


 9-5-2016
ဒီစာခိုး စမတ်နာရီကတော့ သိုလှောင်နိုင်မှု ပမာဏ 4 GB အထိရှိတာကြောင့် စာတွေအတော်များများကို လက်ခံသိမ်းဆည်းထားပေးနိုင်တဲ့ နာ၇ီဖြစ်ပါတယ်။
ယခုမိသွားတဲ့ကျောင်းသားဟာ အပြင်က ဖြေပေးတဲ့သူတွေကို မျက်မှန်ကင်မရာကနေတိုက်ရိုက်သတင်းပို့ပြီး အဖြေလွှာ ကို နာရီမျက်နှာပြင်ကနေ ပေါ်လာတာကို

........................................


ဆေးတက္ကသိုလ် ၀င်ခွင့် စာမေးပွဲတွင် စမတ်နာရီ နည်းပညာဖြင့်
ခိုးချနေခြင်းကြောင့် စာမေးပွဲ အရေးပေါ်ရပ်နားလိုက်ရ
 9-5-2016
ထိုင်းနိုင်ငံ လမ်စစ် Rangsit University. တက္ကသိုလ်ရဲ ့ ဆေးကျောင်းဝင်ခွင့် စာမေးပွဲ စစ်နေရာမှာ
ဖြေဆိုသူ တဥင်္ီး ဟာ သူ တတ်ထား တဲ့ ကင်မရာပါတဲ့ မျက်မှန်နဲ ့ အထူးပြု လုပ်ထားတဲ့ စမတ်နာရီ ကို သုံးပြီး ဖြေနေတာကို ဖေါ်ထုတ်တွေ ့
ရှိခဲ့တာကြောင့် မသမာမှုနဲ ့ စာခိုးချနေတာကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ပညာရေးဋ္ဌာနက တာဝန်ရှိသူ ပါမောက္ခနဲ ့ ဆရာဆရာမတွေ အစည်းအဝေးတစ် ရပ် ခေါ်ယူခဲ့ရတယ်လို့ သိရပါတယ်။
ဒီစာခိုး စမတ်နာရီကတော့ သိုလှောင်နိုင်မှု ပမာဏ 4 GB အထိရှိတာကြောင့် စာတွေအတော်များများကို လက်ခံသိမ်းဆည်းထားပေးနိုင်တဲ့ နာရီဖြစ်ပါတယ်။
စာခိုးစမတ်နာရီကို နာမည်ကျော် အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ဝက်ဘ်ဆိုက်မှာ ၂၀၁၆မတ်လ(၇)ရက်နေကမှတရားဝင်ရောင်းချနေ တာပါ။
ယခုမိသွားတဲ့ကျောင်းသားဟာ အပြင်က ဖြေပေးတဲ့သူတွေကို မျက်မှန်ကင်မရာကနေတိုက်ရိုက်သတင်းပု ့ိပြီး အဖြေလွှာ ကို နာရီမျက်နှာပြင်ကနေ ပေါ်လာတာကို
ကြည့်ပြီး ရေးလိုက်လိုက်တာပါ။
ဆေးဝင်ခွင့်ရတာနဲ ့ထိုင်းဘတ်ငွေ (၇)သိန်း (ကျပ်ငွေသိန်း၂၁၀) ကို အပြင်ကနေ စီစဉ်ပေးတဲ့ သူကိုပေးရမယ် လို ့သိရပါတယ်။
ဒီနေ ့မှာ ပညာရေးဌာနက ဆေးကျောင်းဝင်ခွင့် စာမေးပွဲ တွေရဲ ့ ဘာသာရပ် တချို ့ ဖြေဆိုနေတာကို ယာယီရပ်ဆိုင်းလိုက်ကြောင်းသိရပါတယ်။
Social Action for Women - SAW
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment