




တိုက်အခံတွေနဲ့ ပါ တွေ့ ဆုံးဆွေးနွေးခဲ့ကြောင်း သတင်းတွေ မှာဖေါ်ပြထား တာတွေ့ ရပြီး ဘယ်ခေါင်းဆောင်ကမှ နယ်စပ်ဒုက္ခသည်တွေ နဲ့  တိုင်းပြည် တွင်းမှာ သဘာဝ ကပ်ဆိုးကြောင်း အိုးမဲ့အိမ်မယ့်ဖြစ်ခဲ့ရသူေ တွအတွက် လာရောက်ကူညီပေးဖို့  တောင်းဆိုကမ်းလှမ်းတာ မျိုး သတင်းထုတ်ပြန်တာ မျိုးမရှိခဲ့တာ တွေ့ ရပါတယ်။

AK USA

April 25, 16

.......................................


ငြိမ်းချမ်းစွာ အိမ်ရာထူထောင်ရေးလုပ်နေသူ အမေရိကန် သမ္မတဟောင်း
Posted on 25-4-2016
ကမ္ဘာ ့နိုင်ငံရေးခေါင်းဆောင်တွေမှာ အနားယူပြီး တဲ့နောက် လူမှုရေးကို ဇောက်ချ လုပ်ကိုင်ခဲ့သူတွေ သိတ်များများမရှိပါဘူး၊ လူရိုသေပြီး နံမည်ကောင်းရအောင် လူမှုရေးလုပ်တယ်လို ့ နံမည်ခံပြီး တပည့်တပန်းတွေ ၀န်ထမ်းတွေ နဲ ့သာ လွဲထားကြတာတွေများပါတယ်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာကတော့ အမေရိကန် သမ္မတ ရာထူးကနေ အနားယူပြီး လူမှုရေးကို တကယ့် လက်တွေ ့ကျကျ လုပ်နေသူပဲဖြစ်ပါတယ်။
ရေတပ်အရာရှိ မိဘတွေ လယ်သမားမျိုးရိုး ကာတာ ဟာ သူရဲ ့ ကမ္ဘာတဝန်းက အိုးအိမ်မရှိတဲ့သူတွေ သဘာဝဘေးဒုက္ခကြောင့် နေစရာမဲ့ ဖြစ်နေသူတွေကို
အဆောက်အဦးတွေ လိုက်ဆောက်ပေးနေတဲ့
The Carter Center ကိုထူထောင်ပြီး ခိုကိုးရာမရှိ ဖြစ်နေသူတွေကို သူကိုယ်တိုင် အိမ်ယာတွေလိုက်ဆောက်ပေးနေတဲ့ မွန်မြတ်တဲ့ လုပ်ရပ်ကြောင့် သူရဲ ့ နိုင်ငံရေး ဟာ မှိန်မသွားပဲ ယနေ ့အချိန်ထိ ရှင်သန်နေခဲ့ပါတယ်။
၂၀၁၃ခုနှစ်မှာကာတာနဲ ့အဖွဲ ့ဟာ မြန်မာနိုင်ငံက ခေါင်းဆောင်တွေရောအ
တိုက်အခံတွေနဲ ့ပါ တွေ ့ဆုံးဆွေးနွေးခဲ့ကြောင်း သတင်းတွေ မှာဖေါ်ပြထား တာတွေ ့ရပြီး ဘယ်ခေါငး်ဆောင်ကမှ နယ်စပ်ဒုက္ခသည်တွေ နဲ ့ တိုင်းပြည် တွင်းမှာ သဘာဝ ကပ်ဆိုးကြောင်း အိုးမဲ့အိမ်မယ့်ဖြစ်ခဲ့ရသူေ တွအတွက် လာရောက်ကူညီပေးဖို ့ တောင်းဆိုကမ်းလှမ်းတာ မျိုး သတင်းထုတ်ပြန်တာ မျိုးမရှိခဲ့တာ တွေ ့ရပါတယ်။
ကာတာဟာ ငွေထုတ်ပိုက်လာပြီး ရော ့ဆိုပေးမယ့်သူမဟုတ်သလို အကူညီပေးဖို ့ အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်ကိုလဒ်ငွေထိုး မှာမဟုတ်ပါဘူး ။အကျိုး အကြောင်း အချက်လက်ကို ့လေ ့လာပြီးမှ ကူညီမယ့်သူကို ဘာအချက် အလက် တောင်းဆိုတာမျိုး မှ တင်ပြခဲ့တာမရှိခဲ့ သေးပါဘူး။
တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေမှာနိုင်ငံတကာကို ငွေလိုက်ချေးနေတာထက် ခုလို ပြည် တွင်းမှာ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေအတွက် ကူညီမယ့် အဖွဲ ့တွေရဲ ့ ၀ိုင်းရံအင်အား လည်း လိုအပ်မှာဖြစ်ပါတယ်။
ကာတာ စင်တာကို ဆက်သွယ်ရမယ့် လိတ်စာပါ။
http://www.cartercenter.org/about/contact.html
AK USA
Social Action for Women - SAW
April 25, 16
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment