ပနားမားစာရြက္ စာတမ္း ေနာက္ဆက္တြဲ အခ်က္အလက္မ်ားထြက္ေပၚ

ပနားမား ေပပါမွ အသစ္ထုတ္ေ၀လိုက္ေသာ Offshore Leaks Database အခ်က္အလက္မ်ား ၾကည့္ရွဳႏိုင္သည့္ ၀က္ဆိုဒ္။ (Source - https://offshoreleaks.icij.org)
ၿပီးခဲ့တဲ့လက ကနဦးထြက္ေပၚလာတဲ့ ကမာၻအရပ္ရပ္က ႏုိင္ငံေရး ေခါင္းေဆာင္ေတြ၊ ခ်မ္းသာၾကြယ္၀သူေတြရဲ႕ ျပည္ပက ဘဏ္ေတြမွာ အပ္ႏွံထားတဲ့ ဘဏ္စာရင္းေတြ အေၾကာင္း Panama Paper လို႔ေခၚတဲ့ ေပါက္ၾကားမႈေတြေၾကာင့္ စပိန္နဲ႔ အိုက္စလန္မွာ အဆင့္ျမင့္ေခါင္းေဆာင္ေတြ ျပဳတ္က်ခဲ့ၿပီး၊
 ၿဗိတိသွ် ၀န္ႀကီးခ်ဳပ္ ေဒးဗစ္ ကင္မရြန္လည္း ဒီကိစၥေၾကာင့္ စိတ္ အေႏွာက္ အယွက္ ျဖစ္ခဲ့ရသလို ရုရွား သမၼတ Vladimir Putin ရဲ႕ အေပါင္းပါ ေတြရဲ႕ ေငြခ၀ါခ်မႈ လုပ္ငန္းေတြနဲ႔ ပတ္သက္လို႔လည္း စြပ္စြဲခ်က္ေတြ ေပၚခြက္ခဲ့ပါတယ္။

တနလာၤေန႔က ထုတ္ျပန္လိုက္တဲ႔ အမ်ားျပည္သူနဲ႔ ပတ္သက္တဲ့ စာရင္းဇယား အခ်က္အလက္ေတြက ပိုၿပီး ႀကီးႀကီးမားမား ရိုက္ခတ္မႈေတြ ရွိလာႏုိင္တဲ့အေၾကာင္း ပနားမား ဥပေဒ အက်ဳိးေဆာင္အဖြဲ႔ Mossack Fonseca ဆီက စာရြက္စာတမ္း ၁၁.၅ သန္းေက်ာ္ကို ထိမ္းသိမ္းထားတဲ့ ICIJ အဖြဲ႕က ေျပာလိုက္ပါတယ္။ ICIJ အဖြဲ႕ဟာ အစပိုင္းမွာ ဒီအခ်က္အလက္ေတြကို ေရြးျခယ္ထားတဲ့ သတင္းသမား အခ်ိဳ႕ကိုပဲ မွ်ေ၀ေပးခဲ့တာပါ။

ICIJ ဟာ တနလၤာေန႕ ညေန ၂နာရီမွာ အဖြဲ႕ရဲ႕ ၀က္ဆိုဒ္မွာ ႏိုင္ငံနဲ႕ နယ္ေျမ ေဒသေပါင္း ၂၀၀ ေက်ာ္က ပိုင္ဆိုင္သူေတြရဲ႕ ျပည္ပ အေကာင့္ေတြ သက္ဆိုင္တဲ့ အခ်က္အလက္ေပါင္း ႏွစ္သိန္းေက်ာ္ပါ၀င္တဲ့ ေဒတာေဘ့စ္ အခ်က္အလက္ေတြ တင္ထားတဲ့ Web ဆိုဒ္တခုကို ရွာေဖြၾကည့္ရႈလို႔ရေအာင္ ဖြင့္ေပးလိုက္ပါတယ္။

ထုတ္ျပန္လိုက္တဲ့ ေဒတာေဘ့စ္ အခ်က္အလက္ေတြထဲမွာ Coporation ႀကီးေတြနဲ႔ သက္ဆိုင္တဲ့ အေျခခံ အခ်က္အလက္ေတြ ပါ၀င္ၿပီး၊ ဥပေဒ အက်ဳိးေဆာင္အဖြဲ႔ Mossack Fonseca အဖြဲ႔က အခုိးခံခဲ့ရတယ္လုိ႔ ေျပာတဲ့၊ ICIJ က အရင္တႀကိမ္ စစ္ေဆးေနတဲ့ ႏိုင္ငံေပါင္းစံုက အခြန္တိမ္းေရွာင္လိုသူေတြရဲ႕ အခ်က္ေတြနဲ႔ ခပ္ဆင္ဆင္ျဖစ္ပါတယ္။

ကုမၸဏီေတြ၊ ေငြစုထားတဲ့ အဖြဲ႔အစည္းေတြ၊ ေဖာင္ေဒးရွင္းအဖြဲ႕ေတြကို ႏိုင္ငံ၊ လူနာမည္၊ လိပ္စာ၊ အျခား အခ်က္အလက္ေတြနဲ႕ အင္တာနက္မွာ ရိုက္ထည့္ၿပီး ရွာေဖြလို႕ ရပါတယ္။ အထူးအေရးႀကီးၿပီး သတိထားရတဲ့ ဘဏ္အေကာင့္ နံပါတ္နဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြကိုေတာ့ ခ်န္ထားခဲ့ပါတယ္။

အခု ပနားမား ေပပါ ေလ့လာစံုစမ္းေရး ပေရာဂ်က္ကို ဆက္လုပ္ေနၾကတဲ့ အဖြဲ႕မွာ ႏိုင္ငံေပါင္း ၈၀ ေက်ာ္က သတင္းဌာန ၁၀၀ေက်ာ္က သတင္းသမားေပါင္း ၃၇၀ေက်ာ္ ပါ၀င္ၿပီး၊ ICIJ အဖြဲ႕က ဒုတိယ ညႊန္ၾကားေရးမႈး Walker Guevara က ႀကီးၾကပ္ေနတာ ျဖစ္ပါတယ္္။ ဧၿပီလဆန္းမွာ သတင္းေတြ စၿပီး ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
.........

ပနားမား ပေပါမှ အသစ်ထုတ်ဝေလိုက်သော Offshore Leaks Database အချက်အလက်များ ကြည့်ရှုနိုင်သည့် ၀က်ဆိုဒ်။ (Source - https://offshoreleaks.icij.org)
ပြီးခဲ့တဲ့လက ကနဦးထွက်ပေါ်လာတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံရေး ခေါင်းဆောင်တွေ၊ ချမ်းသာကြွယ်ဝသူတွေရဲ့ ပြည်ပက ဘဏ်တွေမှာ အပ်နှံထားတဲ့ ဘဏ်စာရင်းတွေ အကြောင်း Panama Paper လို့ခေါ်တဲ့ ပေါက်ကြားမှုတွေကြောင့် စပိန်နဲ့ အိုက်စလန်မှာ အဆင့်မြင့်ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး၊
 ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်လည်း ဒီကိစ္စကြောင့် စိတ် အနှောက် အယှက် ဖြစ်ခဲ့ရသလို ရုရှား သမ္မတ Vladimir Putin ရဲ့ အပေါင်းပါ တွေရဲ့ ငွေခဝါချမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း စွပ်စွဲချက်တွေ ပေါ်ခွက်ခဲ့ပါတယ်။

တနလာင်္နေ့က ထုတ်ပြန်လိုက်တဲ့ အများပြည်သူနဲ့ ပတ်သက်တဲ့ စာရင်းဇယား အချက်အလက်တွေက ပိုပြီး ကြီးကြီးမားမား ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့အကြောင်း ပနားမား ဥပဒေ အကျိုးဆောင်အဖွဲ့ Mossack Fonseca ဆီက စာရွက်စာတမ်း ၁၁.၅ သန်းကျော်ကို ထိမ်းသိမ်းထားတဲ့ ICIJ အဖွဲ့က ပြောလိုက်ပါတယ်။ ICIJ အဖွဲ့ဟာ အစပိုင်းမှာ ဒီအချက်အလက်တွေကို ရွေးခြယ်ထားတဲ့ သတင်းသမား အချို့ကိုပဲ မျှဝေပေးခဲ့တာပါ။

ICIJ ဟာ တနင်္လာနေ့ ညနေ ၂နာရီမှာ အဖွဲ့ရဲ့ ၀က်ဆိုဒ်မှာ နိုင်ငံနဲ့ နယ်မြေ ဒေသပေါင်း ၂၀၀ ကျော်က ပိုင်ဆိုင်သူတွေရဲ့ ပြည်ပ အကောင့်တွေ သက်ဆိုင်တဲ့ အချက်အလက်ပေါင်း နှစ်သိန်းကျော်ပါ၀င်တဲ့ ဒေတာဘေ့စ် အချက်အလက်တွေ တင်ထားတဲ့ Web ဆိုဒ်တခုကို ရှာဖွေကြည့်ရှုလို့ရအောင် ဖွင့်ပေးလိုက်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဒေတာဘေ့စ် အချက်အလက်တွေထဲမှာ Coporation ကြီးတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ အချက်အလက်တွေ ပါ၀င်ပြီး၊ ဥပဒေ အကျိုးဆောင်အဖွဲ့ Mossack Fonseca အဖွဲ့က အခိုးခံခဲ့ရတယ်လို့ ပြောတဲ့၊ ICIJ က အရင်တကြိမ် စစ်ဆေးနေတဲ့ နိုင်ငံပေါင်းစုံက အခွန်တိမ်းရှောင်လိုသူတွေရဲ့ အချက်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။

ကုမ္ပဏီတွေ၊ ငွေစုထားတဲ့ အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းအဖွဲ့တွေကို နိုင်ငံ၊ လူနာမည်၊ လိပ်စာ၊ အခြား အချက်အလက်တွေနဲ့ အင်တာနက်မှာ ရိုက်ထည့်ပြီး ရှာဖွေလို့ ရပါတယ်။ အထူးအရေးကြီးပြီး သတိထားရတဲ့ ဘဏ်အကောင့် နံပါတ်နဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကိုတော့ ချန်ထားခဲ့ပါတယ်။

အခု ပနားမား ပေပါ လေ့လာစုံစမ်းရေး ပရောဂျက်ကို ဆက်လုပ်နေကြတဲ့ အဖွဲ့မှာ နိုင်ငံပေါင်း ၈၀ ကျော်က သတင်းဌာန ၁၀၀ကျော်က သတင်းသမားပေါင်း ၃၇၀ကျော် ပါ၀င်ပြီး၊ ICIJ အဖွဲ့က ဒုတိယ ညွှန်ကြားရေးမှုး Walker Guevara က ကြီးကြပ်နေတာ ဖြစ်ပါတယ််။ ဧပြီလဆန်းမှာ သတင်းတွေ စပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment