ပနမားစာရြက္ ေပါက္ၾကားမွုေၾကာင့္ အိုက္စ္လန္ဝန္ႀကီးခ်ဳပ္ ႏွုတ္ထြက္ရၿပီ

 နိုင္ငံ့ ေခါင္းေဆာင္ အဆင့္ ရာထူးႀကီးမားသူ တစ္ဦး စတင္ ၿပီး ရာထူး အာဏာကို လက္လႊတ္ ဆုံးရွုံး သြားတာ ျဖစ္
ပနားမား စာရြက္စာတမ္းေတြ ေပါက္ၾကားမွု ရဲ့ ေနာက္ဆက္ တြဲ ရိုက္ခတ္မွု အျဖစ္ အိုက္စ္လန္ ဝန္ႀကီးခ်ဳပ္ ဆီမြန္ဂ္ဒါ ဂူန္ေလာ့ဂ္ဆြန္ တစ္ေယာက္ ရာထူး ကႏွုတ္ထြက္ သြားၿပီ ျဖစ္ပါတယ္။

ဒါဟာ ပနားမား ေရွ႕ေန႐ုံး ေမာ့ဆက္ ဖြန္ဆက္ကာ က စာရြက္စာတမ္း ေတြ ေပါက္ၾကား ခဲ့မွုေၾကာင့္ နိုင္ငံ့ ေခါင္းေဆာင္ အဆင့္ ရာထူးႀကီးမားသူ တစ္ဦး စတင္ ၿပီး ရာထူး အာဏာကို လက္လႊတ္ ဆုံးရွုံး သြားတာ ျဖစ္ပါတယ္။

ေပါက္ၾကား ခဲ့တဲ့ စာရြက္စာတမ္းေတြ အရ မစၥတာ ဂူန္ေလာ့ဂ္ဆြန္ ဟာ ဇနီးသည္ ျဖစ္သူ နဲ႔ အတူ ပင္လယ္ရပ္ျခား မွာ ဗင္းထရစ္ ဆိုတဲ့ ကုမၸဏီ ကို ပိုင္ဆိုင္ ေနတယ္ ဆိုတာ ေပၚထြက္ လာပါတယ္။

မစၥတာ ဂူန္ေလာ့ဂ္ဆြန္ ဟာ အဲဒီ့ ပိုင္ဆိုင္မွု ကို ေၾကညာခဲ့ ျခင္း မရွိတဲ့ အတြက္ ေဒၚလာ သန္းေပါင္း မ်ားစြာ တန္တဲ့ မိသားစု ပိုင္ဆိုင္မွု ေတြကို ဖုန္းကြယ္ ထားသူ တစ္ဦး အျဖစ္ ျပစ္တင္ ေဝဖန္ ခံေန ရတာ ျဖစ္ပါတယ္။

မစၥတာ ဂူန္ေလာ့ဂ္ဆြန္ ကေတာ့ ဗင္းထရစ္ ကုမၸဏီ က သူ႔ရွယ္ယာ ေတြကို ဇနီးသည္ ျဖစ္သူ ကို ေရာင္းခ် ထားၿပီး သူ႔ အေနနဲ႔ ဘယ္လို အမွားအယြင္းမ်ိဳးမွ မျပဳလုပ္ ခဲ့ဘူး လို႔ ခုခံ ေျပာဆို ခဲ့ပါတယ္။

ေပါက္ၾကား လာတဲ့ စာရြက္စာတမ္း ေတြ အရ လက္ ရွိ နိုင္ငံ့ ေခါင္းေဆာင္ေတြ၊ ဒါမွမဟုတ္ အစိုးရ အႀကီးအကဲ အျဖစ္ တာဝန္ ယူဖူး ခဲ့သူေတြ စုစုေပါင္း အေယာက္ ၇၀ ေက်ာ္ဟာ ငြေၾကး ခဝါ ခ်ေပး၊ အခြန္ ေရွာင္ေပး တာေတြ ျပဳလုပ္ ေပးတဲ့ ေမာ့ဆက္ ဖြန္ဆက္ကာ ေရွ႕ေန အဖြဲ႕ နဲ႔ ဆက္စပ္ ေနတာ ကို ေတြ႕ရပါတယ္။
 မစၥတာ အင္ဖန္တီးနိုး အေနနဲ႔ အမွားအယြင္း တစုံတရာ ျပဳလုပ္ ခဲ့တယ္ လို႔ ယူဆ နိုင္ဖြယ္ ဘယ္လို အခ်က္အလက္မ်ိဳး မွေတာ့ ပနားမား စာရြက္ စာတမ္းေတြ မွာ မေတြ႕ရ ပါဘူး။
တခါ၊ အဲဒီ့ ပနားမား စာရြက္ စာတမ္းေတြ မွာ ကမၻာ့ ေဘာလုံး အဖြဲ႕ခ်ဳပ္ FIFA ရဲ့ လက္ရွိ ဥကၠဌသစ္ ဂ်ားနီး အင္ဖန္တီးနိုး ဟာ ဥေရာပ ေဘာလုံး အဖြဲ႕ခ်ဳပ္ မွာ UEFA မွာ အလုပ္လုပ္ ခဲ့တုန္းက ႐ုပ္ျမင္သံၾကား မူပိုင္ခြင့္ ေရာင္းခ် တဲ့ စာခ်ဳပ္ တစ္ခု ကို တာဝန္ခံ လက္မွတ္ ထိုး ခဲ့တာ ကိုလည္း ေဖာ္ၿပ ေနပါတယ္။

အဲဒီ့ မူပိုင္ ခြင့္ ကို ဝယ္ယူခဲ့တဲ့ဟ်ဴဂို နဲ႔ မာရီယားနိုး ဂ်င္းကစ္ သားအဖ ဟာ ေနာက္ပိုင္း FIFA ရဲ့ ေငြေၾကး မသမာ ျခစားမွု ေတြ အေပၚ စုံစမ္း စစ္ေဆးေနတဲ့ အေမရိကန္ တရားေရး အာဏာပိုင္ ေတြက အလိုရွိေနသူ ေတြ ျဖစ္လာ ခဲ့ပါတယ္။

မစၥတာ အင္ဖန္တီးနိုး က UEFA အတြက္ တာဝန္ယူ ေရာင္းခ် ခ်ဳပ္ဆို ထားတဲ့ အဲဒီ့ ႐ုပ္ျမင္သံၾကား မူပိုင္ခြင့္ ကို ဂ်င္းကစ္ သားအဖ ဟာ ၃ ဆ နီးပါး အျမတ္ နဲ႔ ျပန္ေရာင္း နိုင္ခဲ့ ပါတယ္။

ဒါေပမယ့္ မစၥတာ အင္ဖန္တီးနိုး အေနနဲ႔ အမွားအယြင္း တစုံတရာ ျပဳလုပ္ ခဲ့တယ္ လို႔ ယူဆ နိုင္ဖြယ္ ဘယ္လို အခ်က္အလက္မ်ိဳး မွေတာ့ ပနားမား စာရြက္ စာတမ္းေတြ မွာ မေတြ႕ရ ပါဘူး။

အခုလို ပနားမား စာရြက္စာတမ္း ေတြ အရ ထြက္ေပၚ လာတဲ့ အခ်က္အလက္ ေတြ ကို ၾကည့္ရင္ ဩဇာႀကီး လႊမ္းမိုးနိုင္ၾကတဲ့ နိုင္ငံေရး သမားေတြ၊ စီးပြားေရး သမား ေတြဟာ အခြန္ ေရွာင္လို ၾကတဲ့ အတြက္ ပယ္လယ္ရပ္ျခားမွာ ကုမၸဏီ အေယာင္ျပေတြ ဖြင့္ၿပီး ပိုင္ဆိုင္သမၽွ ေငြေၾကး ေတြ ကို ဝွက္ထား ၾကတယ္ ဆိုတဲ့ အခ်က္ဟာ ကမၻာ လုံး ဆိုင္ရာ ျပႆနာ တစ္ရပ္ ျဖစ္ေနတယ္ ဆိုတာ ကို ေဖာ္ ၿပ ေနတယ္ လို႔ အေမရိကန္ သမၼတ အိုဘားမား က ေျပာလိုက္ ပါတယ္။

အေမရိကန္ ေကာ္ပိုေရးရွင္း လုပ္ငန္းႀကီး ေတြ အေနနဲ႔ အခြန္ မေပးခ်င္ လို႔ ေရွာင္ေျပးတာ မ်ိဳး မျဖစ္ေအာင္ ပိုမို တင္းၾကပ္ ကိုင္တြယ္ လာတဲ့ အစိုးရ ဘ႑ာေရး ဝန္ႀကီးဌာနရဲ့ ေဆာင္ရြက္မွု ေတြ ကိုလည္း သမၼတ အိုဘားမား က ႀကိဳဆို ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

................................................


 နိုင်ငံ့ ခေါင်းဆောင် အဆင့် ရာထူးကြီးမားသူ တစ်ဦး စတင် ပြီး ရာထူး အာဏာကို လက်လွှတ် ဆုံးရှုံး သွားတာ ဖြစ်
ပနားမား စာရွက်စာတမ်းတွေ ပေါက်ကြားမှု ရဲ့ နောက်ဆက် တွဲ ရိုက်ခတ်မှု အဖြစ် အိုက်စ်လန် ဝန်ကြီးချုပ် ဆီမွန်ဂ်ဒါ ဂူန်လော့ဂ်ဆွန် တစ်ယောက် ရာထူး ကနှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။

ဒါဟာ ပနားမား ရှေ့နေရုံး မော့ဆက် ဖွန်ဆက်ကာ က စာရွက်စာတမ်း တွေ ပေါက်ကြား ခဲ့မှုကြောင့် နိုင်ငံ့ ခေါင်းဆောင် အဆင့် ရာထူးကြီးမားသူ တစ်ဦး စတင် ပြီး ရာထူး အာဏာကို လက်လွှတ် ဆုံးရှုံး သွားတာ ဖြစ်ပါတယ်။

ပေါက်ကြား ခဲ့တဲ့ စာရွက်စာတမ်းတွေ အရ မစ္စတာ ဂူန်လော့ဂ်ဆွန် ဟာ ဇနီးသည် ဖြစ်သူ နဲ့ အတူ ပင်လယ်ရပ်ခြား မှာ ဗင်းထရစ် ဆိုတဲ့ ကုမ္ပဏီ ကို ပိုင်ဆိုင် နေတယ် ဆိုတာ ပေါ်ထွက် လာပါတယ်။

မစ္စတာ ဂူန်လော့ဂ်ဆွန် ဟာ အဲဒီ့ ပိုင်ဆိုင်မှု ကို ကြေညာခဲ့ ခြင်း မရှိတဲ့ အတွက် ဒေါ်လာ သန်းပေါင်း များစွာ တန်တဲ့ မိသားစု ပိုင်ဆိုင်မှု တွေကို ဖုန်းကွယ် ထားသူ တစ်ဦး အဖြစ် ပြစ်တင် ဝေဖန် ခံနေ ရတာ ဖြစ်ပါတယ်။

မစ္စတာ ဂူန်လော့ဂ်ဆွန် ကတော့ ဗင်းထရစ် ကုမ္ပဏီ က သူ့ရှယ်ယာ တွေကို ဇနီးသည် ဖြစ်သူ ကို ရောင်းချ ထားပြီး သူ့ အနေနဲ့ ဘယ်လို အမှားအယွင်းမျိုးမှ မပြုလုပ် ခဲ့ဘူး လို့ ခုခံ ပြောဆို ခဲ့ပါတယ်။

ပေါက်ကြား လာတဲ့ စာရွက်စာတမ်း တွေ အရ လက် ရှိ နိုင်ငံ့ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အစိုးရ အကြီးအကဲ အဖြစ် တာဝန် ယူဖူး ခဲ့သူတွေ စုစုပေါင်း အယောက် ရ၀ ကျော်ဟာ ငွကြေး ခဝါ ချပေး၊ အခွန် ရှောင်ပေး တာတွေ ပြုလုပ် ပေးတဲ့ မော့ဆက် ဖွန်ဆက်ကာ ရှေ့နေ အဖွဲ့ နဲ့ ဆက်စပ် နေတာ ကို တွေ့ရပါတယ်။

 မစ္စတာ အင်ဖန်တီးနိုး အနေနဲ့ အမှားအယွင်း တစုံတရာ ပြုလုပ် ခဲ့တယ် လို့ ယူဆ နိုင်ဖွယ် ဘယ်လို အချက်အလက်မျိုး မှတော့ ပနားမား စာရွက် စာတမ်းတွေ မှာ မတွေ့ရ ပါဘူး။
တခါ၊ အဲဒီ့ ပနားမား စာရွက် စာတမ်းတွေ မှာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA ရဲ့ လက်ရှိ ဥက္ကဌသစ် ဂျားနီး အင်ဖန်တီးနိုး ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် မှာ UEFA မှာ အလုပ်လုပ် ခဲ့တုန်းက ရုပ်မြင်သံကြား မူပိုင်ခွင့် ရောင်းချ တဲ့ စာချုပ် တစ်ခု ကို တာဝန်ခံ လက်မှတ် ထိုး ခဲ့တာ ကိုလည်း ဖော်ပြ နေပါတယ်။

အဲဒီ့ မူပိုင် ခွင့် ကို ဝယ်ယူခဲ့တဲ့ဟျူဂို နဲ့ မာရီယားနိုး ဂျင်းကစ် သားအဖ ဟာ နောက်ပိုင်း FIFA ရဲ့ ငွေကြေး မသမာ ခြစားမှု တွေ အပေါ် စုံစမ်း စစ်ဆေးနေတဲ့ အမေရိကန် တရားရေး အာဏာပိုင် တွေက အလိုရှိနေသူ တွေ ဖြစ်လာ ခဲ့ပါတယ်။

မစ္စတာ အင်ဖန်တီးနိုး က UEFA အတွက် တာဝန်ယူ ရောင်းချ ချုပ်ဆို ထားတဲ့ အဲဒီ့ ရုပ်မြင်သံကြား မူပိုင်ခွင့် ကို ဂျင်းကစ် သားအဖ ဟာ ၃ ဆ နီးပါး အမြတ် နဲ့ ပြန်ရောင်း နိုင်ခဲ့ ပါတယ်။

ဒါပေမယ့် မစ္စတာ အင်ဖန်တီးနိုး အနေနဲ့ အမှားအယွင်း တစုံတရာ ပြုလုပ် ခဲ့တယ် လို့ ယူဆ နိုင်ဖွယ် ဘယ်လို အချက်အလက်မျိုး မှတော့ ပနားမား စာရွက် စာတမ်းတွေ မှာ မတွေ့ရ ပါဘူး။

အခုလို ပနားမား စာရွက်စာတမ်း တွေ အရ ထွက်ပေါ် လာတဲ့ အချက်အလက် တွေ ကို ကြည့်ရင် ဩဇာကြီး လွှမ်းမိုးနိုင်ကြတဲ့ နိုင်ငံရေး သမားတွေ၊ စီးပွားရေး သမား တွေဟာ အခွန် ရှောင်လို ကြတဲ့ အတွက် ပယ်လယ်ရပ်ခြားမှာ ကုမ္ပဏီ အယောင်ပြတွေ ဖွင့်ပြီး ပိုင်ဆိုင်သမျှ ငွေကြေး တွေ ကို ဝှက်ထား ကြတယ် ဆိုတဲ့ အချက်ဟာ ကမ္ဘာ လုံး ဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်နေတယ် ဆိုတာ ကို ဖော် ပြ နေတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက် ပါတယ်။

အမေရိကန် ကော်ပိုရေးရှင်း လုပ်ငန်းကြီး တွေ အနေနဲ့ အခွန် မပေးချင် လို့ ရှောင်ပြေးတာ မျိုး မဖြစ်အောင် ပိုမို တင်းကြပ် ကိုင်တွယ် လာတဲ့ အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှု တွေ ကိုလည်း သမ္မတ အိုဘားမား က ကြိုဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment