ပါရီၿမိဳ ့ႏွင့္ ဘရက္ဆဲလ္ၿမိဳ႕မ်ား အၾကမ္းဖက္ တုိက္ခုိက္ခံရမႈတြင္ အဓိက သံသယရွိသူအား ဖမ္းမိ






ဘရက္ဆဲလ္ ၊ဧၿပီ ၉ ရက္ ( ဆင္ဟြာ )
ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ ့ႏွင့္ ဘဲလ္ဂ်ီယံႏုိင္ငံ ဘရက္ဆဲလ္ၿမိဳ႕မ်ား အား အၾကမ္းဖက္ တုိက္ခုိက္မႈတြင္ အဓိက ပါဝင္သူ တစ္ဦးအျဖစ္ သံသယရွိသူ မုိဟာမက္ အက္ဘရီနီ ( Mohamed Abrini ) အား ဘဲယ္ဂ်ီယံ ရဲတပ္ဖြဲ ့က ဖမ္းဆီးလုိက္ၿပီ ျဖစ္ေၾကာင္း ဘဲလ္ဂ်ီယံ အစုိးရေရွ႕ေနက ဧၿပီလ ၈ ရက္တြင္ အတည္ျပဳ ေျပာၾကားသည္။
ဘဲလ္ဂ်ီယံႏုိင္ငံ Zaventem ေလဆိပ္ တုိက္ခုိက္ခံရမႈတြင္ လံုျခံဳေရး ကင္မရာမ်ားမွ တဆင့္ ဖမ္းယူထားေသာ ဦးထုပ္ေဆာင္းထားသူ အၾကမ္းဖက္သမားသည္ မုိဟာမက္အက္ဘရီနီ ႏွင့္ ရုပ္ဆင္း အသြင္သ႑ာန္ တူညီေနသည္ဟု ျပည္တြင္း မီဒီယာမ်ားက ေဖာ္ျပၾကသည္။
ထုိ ့ျပင္ ၄င္းသည္ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ တုိက္ခုိက္ခံရမႈတြင္လည္း ၾကံရာပါ တစ္ဦးအျဖစ္ ရဲတပ္ဖြဲ ့က အလုိရွိေနေသာ အၾကမ္းဖက္တရားခံ တစ္ဦးျဖစ္သည္။
အက္ဘရီနီ ၏ DNA အခ်ိဳ ့ကုိ ၂ဝ၁၆ ခုႏွစ္ မတ္လ ၂၂ ရက္က ဘရက္ဆဲလ္ၿမိဳ ့တုိက္ခုိက္မႈ မတုိင္မီ အေသခံ ဗံုးခြဲသမားမ်ား ေနထုိင္ခဲ့ေသာ Schaerbeek ၿမိဳ ့ရွိ တုိက္ခန္း တစ္ခုတြင္ ေတြ ့ရွိခဲ့သည္။
၂ဝ၁၅ ခုႏွစ္ ႏုိဝင္ဘာလတြင္ ျဖစ္ပြားခဲ့ေသာ ပါရီ အၾကမ္းဖက္မႈမတုိင္မီ ၂ ရက္အလုိတြင္ ဘဲလ္ဂ်ီယံ - ေမာ္ရုိကုိ ေသြးေႏွာ တစ္ဦးျဖစ္သူ အက္ဘရီနီ ႏွင့္ ေနာက္ထပ္ သံသယရွိသူ တစ္ဦးျဖစ္သည့္ Salah Abdeslam တုိ ့ႏွစ္ဦး၏ ပံုရိပ္မ်ားကုိ ပါရီၿမိဳ႕အဝင္ရွိ ဓါတ္ဆီဆုိင္ တစ္ဆုိင္၏ လံုျခံဳေရးကင္မရာက ဖမ္းယူရရွိခဲ့သည္။
Salah အားလက္ရ ဖမ္းဆီးမိၿပီး ေနာက္ပုိင္းတြင္ အက္ဘရီနီသည္ ပါရီ တုိက္ခုိက္မႈအတြက္ အဓိက သံသယရွိသူ တစ္ဦးအျဖစ္ ရဲတပ္ဖြဲ ့၏ အလုိခ်င္ဆံုး အၾကမ္းဖက္သမား တစ္ဦးျဖစ္လာသည္။
ဘဲလ္ဂ်ီယံေရွ ့ေနက အက္ဘရီနီ ႏွင့္အတူ အျခား အၾကမ္းဖက္သမားအျဖစ္ သံသယရွိသူ ၄ ဦးကုိလည္း ဖမ္းဆီးထားေၾကာင္း အတည္ျပဳ ေျပာၾကားသည္။
၄င္းတုိ ့အနက္ တစ္ဦးမွာ ဘရက္ဆဲလ္ၿမိဳ ့ရွိ Petillon ေျမေအာက္ဘူတာရံု ဗံုးခြဲမႈ သံယသရွိသူ Osama Krayem ျဖစ္ေၾကာင္း ရဲတပ္ဖြဲ ့ဝင္မ်ားက ဆုိသည္။
သုိ ့ေသာ္ က်န္သံုးဦး ႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကုိ ရဲတပ္ဖြဲ ့ကဆက္လက္ စံုစမ္းလွ်က္ရွိေၾကာင္း သိရသည္။
( Xinhua )
Social Action for Women - SAW

..................................


ပါရီမြို ့နှင့် ဘရက်ဆဲလ်မြို့များ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူအား ဖမ်းမိ
ဘရက်ဆဲလ် ၊ဧပြီ ၉ ရက် ( ဆင်ဟွာ )
ပြင်သစ်နိုင်ငံ ပါရီမြို ့နှင့် ဘဲလ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့များ အား အကြမ်းဖက် တိုက်ခိုက်မှုတွင် အဓိက ပါဝင်သူ တစ်ဦးအဖြစ် သံသယရှိသူ မိုဟာမက် အက်ဘရီနီ ( Mohamed Abrini ) အား ဘဲယ်ဂျီယံ ရဲတပ်ဖွဲ ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ဘဲလ်ဂျီယံ အစိုးရရှေ့နေက ဧပြီလ ၈ ရက်တွင် အတည်ပြု ပြောကြားသည်။
ဘဲလ်ဂျီယံနိုင်ငံ Zaventem လေဆိပ် တိုက်ခိုက်ခံရမှုတွင် လုံခြုံရေး ကင်မရာများမှ တဆင့် ဖမ်းယူထားသော ဦးထုပ်ဆောင်းထားသူ အကြမ်းဖက်သမားသည် မိုဟာမက်အက်ဘရီနီ နှင့် ရုပ်ဆင်း အသွင်သဏ္ဍာန် တူညီနေသည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။
ထို ့ပြင် ၄င်းသည် ပြင်သစ်နိုင်ငံ ပါရီမြို့ တိုက်ခိုက်ခံရမှုတွင်လည်း ကြံရာပါ တစ်ဦးအဖြစ် ရဲတပ်ဖွဲ ့က အလိုရှိနေသော အကြမ်းဖက်တရားခံ တစ်ဦးဖြစ်သည်။
အက်ဘရီနီ ၏ DNA အချို ့ကို ၂ဝ၁၆ ခုနှစ် မတ်လ ၂၂ ရက်က ဘရက်ဆဲလ်မြို ့တိုက်ခိုက်မှု မတိုင်မီ အသေခံ ဗုံးခွဲသမားများ နေထိုင်ခဲ့သော Schaerbeek မြို ့ရှိ တိုက်ခန်း တစ်ခုတွင် တွေ ့ရှိခဲ့သည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သော ပါရီ အကြမ်းဖက်မှုမတိုင်မီ ၂ ရက်အလိုတွင် ဘဲလ်ဂျီယံ - မော်ရိုကို သွေးနှော တစ်ဦးဖြစ်သူ အက်ဘရီနီ နှင့် နောက်ထပ် သံသယရှိသူ တစ်ဦးဖြစ်သည့် Salah Abdeslam တို ့နှစ်ဦး၏ ပုံရိပ်များကို ပါရီမြို့အဝင်ရှိ ဓါတ်ဆီဆိုင် တစ်ဆိုင်၏ လုံခြံုရေးကင်မရာက ဖမ်းယူရရှိခဲ့သည်။
Salah အားလက်ရ ဖမ်းဆီးမိပြီး နောက်ပိုင်းတွင် အက်ဘရီနီသည် ပါရီ တိုက်ခိုက်မှုအတွက် အဓိက သံသယရှိသူ တစ်ဦးအဖြစ် ရဲတပ်ဖွဲ ့၏ အလိုချင်ဆုံး အကြမ်းဖက်သမား တစ်ဦးဖြစ်လာသည်။
ဘဲလ်ဂျီယံရှေ ့နေက အက်ဘရီနီ နှင့်အတူ အခြား အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ဦးကိုလည်း ဖမ်းဆီးထားကြောင်း အတည်ပြု ပြောကြားသည်။
၄င်းတို ့အနက် တစ်ဦးမှာ ဘရက်ဆဲလ်မြို ့ရှိ Petillon မြေအောက်ဘူတာရုံ ဗုံးခွဲမှု သံယသရှိသူ Osama Krayem ဖြစ်ကြောင်း ရဲတပ်ဖွဲ ့ဝင်များက ဆိုသည်။
သို ့သော် ကျန်သုံးဦး နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ ့ကဆက်လက် စုံစမ်းလျှက်ရှိကြောင်း သိရသည်။
( Xinhua )
Social Action for Women - SAW
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment