သူလွ်ဳိလုပ္ရပ္ တ႐ုတ္အစုိးရတုိးျမွင့္ႏွိမ္နင္း

ႏိုင္ငံျခားသားသူလွ်ိဳအႏၱရာယ္ကို သတိထားၾကဖို႔ အမ်ားျပည္သူသတိေပးခ်က္ထုတ္ျပန္ထားတဲ့ ပိုစတာ တခု အေရွ႕ ျမင္ကြင္း။
တ႐ုတ္ႏုိင္ငံမွာ အဆင့္ျမင့္ သူလွ်ိဳေထာက္လွမ္းမႈေတြကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကို ၿပီးခဲ့တဲ့လေတြတြင္း အရွိန္ျမင့္လုပ္ေဆာင္လာတဲ့အထဲ ရာဇ၀တ္မႈႏွစ္ခုကို စီရင္ခ်က္ခ်ခဲ့တာနဲ႔အတူ ႏုိင္ငံျခားသားသူလွ်ိဳေတြရဲ႕ အႏၱရာယ္ကို သတိထားၾကဖို႔ အမ်ားျပည္သူသတိေပးခ်က္ေတြလည္း ထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ ကြန္ပ်ဴတာနည္းပညာရွင္ Huang Huang ကို ႏိုင္ငံျခားကသူလွ်ိဳေတြကို အကူအညီေပးမႈနဲ႔ တ႐ုတ္အစိုးရက ေသဒဏ္ ခ်မွတ္ခဲ့တာပါ။ ဒီ့အရင္ တလတုန္းကလည္း ေျမာက္ကိုရီးယားနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံဘက္ျခမ္းမွာ ကေဖးဆိုင္တခုဖြင့္ထားတဲ့ ကေနဒါႏိုင္ငံသားတဦးကို တ႐ုတ္အစိုးရရဲ႕ လွ်ိဳ႕၀ွက္ အခ်က္အလက္ေတြကို ေထာက္လွမ္း ခိုးယူမႈနဲ႔ တရားစြဲဆိုထားတဲ့အေၾကာင္း တ႐ုတ္အစိုးရ ေၾကညာထားပါတယ္။

Huang ကို ျပစ္ဒဏ္ခ်မွတ္တဲ့ေန႔ဟာ တ႐ုတ္ႏိုင္ငံမွာ ပထမဆံုးက်င္းပတဲ့ ႏုိင္ငံေတာ္ လံုၿခံဳေရး အသိပညာေပးေန႔ နဲ႔ တိုက္ဆိုင္ခဲ့ပါတယ္။ ကြန္ပ်ဴတာ အြန္လုိင္းေပၚက အခ်က္အလက္ေတြ လံုၿခံဳေရး အထူး လုပ္ေဆာင္ေပးတဲ့ နည္းပညာကုမၸဏီတခုမွာ အလုပ္လုပ္ေနတဲ့ Huang ဟာ ၂၀၀၂ ခုႏွစ္ ကေန ၂၀၁၁ ခုႏွစ္တြင္း ဘယ္ႏို္င္ငံျခားတိုင္းျပည္ ဆုိတာကို ေဖာ္ျပမထားတဲ့ ႏုိင္ငံတခုကို အေရးပါတဲ့ အခ်က္အလက္ေတြ ေထာက္ပံ့ေပးခဲ့ၿပီး ေဒၚလာ ၇ သိန္း ရခဲ့တယ္လို႔ တ႐ုတ္အစိုးရသတင္းဌာန CCTV မွာ ေဖာ္ျပထားပါတယ္။

Huang ရဲ႕မိခင္ျဖစ္သူနဲ႔ ေယာက္ဖ တို႔ကိုလည္း သူ႔ကို ကူညီအားေပးမႈနဲ႔ ျပစ္ဒဏ္ ခ်မွတ္ခဲ့ပါေသးတယ္။ Huang အေပၚ ျပစ္ဒဏ္ခ်မွတ္မႈနဲ႔ အခုလုိ တ႐ုတ္အစိုးရရဲ႕ သူလွ်ိဳေထာက္လွမ္းမႈ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြဟာ ႏုိင္ငံျခားသားေတြ အေပၚ မုန္းတီးစိတ္ေတြ ပိုၿပီး မ်ားလာေအာင္ လုပ္ေဆာင္ရာက်တယ္လို႔ လူအခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ Amnesty International အဖြဲ႔က တ႐ုတ္သုေတသီ William Nee က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................


နိုင်ငံခြားသားသူလျှိုအန္တရာယ်ကို သတိထားကြဖို့ အများပြည်သူသတိပေးချက်ထုတ်ပြန်ထားတဲ့ ပိုစတာ တခု အရှေ့ မြင်ကွင်း။
တရုတ်နိုင်ငံမှာ အဆင့်မြင့် သူလျှိုထောက်လှမ်းမှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့လတွေတွင်း အရှိန်မြင့်လုပ်ဆောင်လာတဲ့အထဲ ရာဇဝတ်မှုနှစ်ခုကို စီရင်ချက်ချခဲ့တာနဲ့အတူ နိုင်ငံခြားသားသူလျှိုတွေရဲ့ အန္တရာယ်ကို သတိထားကြဖို့ အများပြည်သူသတိပေးချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကွန်ပျူတာနည်းပညာရှင် Huang Huang ကို နိုင်ငံခြားကသူလျှိုတွေကို အကူအညီပေးမှုနဲ့ တရုတ်အစိုးရက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီ့အရင် တလတုန်းကလည်း မြောက်ကိုရီးယားနဲ့နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ ကဖေးဆိုင်တခုဖွင့်ထားတဲ့ ကနေဒါနိုင်ငံသားတဦးကို တရုတ်အစိုးရရဲ့ လျှို့ဝှက် အချက်အလက်တွေကို ထောက်လှမ်း ခိုးယူမှုနဲ့ တရားစွဲဆိုထားတဲ့အကြောင်း တရုတ်အစိုးရ ကြေညာထားပါတယ်။

Huang ကို ပြစ်ဒဏ်ချမှတ်တဲ့နေ့ဟာ တရုတ်နိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတော် လုံခြုံရေး အသိပညာပေးနေ့ နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ကွန်ပျူတာ အွန်လိုင်းပေါ်က အချက်အလက်တွေ လုံခြံုရေး အထူး လုပ်ဆောင်ပေးတဲ့ နည်းပညာကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ Huang ဟာ ၂၀၀၂ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်တွင်း ဘယ်နို်င်ငံခြားတိုင်းပြည် ဆိုတာကို ဖော်ပြမထားတဲ့ နိုင်ငံတခုကို အရေးပါတဲ့ အချက်အလက်တွေ ထောက်ပံ့ပေးခဲ့ပြီး ဒေါ်လာ ရ သိန်း ရခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန CCTV မှာ ဖော်ပြထားပါတယ်။

Huang ရဲ့မိခင်ဖြစ်သူနဲ့ ယောက်ဖ တို့ကိုလည်း သူ့ကို ကူညီအားပေးမှုနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။ Huang အပေါ် ပြစ်ဒဏ်ချမှတ်မှုနဲ့ အခုလို တရုတ်အစိုးရရဲ့ သူလျှိုထောက်လှမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံခြားသားတွေ အပေါ် မုန်းတီးစိတ်တွေ ပိုပြီး များလာအောင် လုပ်ဆောင်ရာကျတယ်လို့ လူအခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တရုတ်သုတေသီ William Nee က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment