ထိုင္ဝမ္သမၼတ သေဘာထားတင္းမာရတာက အပ်ဳိႀကီးျဖစ္ေနေသာေၾကာင့္ဟု တရုတ္အရာရွိေျပာ

ထိုင္ဝမ္မွာ သမၼတသစ္ ဆိုင္အမ္ဝမ္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြကမွ သမၼတရာထူးတာဝန္ကို စတင္ တာဝန္ယူတာပါ။ ခိုင္မာအားေကာင္းတဲ့ ဒီမိုကေရစီေရး သေဘာတရားေတြနဲ႔ မဲဆြယ္ခဲ့ၿပီး ေရြးေကာက္ပြဲမွာလည္း ေတာင္ၿပိဳကမ္းၿပိဳ အနိုင္ရရွိခဲ့ပါတယ္။ တရုတ္ရဲ့ လႊမ္းမိုးမႈကို မလိုလားတဲ့ သမၼတႀကီးဟာ ေဘဂ်င္းကို ေဝဖန္ခဲ့ၿပီး သူဟာ အိမ္ေထာင္မရွိတဲ့ အပ်ဳိႀကီးတစ္ဦး ျဖစ္ပါတယ္။
ေဘဂ်င္းနဲ႔ တိုင္ေပရဲ႕ဆက္ဆံေရးဟာလည္း ၄င္းရဲ႕လက္ထက္မွာ စတင္ၿပီး ေအးစက္တင္းမာလာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေမလ ၂၄ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ တရုတ္သတင္းစာ တစ္ေစာင္ရဲ့ ေဆာင္းပါးတစ္ပုဒ္မွာေတာ့ ထိုင္ဝမ္ သမၼတရဲ့ နိုင္ငံေရး အျမင္ေပၚကို မဟုတ္ဘဲ တစ္ကိုယ္တည္း အပ်ဳိႀကီးျဖစ္ျခင္းအေပၚ ထိပါးလာခဲ့ျခင္း ျဖစ္ပါတယ္။ ဒီေဆာင္းပါးကို ေရးသားသူ ဝမ္ေဝက်င္းဟာ ေဘဂ်င္းအစိုးရရဲ့ ထိုင္ဝမ္ေရးရာ ေရလက္ၾကားဆက္ဆံေရး ဌာနရဲ့ အရာရွိႀကီးတစ္ေယာက္ျဖစ္ပါတယ္။
"လူသားဆန္မႈႈ ရႈထာင့္ကေန ၾကည့္မယ္ဆိုရင္ အပ်ဳိႀကီး နိုင္ငံေရးသမား တစ္ေယာက္ဟာ ေမတၲာတရားရဲ့ ခံစားခ်က္ေတြ၊ မိသားစုဘဝေတြနဲ႔ ကေလးသူငယ္ေတြကို နားလည္နိုင္မွာ မဟုတ္ပါဘူး"လို႔ ေရးထားတာ ျဖစ္ပါတယ္။
ကာလတို ပန္းတိုင္ေတြကိုပဲ ျမင္ၿပီး ကာလရွည္ပန္းတိုင္ေတြကို မျမင္နိုင္သူျဖစ္တယ္လို႔လည္း ေရးသားထားပါတယ္။ ထိုင္ဝမ္သမၼတႀကီးဟာ အေမရိကန္ျပည္ေထာင္စုမွာ ေက်ာင္းတက္စဉ္က ခ်စ္သူရွိခဲ့ဖူးျပီး ထိုအမ်ဳိးသား ယာဉ္မေတာ္တဆမႈနဲ႔ ကြယ္လြန္သြားၿပီးတဲ့ေနာက္မွာ ထပ္ၿပီး ရည္းစားမထားေတာ့ပါဘူး။
Ref : UPI
The Voice Weekly
........
ထိုင်ဝမ်သမ္မတ သဘောထားတင်းမာရတာက အပျိုကြီးဖြစ်နေသောကြောင့်ဟု တရုတ်အရာရှိပြော
ထိုင်ဝမ်မှာ သမ္မတသစ် ဆိုင်အမ်ဝမ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကမှ သမ္မတရာထူးတာဝန်ကို စတင် တာဝန်ယူတာပါ။ ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီရေး သဘောတရားတွေနဲ့ မဲဆွယ်ခဲ့ပြီး ရွေးကောက်ပွဲမှာလည်း တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို မလိုလားတဲ့ သမ္မတကြီးဟာ ဘေဂျင်းကို ဝေဖန်ခဲ့ပြီး သူဟာ အိမ်ထောင်မရှိတဲ့ အပျိုကြီးတစ်ဦး ဖြစ်ပါတယ်။
ဘေဂျင်းနဲ့ တိုင်ပေရဲ့ဆက်ဆံရေးဟာလည်း ၄င်းရဲ့လက်ထက်မှာ စတင်ပြီး အေးစက်တင်းမာလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တရုတ်သတင်းစာ တစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ထိုင်ဝမ် သမ္မတရဲ့ နိုင်ငံရေး အမြင်ပေါ်ကို မဟုတ်ဘဲ တစ်ကိုယ်တည်း အပျိုကြီးဖြစ်ခြင်းအပေါ် ထိပါးလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးသားသူ ဝမ်ဝေကျင်းဟာ ဘေဂျင်းအစိုးရရဲ့ ထိုင်ဝမ်ရေးရာ ရေလက်ကြားဆက်ဆံရေး ဌာနရဲ့ အရာရှိကြီးတစ်ယောက်ဖြစ်ပါတယ်။
"လူသားဆန်မှုှု ရှုထာင့်ကနေ ကြည့်မယ်ဆိုရင် အပျိုကြီး နိုင်ငံရေးသမား တစ်ယောက်ဟာ မေတ္တာတရားရဲ့ ခံစားချက်တွေ၊ မိသားစုဘဝတွေနဲ့ ကလေးသူငယ်တွေကို နားလည်နိုင်မှာ မဟုတ်ပါဘူး"လို့ ရေးထားတာ ဖြစ်ပါတယ်။
ကာလတို ပန်းတိုင်တွေကိုပဲ မြင်ပြီး ကာလရှည်ပန်းတိုင်တွေကို မမြင်နိုင်သူဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ထိုင်ဝမ်သမ္မတကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတက်စဉ်က ချစ်သူရှိခဲ့ဖူးပြီး ထိုအမျိုးသား ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားပြီးတဲ့နောက်မှာ ထပ်ပြီး ရည်းစားမထားတော့ပါဘူး။
Ref : UPI
The Voice Weekly


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment