ သူနဲ့အတူတူ အဖွဲ့ကျနေပုံကို ဗီဒီယိုရိုက်ကူး ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ သူဟာ မြေကြီးပေါ်လှဲနေပြီး ကြံ့ပေါက်လေးက သူ့အပေါ် လာရောက်ပွေ့ဖက် အိပ်စက်နေတာကို မြင်ရမှာဖြစ်ပါတယ်။
 “ ကျွန်မက သူ့အတွက်တော့ တကယ့် ခေါင်းအုံးဖြစ်နေပါပြီ “ လို့ Ellison က ရေးသားထားပါတယ်။

 “ ကြံ့တွေရဲ့ နူးညံ့ညင်သာမှုတွေကို တွေ့ရှိခံစားခဲ့ရပြီး သူတို့အပေါ် ချစ်ခင်မြတ်နိုးလာတဲ့အပြင် သူတို့ကို ကယ်ဆယ်စောင့်ရှောက်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ Kabelo လေး ဒီထိန်းသိမ်းရေးစခန်းကို ရောက်လာကတည်းက အတူတူရှိခဲ့တာပါ။

 ကျွန်မနဲ့ အတူရှိနေချိန်မှာတော့ Kabelo က သက်တောင့်သက်သာရှိနေပေမယ့် တခြားသူတွေနဲ့တော့ အဲလိုမဟုတ်ပါဘူး။ ကြံ့လေးတွေက သူတို့ရဲ့မိခင်တွေနဲ့ အတူနေဖို့ အခွင့်အရေးရှိပါတယ်။ လူတွေရဲ့ အနှောက်အယှက်မပါဘဲနဲ့ပေါ့။ #saveourrhinos” လို့လည်း ထပ်မံရေးသားဖော်ပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment