Trump နဲ႔ Clinton သမၼတေလာင္းေတြအျဖစ္ အမည္တင္သြင္းခံရဖုိ႔ နီးစပ္



ရီပါတ္ဘလစ္ကင္ပါတီက Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီက Hillary Clinton တို႔ဟာ နယူးေရာက္မွာ က်င္းပတဲ့ ပဏာမ ေရြးေကာက္ပြဲေတြမွာ အျပတ္အသတ္ အႏိုင္ရခဲ့ ၾကတဲ့ ေနာက္ပိုင္းမွာ သက္ဆိုင္ရာသူတုိ႔ ပါတီေတြရဲ့ သမၼတ ကိုယ္စားလွယ္ေလာင္းေတြ အျဖစ္ အမည္စာရင္းတင္သြင္းခံရဖုိ႔ သိပ္ကိုနီးကပ္လာၿပီျဖစ္ပါတယ္။

အခုေတာ့ သူတုိ႔ ၂ ဦးဟာ ေနာက္ထပ္ ျပည္နယ္ ၅ ခုမွာ ေရွ႕သီတင္းပါတ္အတြင္း က်င္းပမယ့္ ပဏာမေရြးေကာက္ပြဲေတြမွာ ဆက္ၿပီး အႏိုင္ရဖုိ႔အေရး ေရွ႕ရႈလုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

လနဲ႔ခ်ီၿပီးၾကာတဲ့ အေမရိကန္ သမၼတ ကိုယ္စားလွယ္ေလာင္း မဲဆြယ္စည္းရံုးပြဲေတြထဲမွာ ေနာက္အေရးပါတဲ့ ေန႔တေန႔ကေတာ့ ဧၿပီလ ၂၆  ရက္ေန႔ ျဖစ္ပါတယ္။  အဲဒီေန႔မွာ အေမရိကန္ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ ၄ ခု ျဖစ္တဲ့ Maryland ၊ Pennsylvania ၊ Connecticut နဲ႔ Rhode Island ျပည္နယ္ေတြမွာ ရီပါတ္ဘလစ္ကင္နဲ႔ ဒီမိုကရက္တစ္ ပါတီတို႔ရဲ့ ပဏာမ ေရြးေကာက္ပြဲေတြ က်င္းပမွာ ျဖစ္ပါတယ္။ ဒီ ပဏာမ ေရြးေကာက္ပြဲေတြ မတိုင္ခင္ ေကာက္ယူတဲ့ စစ္တမ္းေတြအရ အဲဒီေနရာေတြမွာ Trump နဲ႔ Clinton တို႔ဟာ သိသိသာသာ ေရွ႕ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ျပည္နယ္ အငယ္ေလးတခုျဖစ္တဲ့ Delaware မွာလည္း အႀကိဳမဲေပးဖို႔ ရွိေနပါတယ္။

Trump ေရာ Clinton ပါ ၂ ဦးစလံုး ကေတာ့ သူတို႔ရဲ့ ပါတီေတြအတြက္ သမၼတ ကိုယ္စားလွယ္ေလာင္း အျဖစ္အေရြးေကာက္ခံရဖုိ႔ တင္သြင္းမယ့္ အမည္္စာရင္း အတည္မျဖစ္ၾက ေသးပါဘူး။ ဒါေပမယ့္ သူတုိ႔ ၂ ဦးစလံုးဟာ ရီပါတ္ဘလစ္ကင္နဲ႔ ဒီမိုကရက္တစ္ပါတီေတြရဲ့ ညီလာခံေတြ က်င္းပမယ့္ ဇူလိုင္လ မတိုင္ခင္ေတာ့ အတည္ျဖစ္လာ ႏုိင္ပါတယ္။

အဂၤါေန႔က က်င္းပခဲ့တဲ့ ပဏာမ ေရြးေကာက္ပြဲမွာ နယူးေရာက္ရဲ့ ရီပါတ္ဘလစ္ကင္ပါတီ ကိုယ္စားလွယ္မဲေတြ အားလံုးနီးပါး ရရွိခဲ့တဲ့ Trump က သူ႔ရဲ့ အဓိက ၿပိဳင္ဘက္ျဖစ္တဲ့ Texas အထက္လႊတ္ေတာ္အမတ္ Ted Cruz ဟာ သခ်ၤာနည္းအရ တြက္ခ်က္ရင္ သူဟာ ဇူလိုင္လလယ္ က်င္းပမယ့္ ပါတီညီလာခံ မတိုင္ခင္ အေရးရံႈးနိမ့္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

Clinton ကေတာ့ ဇူလိုင္လ ေႏွာင္းပိုင္းမွာ က်င္းပမယ့္ ဒီမိုကရက္တစ္ ပါတီရဲ့ သမၼတကိုယ္စားလွယ္ေလာင္း အျဖစ္ အမည္စာရင္း အတင္သြင္း ခံရဖုိ႔ ေသခ်ာလုနီးပါး ရွိေနၿပီး အတင္သြင္းခံခဲ့ရရင္ သူဟာ အေမရိကန္ ႏုိင္ငံမွာ ပထမဆံုး ဒီမိုကရက္တစ္ ပါတီရဲ့ အမ်ိဳးသမီး သမၼတကိုယ္စားလွယ္ေလာင္း ျဖစ္လာမွာ ျဖစ္ပါတယ္။

ဒီမိုကရက္တစ္ပါတီရဲ့ သမၼတကိုယ္စားလွယ္ေလာင္း ျဖစ္ဖို႔အတြက္ ေထာက္ခံေပးမယ့္ ကိုယ္စားလွယ္အေရအတြက္ ၂၃၈၃ ဦးလိုအပ္သလို ရီပါတ္ဘလစ္ကင္ပါတီအတြက္ေတာ့ ကိုယ္စားလွယ္အေရအတြက္ ၁၂၃၇ ဦး လိုအပ္တာပါ။  အခု Donald Trump ကို ေထာက္ခံတဲ့ ကို္ယ္စားလွယ္ ၈၄၅ ဦးနဲ႔    Hillary Clinton က ေထာက္ခံ ကိုယ္စားလွယ္က ၁၈၈၇ ဦး ရရွိထားၿပီ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................


ရီပါတ်ဘလစ်ကင်ပါတီက Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက Hillary Clinton တို့ဟာ နယူးရောက်မှာ ကျင်းပတဲ့ ပဏာမ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့ ကြတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာသူတို့ ပါတီတွေရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းတွေ အဖြစ် အမည်စာရင်းတင်သွင်းခံရဖို့ သိပ်ကိုနီးကပ်လာပြီဖြစ်ပါတယ်။

အခုတော့ သူတို့ ၂ ဦးဟာ နောက်ထပ် ပြည်နယ် ၅ ခုမှာ ရှေ့သီတင်းပါတ်အတွင်း ကျင်းပမယ့် ပဏာမရွေးကောက်ပွဲတွေမှာ ဆက်ပြီး အနိုင်ရဖို့အရေး ရှေ့ရှုလုပ်ဆောင်နေပြီဖြစ်ပါတယ်။

လနဲ့ချီပြီးကြာတဲ့ အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲတွေထဲမှာ နောက်အရေးပါတဲ့ နေ့တနေ့ကတော့ ဧပြီလ ၂၆  ရက်နေ့ ဖြစ်ပါတယ်။  အဲဒီနေ့မှာ အမေရိကန် အရှေ့မြောက်ပိုင်း ပြည်နယ် ၄ ခု ဖြစ်တဲ့ Maryland ၊ Pennsylvania ၊ Connecticut နဲ့ Rhode Island ပြည်နယ်တွေမှာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ် ပါတီတို့ရဲ့ ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ ပဏာမ ရွေးကောက်ပွဲတွေ မတိုင်ခင် ကောက်ယူတဲ့ စစ်တမ်းတွေအရ အဲဒီနေရာတွေမှာ Trump နဲ့ Clinton တို့ဟာ သိသိသာသာ ရှေ့ဆောင်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ် အငယ်လေးတခုဖြစ်တဲ့ Delaware မှာလည်း အကြိုမဲပေးဖို့ ရှိနေပါတယ်။

Trump ရော Clinton ပါ ၂ ဦးစလုံး ကတော့ သူတို့ရဲ့ ပါတီတွေအတွက် သမ္မတ ကိုယ်စားလှယ်လောင်း အဖြစ်အရွေးကောက်ခံရဖို့ တင်သွင်းမယ့် အမည််စာရင်း အတည်မဖြစ်ကြ သေးပါဘူး။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးဟာ ရီပါတ်ဘလစ်ကင်နဲ့ ဒီမိုကရက်တစ်ပါတီတွေရဲ့ ညီလာခံတွေ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင်တော့ အတည်ဖြစ်လာ နိုင်ပါတယ်။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပဏာမ ရွေးကောက်ပွဲမှာ နယူးရောက်ရဲ့ ရီပါတ်ဘလစ်ကင်ပါတီ ကိုယ်စားလှယ်မဲတွေ အားလုံးနီးပါး ရရှိခဲ့တဲ့ Trump က သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Texas အထက်လွှတ်တော်အမတ် Ted Cruz ဟာ သချင်္ာနည်းအရ တွက်ချက်ရင် သူဟာ ဇူလိုင်လလယ် ကျင်းပမယ့် ပါတီညီလာခံ မတိုင်ခင် အရေးရှုံးနိမ့်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Clinton ကတော့ ဇူလိုင်လ နှောင်းပိုင်းမှာ ကျင်းပမယ့် ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း အတင်သွင်း ခံရဖို့ သေချာလုနီးပါး ရှိနေပြီး အတင်သွင်းခံခဲ့ရရင် သူဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသမီး သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ဖို့အတွက် ထောက်ခံပေးမယ့် ကိုယ်စားလှယ်အရေအတွက် ၂၃၈၃ ဦးလိုအပ်သလို ရီပါတ်ဘလစ်ကင်ပါတီအတွက်တော့ ကိုယ်စားလှယ်အရေအတွက် ၁၂၃၇ ဦး လိုအပ်တာပါ။  အခု Donald Trump ကို ထောက်ခံတဲ့ ကို်ယ်စားလှယ် ၈၄၅ ဦးနဲ့    Hillary Clinton က ထောက်ခံ ကိုယ်စားလှယ်က ၁၈၈၇ ဦး ရရှိထားပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment