ယီမင္ႏုိင္ငံမွ ပစ္ခတ္လိုက္သည့္ ပဲ့ထိန္းဒံုးက်ည္အား ေဆာ္ဒီ က ၾကားျဖတ္ပစ္ခ်


ရီယတ္ဒ္ ၊ ၁၁-၅-၂၀၁၆

ေဆာ္ဒီအာေရဗ် ၏ ေလေၾကာင္းရန္ ကာကြယ္ေရး တပ္ဖြဲ႕သည္ ယီမင္ႏိုင္ငံမွ ပစ္ခတ္လိုက္သည့္ ပဲ့ထိန္းဒုံးက်ည္ တစ္စင္းအား ေမ ၉ ရက္တြင္ ၾကားျဖတ္ပစ္ခ် ႏိုင္ခဲ့ၿပီး အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ သူပုန္အဖြဲ႕မ်ား ႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား တံု႔ဆိုင္းေနစဥ္ အႏၲရာယ္ ရွိေသာ အရွိန္ျမႇင့္ လုပ္ေဆာင္ခ်က္ တစ္ရပ္ ျဖစ္သည္ဟု အာရပ္ ၫြန္႔ေပါင္းအဖြဲ႕က ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ ခဲ့ေၾကာင္း သတင္း ထုတ္ျပန္ခ်က္မ်ား အရ သိရသည္။

ယခုကဲ့သို႔ အခ်ိန္အတြင္း အဆိုပါ ဒုံးက်ည္ ပစ္ခတ္ျခင္းသည္ ဟူသီသူပုန္ မ်ားႏွင့္ ျဖဳတ္ခ်ခံခဲ့ ရသည့္ သမၼတ အလီအဗၺဒူလာ ဆာလက္ရွ္ ၏ တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ အႏၲရာယ္ ရွိေသာ အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္မႈ တစ္ရပ္ကို ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း အာရပ္ ၫြန္႔ေပါင္းအဖြဲ႕ က ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ ခဲ့သည္။

ေဆာ္ဒီအာေရဗ် ၫြန္႔ေပါင္း အဖြဲ႕သည္ အေျခအေန တည္ၿငိမ္ေရး ထိန္းသိမ္းရန္ ႏွင့္ ကူဝိတ္ႏိုင္ငံတြင္ ျပဳလုပ္မည့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ မ်ားအား ေအာင္ျမင္မႈ ရရွိေစေရး အကူအညီ ေပးရန္ ႏိုင္ငံတကာ အသိုက္အဝန္း ႏွင့္အတူ ပူးေပါင္း ေဆာင္ရြက္လ်က္ ရွိေၾကာင္း ကိုလည္း အဆိုပါ ေၾကညာခ်က္ တြင္ေဖာ္ျပ ထားသည္။

အဆုိပါ ဒုံးက်ည္ ပစ္ခတ္မႈသည္ ကူဝိတ္ ႏိုင္ငံတြင္ ကုလသမဂၢ၏ ကမကထ ျပဳမႈျဖင့္ ေဆာင္ရြက္ေသာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား မတိုင္ခင္ လြန္ခဲ့သည့္လ အတြင္း၌ အသက္ဝင္ ခဲ့သည့္ အပစ္အခတ္ ရပ္စဲမႈ စတင္ၿပီး ေနာက္ပိုင္း ယီမင္ႏိုင္ငံမွ ေဆာ္ဒီအာေရဗ် ႏိုင္ငံသို႔ ပထမဆံုး အႀကိမ္ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

ၫြန္႔ေပါင္းအဖြဲ႕ အေနျဖင့္ အပစ္အခတ္ ရပ္စဲေရးအား ဆက္လက္ ထိန္းသိမ္း ေဆာင္ရြက္ သြားမည္ ျဖစ္ေသာ္လည္း အလားတူ တိုက္ခိုက္မႈ ေနာက္တစ္ႀကိမ္ ထပ္မံျပဳလုပ္ ခဲ့ပါက သင့္ေလ်ာ္သည့္ အခ်ိန္ႏွင့္ ေနရာတို႔တြင္ လက္တံု႔ျပန္ တုိက္ခုိက္ပိုင္ခြင့္ ရိွေၾကာင္း ၫြန္႔ေပါင္း အဖြဲ႕က ေျပာၾကား ခဲ့သည္။

ယီမင္ႏိုင္ငံမွ ပစ္ခတ္ခဲ့သည့္ အဆိုပါ ဒုံးက်ည္အား ၾကားျဖတ္ပစ္ခ် ႏိုင္ခဲ့ေၾကာင္း ႏွင့္ ယီမင္ႏိုင္ငံ အတြင္းရွိ အဆုိပါ ဒုံးက်ည္ ပစ္ခတ္ခဲ့သည့္ ေနရာကိုလည္း ခ်က္ခ်င္း ဖ်က္ဆီး ႏိုင္ခဲ့ေၾကာင္း ၫြန္႔ေပါင္း အဖြဲ႕က ေျပာၾကား ခဲ့သည္ဟု သိရသည္။

PyiChitThar
http://www.pyichitthar.com
..............

ရီယတ်ဒ် ၊ ၁၁-၅-၂၀၁၆

ဆော်ဒီအာရေဗျ ၏ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့သည် ယီမင်နိုင်ငံမှ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည် တစ်စင်းအား မေ ၉ ရက်တွင် ကြားဖြတ်ပစ်ချ နိုင်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ သူပုန်အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တုံ့ဆိုင်းနေစဉ် အန္တရာယ် ရှိသော အရှိန်မြှင့် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သည်ဟု အာရပ် ညွန့်ပေါင်းအဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုကဲ့သို့ အချိန်အတွင်း အဆိုပါ ဒုံးကျည် ပစ်ခတ်ခြင်းသည် ဟူသီသူပုန် များနှင့် ဖြုတ်ချခံခဲ့ ရသည့် သမ္မတ အလီအဗ္ဗဒူလာ ဆာလက်ရှ် ၏ တပ်ဖွဲ့ဝင်များ အနေဖြင့် အန္တရာယ် ရှိသော အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အာရပ် ညွန့်ပေါင်းအဖွဲ့ က ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ဆော်ဒီအာရေဗျ ညွန့်ပေါင်း အဖွဲ့သည် အခြေအနေ တည်ငြိမ်ရေး ထိန်းသိမ်းရန် နှင့် ကူဝိတ်နိုင်ငံတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအား အောင်မြင်မှု ရရှိစေရေး အကူအညီ ပေးရန် နိုင်ငံတကာ အသိုက်အဝန်း နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ကိုလည်း အဆိုပါ ကြေညာချက် တွင်ဖော်ပြ ထားသည်။

အဆိုပါ ဒုံးကျည် ပစ်ခတ်မှုသည် ကူဝိတ် နိုင်ငံတွင် ကုလသမဂ္ဂ၏ ကမကထ ပြုမှုဖြင့် ဆောင်ရွက်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မတိုင်ခင် လွန်ခဲ့သည့်လ အတွင်း၌ အသက်ဝင် ခဲ့သည့် အပစ်အခတ် ရပ်စဲမှု စတင်ပြီး နောက်ပိုင်း ယီမင်နိုင်ငံမှ ဆော်ဒီအာရေဗျ နိုင်ငံသို့ ပထမဆုံး အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အပစ်အခတ် ရပ်စဲရေးအား ဆက်လက် ထိန်းသိမ်း ဆောင်ရွက် သွားမည် ဖြစ်သော်လည်း အလားတူ တိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်မံပြုလုပ် ခဲ့ပါက သင့်လျော်သည့် အချိန်နှင့် နေရာတို့တွင် လက်တုံ့ပြန် တိုက်ခိုက်ပိုင်ခွင့် ရှိကြောင်း ညွန့်ပေါင်း အဖွဲ့က ပြောကြား ခဲ့သည်။

ယီမင်နိုင်ငံမှ ပစ်ခတ်ခဲ့သည့် အဆိုပါ ဒုံးကျည်အား ကြားဖြတ်ပစ်ချ နိုင်ခဲ့ကြောင်း နှင့် ယီမင်နိုင်ငံ အတွင်းရှိ အဆိုပါ ဒုံးကျည် ပစ်ခတ်ခဲ့သည့် နေရာကိုလည်း ချက်ချင်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ညွန့်ပေါင်း အဖွဲ့က ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment