ဂ်ပန္ေတာင္ပိုင္း ၂၄ နာရီ ေက်ာ္ အခ်ိန္အတြင္း ဒုတိယအႀကိမ္ ငလ်င္လွဳပ္

ဒုတိယ အႀကိမ္ ပင္မ ငလ်င္ႀကီး အၿပီး ေနာက္ဆက္တြဲ ငလ်င္ အေသးစား ေတြ လည္း လွုပ္ခတ္။
ဂ်ပန္နိုင္ငံ ကူမာမိုတို ၿမိဳ႕အနီးမွာ ျပင္းအား ပမာဏ ၇.၁ ရွိတဲ့ အင္အားျပင္းထန္တဲ့ ငလ်င္ တစ္ခု ထပ္မံ လွုပ္ခတ္ ခဲ့ျပန္ ပါတယ္။

ၾကာသာပေတး ေန႔က လွုပ္ခတ္ခဲ့တဲ့ ငလ်င္ဒဏ္ ခံခဲ့ရတဲ့ ေဒသမွာ ပဲ ၂၄ နာရီ ေက်ာ္ေက်ာ္ေလး အတြင္းမွာ ဒုတိယ အႀကိမ္ ထပ္ၿပီး လွုပ္ခဲ့တာ ျဖစ္ပါတယ္။

ကူမာမိုတို ၿမိဳ႕ေပၚမွာ အေတာ္ေလး အထိခိုက္ အပ်က္အစီး မ်ားျပားၿပီး အေဆာက္အဦေတြ ၿပိဳက် ခဲ့သလို၊ ေနရာ တခ်ိဳ႕မွာ မီးေလာင္ ေနၿပီး၊ ေဆး႐ုံ လည္း ထိခိုက္ သြားတဲ့ အတြက္ လူနာ ေတြကို ကယ္ထုတ္ ခဲ့ရပါတယ္။

ေနာက္ဆုံး ရရွိထားတဲ့ သတင္းေတြ အရေတာ့ ဒီတစ္ေခါက္ ငလ်င္ဒဏ္ေၾကာင့္ အနည္းဆုံး ၃ ဦး ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာ ရရွိ ခဲ့ၾကပါတယ္။

ေနအိမ္ေတြက ေန ကယ္ထုတ္ လလာခဲ့ရတဲ့ ေထာင္နဲ႔ ခ်ီတဲ့ လူေတြဟာ တခ်ိဳ႕လည္း ေစာင္ေတြ ျခဳံရင္းသား လမ္းမေပၚေတြ၊ ပန္းၿခံေတြ မွာ ထိုင္ေနၾကတာ ကို ႐ုပ္ျမင္သံၾကား မွာ ေတြ႕ေန ရပါတယ္။

အေဆာင္အဦေတြထဲ ပိတ္မိေနၾကတဲ့ သူေတြ လည္း ရွိေနတယ္ ဆိုတဲ့ သတင္းေတြလည္း ရရွိ ထားပါတယ္။

အခု ဒုတိယ အႀကိမ္ ပင္မ ငလ်င္ႀကီး အၿပီး ေနာက္ဆက္တြဲ ငလ်င္ အေသးစား ေတြ လည္း လွုပ္ခတ္ ခဲ့ပါတယ္။

ငလ်င္ေၾကာင့္ ဘယ္ေလာက္ အတိုင္းအတာထိ ထိခိုက္ ပ်က္စီး သြားသလဲ ဆိုတာကို အတိတက် သိနိုင္ဖို႔ အစိုးရက ေဆာင္ရြက္ ေနတယ္ ဆိုၿပီး ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘးက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

...........................................


ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ်။
ဂျပန်နိုင်ငံ ကူမာမိုတို မြို့အနီးမှာ ပြင်းအား ပမာဏ ရ.၁ ရှိတဲ့ အင်အားပြင်းထန်တဲ့ ငလျင် တစ်ခု ထပ်မံ လှုပ်ခတ် ခဲ့ပြန် ပါတယ်။

ကြာသာပတေး နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပဲ ၂၄ နာရီ ကျော်ကျော်လေး အတွင်းမှာ ဒုတိယ အကြိမ် ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကူမာမိုတို မြို့ပေါ်မှာ အတော်လေး အထိခိုက် အပျက်အစီး များပြားပြီး အဆောက်အဦတွေ ပြိုကျ ခဲ့သလို၊ နေရာ တချို့မှာ မီးလောင် နေပြီး၊ ဆေးရုံ လည်း ထိခိုက် သွားတဲ့ အတွက် လူနာ တွေကို ကယ်ထုတ် ခဲ့ရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ဒီတစ်ခေါက် ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ကြပါတယ်။

နေအိမ်တွေက နေ ကယ်ထုတ် လလာခဲ့ရတဲ့ ထောင်နဲ့ ချီတဲ့ လူတွေဟာ တချို့လည်း စောင်တွေ ခြုံရင်းသား လမ်းမပေါ်တွေ၊ ပန်းခြံတွေ မှာ ထိုင်နေကြတာ ကို ရုပ်မြင်သံကြား မှာ တွေ့နေ ရပါတယ်။

အဆောင်အဦတွေထဲ ပိတ်မိနေကြတဲ့ သူတွေ လည်း ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

အခု ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ် ခဲ့ပါတယ်။

ငလျင်ကြောင့် ဘယ်လောက် အတိုင်းအတာထိ ထိခိုက် ပျက်စီး သွားသလဲ ဆိုတာကို အတိတကျ သိနိုင်ဖို့ အစိုးရက ဆောင်ရွက် နေတယ် ဆိုပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment