လေယာဉ်ပေါ်တွင် မွတ်စလင် အမျိုးသမီး၏ ခေါင်းဆောင်းကို အမေရိကန်အမျိုးသားက ဆွဲဖြဲမှုဖြစ်ပွား



တီဟီရန်၊ မေ-၁၆

ဆောက်ဝပ်လေကြောင်းလိုင်း (Southwest Airlines)ပိုင် လေယာဉ်တစ်စင်းပေါ်တွင် မွတ်စလင်ခရီးသည်တစ်ဦး၏ ခေါင်းဆောင်းကိုဆွဲဖြဲပစ်ခဲ့ကြောင်းအမေရိကန် အမျိုးသားတစ်ဦးက ၀န်ခံခဲ့သည်။

မြောက်ကယ်ရိုလိုင်းနား၊ ဂတ်စတိုနီးယားမှ ဂီးလ် ပါကားပိန်း(၃၇နှစ်)မှာလွန်ခဲ့သည့် စက်တင်ဘာလကရှီကာဂိုမှ နယူးမက္ကဆီကိုသို့ ပျံသန်းလာစဉ် မွတ်စလင်ခရီးသည်ကိုချဉ်းကပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါအမျိုးသားက “ဒါကို ချွတ်ပစ်လိုက်။ ဒါကအမေရိက”ဟုအော်ဟစ်လျှက် မွတ်စလင်အမျိုးသမီး၏ ခေါင်းဆောင်းကိုဆွဲချွတ်လိုက်ရာဆံပင်များအထွေးလိုက်ပေါ်လာသည်ဟုဖက်ဒရယ်အာဏာပိုင်များကပြောကြားခဲ့သည်။

ကေအေဟုသာဖော်ပြသည့် မွတ်စလင်အမျိုးသမီးက ခွဲခြားဆက်ဆံသောလုပ်ရပ်ဖြင့် အခွင့်အရေးချိုးဖောက်ခံရသည်ဟု ခံစားရကြောင်းအာဏာပိုင်များကိုပြောကြားခဲ့သည်ဟုဆိုသည်။

AM
ပရပ်စ်တီဗီ
china.com Myanmar
https://www.facebook.com/china.com.mm/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment