အိုဘားမားနဲ႔ေတြ႔မယ့္ ဗီယက္နမ္ အရပ္ဘက္အဖြဲ႔စည္း၀င္တခ်ိဳ႕ တားျမစ္ခံရ

ဗီယက္နမ္ႏုိင္ငံ ဟႏိြဳင္းမွာ ေျပာၾကားခဲ့တဲ့ သမၼတအိုဘားမားရဲ႕ မိန္႔ခြန္း
အဂၤါေန႔က ဗီယက္နမ္ႏုိင္ငံမွာ အေမရိကန္သမၼတ ဘရက္ခ္ အိုဘားမားနဲ႔ ေတြ႔ဆံုၿပီး လူ႔အခြင့္အေရးနဲ႔ လူမႈေရးဆုိင္ရာ ကိစၥရပ္ေတြ ေဆြးေႏြးၾကမယ့္ အစီအစဥ္ငယ္ေလးတခုမွာ တက္ေရာက္ၾကမယ့္ ဗီယက္နမ္ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြက ထင္ရွားတဲ့ပုဂၢိဳလ္ အနည္းဆံုး ၂ ဦး ေလာက္ တားျမစ္ခံခဲ့ရပါတယ္။

သတင္းေထာက္ဘ၀ကေန ဘေလာ့ဂါတဦး ျဖစ္လာတဲ့ တက္ႂကြလႈပ္ရွားသူ Doan Trang ကေတာ့ - ဟႏိြဳင္းၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ံုးရဲ႕ ဖိတ္ၾကားခ်က္အရ သမၼတ အိုဘားမားနဲ႔ေတြ႔ဖို႔ ဆိုင္ဂုံၿမိဳ႕ကေနအလာ လမ္းခုလပ္မွာရွိတဲ့ Ninh Binh ေဒသက အေဆာင္တခုမွာ တရက္တာ ထိန္းသိမ္းခံခဲ့ရတယ္လို႔ ေျပာပါတယ္။

ဗီယက္နမ္မွာ ဒီမိုကေရစီမဆန္တဲ့ ေရြးေကာက္ပြဲလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး Facebook လူမႈကြန္ယက္အင္တာနက္မွာ ေရးသား တင္ျပခ်က္ေၾကာင့္ သူ႔ကုိ ထိန္းသိမ္းခဲ့တာျဖစ္တယ္လုိ႔ အာဏာပိုင္ေတြက သူ႔ကို ေျပာဆိုေၾကာင္းလည္း Doan Trang က ဗြီအိုေအကို ေျပာပါတယ္။ သမၼတ အိုဘားမားနဲ႔ မေတြ႔ႏုိင္ေအာင္ တားဆီးတာ မဟုတ္ဘူးလို႔ အာဏာပိုင္ေတြက ေျပာဆုိေပမဲ့လည္း ဘာအေၾကာင္းနဲ႔ လုပ္ခဲ့သလဲဆိုတာကို ဘယ္သူမဆုိ သိႏုိင္ပါတယ္လို႔လည္း ေျပာဆုိခဲ့တာပါ။

အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ဟာ မမွန္ကန္ေၾကာင္းနဲ႔ သံတမန္ေရးအရ မလုပ္သင့္တဲ့အေၾကာင္း Doan Trang က ေျပာဆုိရာမွာေတာ့ - မေက်နပ္ရင္ တရားစဲြႏုိင္တဲ့အေၾကာင္းနဲ႔ သမၼတ အိုဘားမားရဲ႕ တရား၀င္ အစီအစဥ္ထဲမွာ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေတြ႔ဆံုဖို႔ အစီအစဥ္ မရွိတဲ့အတြက္ သူေျပာတာေတြဟာ လိမ္ေနတာလို႔လည္း အာဏာပိုင္ေတြက သူ႔ကုိေျပာခဲ့တယ္လို႔လည္း ဆုိပါတယ္။

ဖိတ္ၾကားခံရၿပီး မတက္ေရာက္ႏုိင္သူ ေနာက္တဦးျဖစ္တဲ့ ေဒါက္တာ Nguyen Quang A ကလည္း - သမၼတ အိုဘားမားရဲ႕ ဗီယက္နမ္ခရီးစဥ္ ေနာက္ဆုံးျဖစ္တဲ့ - ဟိုခ်ီမင္းၿမိဳ႕ေတာ္ကို ထြက္ခြာသြားတဲ့အထိ - သူ႔ကို ကားတစင္းနဲ႔တင္ၿပီး ဟႏိြဳင္းၿမိဳ႕ျပင္ ေခၚသြားခံခဲ့ရတယ္လို႔ ေျပာပါတယ္။

သမၼတ အိုဘားမားဟာ သူ႔ရဲ႕ ဗီယက္နမ္ႏုိင္ငံ ခရီးစဥ္အတြင္းမွာ - ဗီယက္နမ္ အရပ္ဘက္ လူမႈအဖြဲ႔အစည္း၀င္ ၆ ဦးနဲ႔ ေတြ႔ဆံုခဲ့ေပမဲ့ - ဖိတ္ၾကားထားတဲ့ တျခားတက္ႂကြလႈပ္ရွားသူ ေတာ္ေတာ္မ်ားမ်ားကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ လာေရာက္ခြင့္ တားျမစ္ခံခဲ့ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး ဂၽြန္ ကယ္ရီ က ဗီယက္နမ္တာ၀န္ရွိသူေတြကုိ ေျပာဆုိခဲ့တယ္လုိ႔လည္း - အိမ္ျဖဴေတာ္ လက္ေထာက္ အမ်ိဳးသား လံုၿခံဳေရးအႀကံေပး Ben Rhodes ကုိ ကုိးကားၿပီး သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com/

.......................................


ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ပြောကြားခဲ့တဲ့ သမ္မတအိုဘားမားရဲ့ မိန့်ခွန်း
အင်္ဂါနေ့က ဗီယက်နမ်နိုင်ငံမှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးကြမယ့် အစီအစဉ်ငယ်လေးတခုမှာ တက်ရောက်ကြမယ့် ဗီယက်နမ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထင်ရှားတဲ့ပုဂ္ဂိုလ် အနည်းဆုံး ၂ ဦး လောက် တားမြစ်ခံခဲ့ရပါတယ်။

သတင်းထောက်ဘဝကနေ ဘလော့ဂါတဦး ဖြစ်လာတဲ့ တက်ကြွလှုပ်ရှားသူ Doan Trang ကတော့ - ဟနွိုင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဖိတ်ကြားချက်အရ သမ္မတ အိုဘားမားနဲ့တွေ့ဖို့ ဆိုင်ဂုံမြို့ကနေအလာ လမ်းခုလပ်မှာရှိတဲ့ Ninh Binh ဒေသက အဆောင်တခုမှာ တရက်တာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။

ဗီယက်နမ်မှာ ဒီမိုကရေစီမဆန်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး Facebook လူမှုကွန်ယက်အင်တာနက်မှာ ရေးသား တင်ပြချက်ကြောင့် သူ့ကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက သူ့ကို ပြောဆိုကြောင်းလည်း Doan Trang က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ အိုဘားမားနဲ့ မတွေ့နိုင်အောင် တားဆီးတာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောဆိုပေမဲ့လည်း ဘာအကြောင်းနဲ့ လုပ်ခဲ့သလဲဆိုတာကို ဘယ်သူမဆို သိနိုင်ပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မမှန်ကန်ကြောင်းနဲ့ သံတမန်ရေးအရ မလုပ်သင့်တဲ့အကြောင်း Doan Trang က ပြောဆိုရာမှာတော့ - မကျေနပ်ရင် တရားစွဲနိုင်တဲ့အကြောင်းနဲ့ သမ္မတ အိုဘားမားရဲ့ တရားဝင် အစီအစဉ်ထဲမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိတဲ့အတွက် သူပြောတာတွေဟာ လိမ်နေတာလို့လည်း အာဏာပိုင်တွေက သူ့ကိုပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖိတ်ကြားခံရပြီး မတက်ရောက်နိုင်သူ နောက်တဦးဖြစ်တဲ့ ဒေါက်တာ Nguyen Quang A ကလည်း - သမ္မတ အိုဘားမားရဲ့ ဗီယက်နမ်ခရီးစဉ် နောက်ဆုံးဖြစ်တဲ့ - ဟိုချီမင်းမြို့တော်ကို ထွက်ခွာသွားတဲ့အထိ - သူ့ကို ကားတစင်းနဲ့တင်ပြီး ဟနွိုင်းမြို့ပြင် ခေါ်သွားခံခဲ့ရတယ်လို့ ပြောပါတယ်။

သမ္မတ အိုဘားမားဟာ သူ့ရဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်အတွင်းမှာ - ဗီယက်နမ် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင် ၆ ဦးနဲ့ တွေ့ဆုံခဲ့ပေမဲ့ - ဖိတ်ကြားထားတဲ့ တခြားတက်ကြွလှုပ်ရှားသူ တော်တော်များများကတော့ အကြောင်းအမျိုးမျိုးနဲ့ လာရောက်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ဗီယက်နမ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့တယ်လို့လည်း - အိမ်ဖြူတော် လက်ထောက် အမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes ကို ကိုးကားပြီး သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment