လက္ကိုကိုက္ထားတဲ့ ငါးမန္းနဲ႔အတူ ေဆးရံုကိုေရာက္လာခဲ့တဲ့ အမ်ိဳးသမီး




 ၂၃ ႏွစ္အရြယ္ ဖေလာ္ရီဒါအမ်ိဳးသမီးတစ္ဦးရဲ႕လက္ကို ၂ ေပအရွည္ရွိ ငါးမန္းေပါက္တစ္ေကာင္ အကုိက္ခံလိုက္ရတာေၾကာင့္  ေဆးရံုတင္လုိက္ရတယ္လုိ႔ တနဂၤေႏြေန႔ ေန႔လည္က လူမႈကယ္ဆယ္ေရးအဖြဲ႔၀င္ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာျပထားပါတယ္။

ငါးမန္းေပါက္ကိုေတာ့ သတ္ခဲ့ေပမယ့္ ေသသြားတဲ့အထိ အမ်ဳိးသမီးရဲ႕လက္ေမာင္းကို ကိုက္ထားခဲ့တာပါ” လို႔ Robert Leomons က UPI ကိုေျပာျပထားၿပီး အမ်ိဳးသမီးကိုေတာ့ Boca Regional Hospital ကို ပို႔ေဆာင္ေပးခဲ့ၿပီး မစိုးရိမ္ရဘူးလို႔ သိရပါတယ္။

ငါးမန္းေပါက္ေတြက ပံုမွန္အားျဖင့္ Florida ကမ္းလြန္မွာ ေနထိုင္ေလ့ရွိၿပီး အရွည္အားျဖင့္ ၁၄ ေပထိ ရွည္လ်ားတယ္လို႔လည္း သိရပါတယ္။


( Michelle )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI


.................................

လက်ကိုကိုက်ထားတဲ့ ငါးမန်းနဲ့အတူ ဆေးရုံကိုရောက်လာခဲ့တဲ့ အမျိုးသမီး


 ၂၃ နှစ်အရွယ် ဖလော်ရီဒါအမျိုးသမီးတစ်ဦးရဲ့လက်ကို ၂ ပေအရှည်ရှိ ငါးမန်းပေါက်တစ်ကောင် အကိုက်ခံလိုက်ရတာကြောင့်  ဆေးရုံတင်လိုက်ရတယ်လို့ တနင်္ဂနွေနေ့ နေ့လည်က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြထားပါတယ်။

ငါးမန်းပေါက်ကိုတော့ သတ်ခဲ့ပေမယ့် သေသွားတဲ့အထိ အမျိုးသမီးရဲ့လက်မောင်းကို ကိုက်ထားခဲ့တာပါ” လို့ Robert Leomons က UPI ကိုပြောပြထားပြီး အမျိုးသမီးကိုတော့ Boca Regional Hospital ကို ပို့ဆောင်ပေးခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ငါးမန်းပေါက်တွေက ပုံမှန်အားဖြင့် Florida ကမ်းလွန်မှာ နေထိုင်လေ့ရှိပြီး အရှည်အားဖြင့် ၁၄ ပေထိ ရှည်လျားတယ်လို့လည်း သိရပါတယ်။ 


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment