ဆိုင္ကယ္ဗံုးခြဲ အၾကမ္းဖက္သမားကို လိုက္လံဖမ္းဆီး


မေန႔ဧျပီလ ၁၁ ရက္ေန႔ညေနပိုင္းတြင္ ျဖစ္ပြားခဲ့ေသာ ဆုန္ခလာခရိုင္ က်န မီးရထားဘူတာေရွ႕ဗံုးေပါက္ကြဲမႈတြင္ ၂ဦးေသဆံုး၍ ၁၅ ဦးဒဏ္ရာရရွိ ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါကိစၥႏွင့္ ပါတ္သက္ျပီး ဘူတာရံုေရွ႕ရွိ cctv ကို စစ္ေဆးၾကည့္ရာ တရားခံ၏ ပံုပန္းသ႑ာန္ကို ေသခ်ာစြာျမင္ေတြ႔ရတယ္လို႔ တာ၀န္ရွိသူမ်ားကေျပာပါတယ္။ တရားခံဟာ ဟြန္ဒါေ၀့ဆိုင္ကယ္ အနက္ေရာင္ကို ေမာင္းႏွင္လာျပီး က်နရဲစခန္းမွ ေထာက္လွန္းစစ္ေဆးေရး ကားေဘးတြင္ လာရပ္ထားတာကိုေတြ႔ရျပီး ဆိုင္ကယ္နံပါတ္ကိုေတာ့ မသိရဘူးလို႔ေျပာပါတယ္။ တရားခံမွာ အကၤ်ီအနက္ေရာင္ ၀တ္ဆင္ထားျပီး ဆိုင္ကယ္ဦးထုတ္ေဆာင္းထားသျဖင့္ မ်က္ႏွာကို ေသခ်ာမျမင္ႏိူင္ဘူးလို႔ သိရပါတယ္။

အဲဒီေနာက္ ဗံုးေထာင္ထားေသာ ဆိုင္ကယ္ကို ဒီအတိုင္းပစ္ထားကာ ထြက္သြားသည့္အတြက္ ေနာက္ထပ္ပူးေပါင္းေဆာင္ရြက္သူမ်ားမွ လာၾကိဳသြားတာျဖစ္ႏိူင္တယ္လို႔ ယူဆထားတယ္လို႔ သိရပါတယ္။ ရဲအရာရွိႏွစ္ဦး လမ္းေလွ်ာက္လာရာကာ ကားရပ္နားရာ ေနရာေရာက္သည္ႏွင့္ တျပိဳင္နက္ ဆိုင္ကယ္တြင္ တပ္ဆင္ထားေသာဗံုးမွာ ေပါက္ကြဲသျဖင့္ က်နရဲစခန္းမွ ရဲမႈး မစ္စတာ ရြတ္ခ်ိဳင္းยอดชาย บุญส่ง ႏွင့္ သူငယ္ခ်င္းျဖစ္သူတို႔ ၎ေနရာမွာ တင္ပြဲခ်င္းျပီး ေသဆံုးျပီး အနီးပတ္၀န္းက်င္မွ လူမ်ားဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။ ယခုျဖစ္ပြားခဲ့ေသာကိစၥမွာ တရားခံမ်ားဟာ မိမိတို႔၏ပစ္မွတ္ကို ေသခ်ာေရြးခ်ယ္ထားျပီး အခ်ိန္ယူ၍ စီစဥ္ေဆာင္ရြက္ထားတယ္လို႔ ယူဆၾကပါတယ္။

အၾကမ္းဖက္သမားမ်ားမွာ အနည္းဆံုးႏွစ္ေယာက္အထက္မွာ ရွိႏိူင္ျပီး နယ္ေျမတြင္းမွာရွိေသာ အၾကမ္းဖက္အဖြဲ႔မ်ားထဲမွ တစ္ဖြဲ႔ဖြဲ႔ျဖစ္နိူင္ျပီး ဘယ္အဖြဲ႔လဲဆိုတာကိုေတာ့ ေသခ်ာစြာထုတ္ေဖာ္ေျပာဆိုႏိူင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

MTF Channel
https://www.facebook.com/mtftv
...................................


မနေ့ဧပြီလ ၁၁ ရက်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ဆုန်ခလာခရိုင် ကျန မီးရထားဘူတာရှေ့ဗုံးပေါက်ကွဲမှုတွင် ၂ဦးသေဆုံး၍ ၁၅ ဦးဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ဘူတာရုံရှေ့ရှိ cctv ကို စစ်ဆေးကြည့်ရာ တရားခံ၏ ပုံပန်းသဏ္ဍာန်ကို သေချာစွာမြင်တွေ့ရတယ်လို့ တာဝန်ရှိသူများကပြောပါတယ်။ တရားခံဟာ ဟွန်ဒါဝေ့ဆိုင်ကယ် အနက်ရောင်ကို မောင်းနှင်လာပြီး ကျနရဲစခန်းမှ ထောက်လှန်းစစ်ဆေးရေး ကားဘေးတွင် လာရပ်ထားတာကိုတွေ့ရပြီး ဆိုင်ကယ်နံပါတ်ကိုတော့ မသိရဘူးလို့ပြောပါတယ်။ တရားခံမှာ အင်္ကျီအနက်ရောင် ၀တ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းထားသဖြင့် မျက်နှာကို သေချာမမြင်နိူင်ဘူးလို့ သိရပါတယ်။

အဲဒီနောက် ဗုံးထောင်ထားသော ဆိုင်ကယ်ကို ဒီအတိုင်းပစ်ထားကာ ထွက်သွားသည့်အတွက် နောက်ထပ်ပူးပေါင်းဆောင်ရွက်သူများမှ လာကြိုသွားတာဖြစ်နိူင်တယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။ ရဲအရာရှိနှစ်ဦး လမ်းလျှောက်လာရာကာ ကားရပ်နားရာ နေရာရောက်သည်နှင့် တပြိုင်နက် ဆိုင်ကယ်တွင် တပ်ဆင်ထားသောဗုံးမှာ ပေါက်ကွဲသဖြင့် ကျနရဲစခန်းမှ ရဲမှုး မစ်စတာ ရွတ်ချိုင်းยอดชาย บุญส่ง နှင့် သူငယ်ချင်းဖြစ်သူတို့ ၎င်းနေရာမှာ တင်ပွဲချင်းပြီး သေဆုံးပြီး အနီးပတ်ဝန်းကျင်မှ လူများဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ပွားခဲ့သောကိစ္စမှာ တရားခံများဟာ မိမိတို့၏ပစ်မှတ်ကို သေချာရွေးချယ်ထားပြီး အချိန်ယူ၍ စီစဉ်ဆောင်ရွက်ထားတယ်လို့ ယူဆကြပါတယ်။

အကြမ်းဖက်သမားများမှာ အနည်းဆုံးနှစ်ယောက်အထက်မှာ ရှိနိူင်ပြီး နယ်မြေတွင်းမှာရှိသော အကြမ်းဖက်အဖွဲ့များထဲမှ တစ်ဖွဲ့ဖွဲ့ဖြစ်နိူင်ပြီး ဘယ်အဖွဲ့လဲဆိုတာကိုတော့ သေချာစွာထုတ်ဖော်ပြောဆိုနိူင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

MTF Channel
https://www.facebook.com/mtftv
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment