By netsetaw -  May 17, 2016
shwemom
source : mirror.co.uk
........................................
ထိုင်းနာမည်ကြီးမိန်းမလျှာSexy Pancake လိင်အင်္ဂါကင်ဆာဖြင့်ကွယ်လွန်
By netsetaw -  May 17, 2016
အင်တာနက်လူမှုကွန်ယက်မှာ Follower ငါးသိန်းကျော်အထိ ရရှိထားတဲ့ နာမည်ကျော် မိန်းမလျှာတစ်ယောက်ဟာ လိင်
င်္ဂါကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့နာမည်ပြောင်ကတော့ ‘Sexy Pancake’ ဖြစ်ပြီး၊ အမည်ရင်းကတော့ Niwat Sangmor ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက်(27)နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ရယ်စရာကောင်းတဲ့ ဗွီဒီယိုဖိုင်
တွေ၊ ဓာတ်ပုံတွေကြောင့် အင်တာနက်သုံးစွဲသူတွေကြားမှာ အထူးရေးပန်းစားခဲ့သူ ဖြစ်ပါတယ်။ Pancake ဟာ အမျိုးသမီးတစ်ယောက်နဲ့ ပိုပြီးအမြင်အရတူစေဖို့ လိင်္ဂါကို Tape နဲ့ပတ်ကာ သရုပ်ဆောင်လေ့ရှိသူဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့
ဆန်းပြားပြီး ရယ်ရွှင်ဖွယ်ဖတ်ရှင်တွေကြောင့်လည်း သူဟာ အင်တာနက်လောကမှာ နေရာခိုင်ခိုင်မာမာတစ်ခု ရရှိခဲ့ပါ
တယ်။ Pancake ဟာ လိင်အင်္ဂါမှာ အနာပေါ်ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့နေခဲ့တဲ့ သုံးနှစ်အတွင်းမှာလည်း သူ့ရဲ့ ဖျော်ဖြေမှုတွေကို ရပ်နားခဲ့သူ မဟုတ်ပါဘူး။
ကျွမ်းကျင်သူများရဲ့အဆိုအရ ကင်ဆာရောဂါပိုးတွေဟာ သွေးထဲအထိပျံ့နှံနေခဲ့တယ်လို့ ဆိုပါတယ်။ Pancake ဟာ သူရဲ့
ရောဂါကို Khon Kaen Hospital မှာ တက်ရောက်ကုသခဲ့ပြီး ခန္ဒာကိုယ်တွင်းကင်ဆာဆဲလ်ပျံ့နှံ့မှုမှ ကာကွယ်ဖို့ သူ့လိင်
အင်္ဂါကို ဖြတ်တောက်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပါတယ်။ Pancake က ပြီးခဲ့တဲ့အပတ်တုန်းက သူရဲ့ လူမှုကွန်ယက်မှာ သူဟာ အပြင်းအထန် ဖျားနာနေကြောင်း၊ ကင်ဆာလို့ယူဆရတဲ့ရောဂါဖြစ်ပြီး ပေါင်းတွင်းကြွက်သားများအထိ ရောဂါပိုးကူး
စက်နေပြီဖြစ်ကြောင်း၊ ဘဏ္ဍာရေးအကူအညီများလည်း ပေးနိုင်ပါကြောင်း မေတ္တာရပ်ခံသည့် Post ကို ရေးသားခဲ့ပါသေးတယ်။ ဒါပေမယ့် Pancake ဟာ ကင်ဆာရောဂါအဆင့်သုံးထိ ရောက်ရှိနေပြီဖြစ်လို့ အခြားမည်သည့် အကြီးစားခွဲစိပ်မှုက
မှ သူ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး။
shwemom
source : mirror.co.uk
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment