ေျမာက္ကိုရီယားကို တရုတ္အေရးယူ ကန္႔သတ္

တ႐ုတ္ႏုိင္ငံရွိ ေျမာက္ကိုရီးယားသံရံုးေရွ႕ လံုၿခံဳေရးထားရွိပံု (ေဖဖ၀ါရီ ၇၊ ၂၀၁၆)
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယားနဲ႔ ပဲ့ထိန္းတပ္ဒံုးက်ည္ အစီအစဥ္ေတြေၾကာင့္ ကုလသမဂၢက ေနာက္ဆံုးခ်မွတ္လိုက္တဲ့ ပိုမိုျပင္းထန္တဲ့ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈသစ္ေတြနဲ႔အညီ တ႐ုတ္ႏုိင္ငံက ေျမာက္ကိုရီးယားအေပၚ စီးပြားေရးအရ ကန္႔သတ္မႈတခ်ိဳ႕ ခ်မွတ္လုိက္ပါတယ္။

မဟာမိတ္ ေျမာက္ကိုရီးယားကို ေလယာဥ္ ဆီ တင္ပို႔တာ ရပ္မယ့္အျပင္ ေက်ာက္မီးေသြး၊ ေရႊ၊ titanium နဲ႔ တျခား ရွားပါး ဓာတ္သတၳဳ တင္ပို႔တာေတြကိုပါ ရပ္မယ္လုိ႔ တ႐ုတ္အစိုးရက ဒီကေန႔ ေၾကညာလိုက္တာပါ။ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယား ဒါမွမဟုတ္ မစ္ဇိုင္းဒံုးလက္နက္ အစီအစဥ္ေတြနဲ႔ မဆက္စပ္တဲ့ အရပ္ဘက္သံုးဖို႔ရည္ရြယ္တဲ့ ကုန္ပစၥည္းေတြကိုေတာ့ ကန္႔သတ္မႈေတြကေန ခၽြင္းခ်က္ထား ခြင့္ျပဳမယ္လို႔ ဆိုပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီဟာ ေျမာက္ကိုရီးယားအေပၚ ပိုပိုျပင္းထန္တဲ့ ဒဏ္ခတ္မႈေတြကို ၿပီးခဲ့တဲ့ လကပဲ အတည္ျပဳ ခ်မွတ္ခဲ့တာပါ။

ဒီအထဲမွာ ေျမာက္ကိုရီးယားနဲ႔ အ၀င္အထြက္လုပ္တဲ့ ကုန္တင္ယာဥ္အားလံုးကို မျဖစ္မေန စစ္ေဆးတာနဲ႔ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယား အစီအစဥ္ေတြ အတြက္ ၀င္ေငြရွာေပးေနတဲ့ တြင္းထြက္ပစၥည္း ပို႔ကုန္အမ်ားစုကို ပိတ္ပင္တာေတြ ပါပါတယ္။ ၿပီးခဲ့တဲ့ ဇန္န၀ါရီလထဲ ေျမာက္ကိုရီးယားက ႏ်ဴကလီးယား စမ္းသပ္မႈတခု လုပ္ခဲ့ၿပီး ေဖေဖာ္၀ါရီလထဲမွာလည္း တာေ၀းပစ္ေရာ့ကတ္ဒံုးက်ည္ ပစ္လႊတ္တာေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ ကုလသမဂၢ ခုလို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ တိုးျမင့္ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...............................................


တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးရှေ့ လုံခြုံရေးထားရှိပုံ (ဖေဖဝါရီ ရ၊ ၂၀၁၆)
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေကြောင့် ကုလသမဂ္ဂက နောက်ဆုံးချမှတ်လိုက်တဲ့ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုသစ်တွေနဲ့အညီ တရုတ်နိုင်ငံက မြောက်ကိုရီးယားအပေါ် စီးပွားရေးအရ ကန့်သတ်မှုတချို့ ချမှတ်လိုက်ပါတယ်။

မဟာမိတ် မြောက်ကိုရီးယားကို လေယာဉ် ဆီ တင်ပို့တာ ရပ်မယ့်အပြင် ကျောက်မီးသွေး၊ ရွှေ၊ titanium နဲ့ တခြား ရှားပါး ဓာတ်သတ္ထု တင်ပို့တာတွေကိုပါ ရပ်မယ်လို့ တရုတ်အစိုးရက ဒီကနေ့ ကြေညာလိုက်တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒါမှမဟုတ် မစ်ဇိုင်းဒုံးလက်နက် အစီအစဉ်တွေနဲ့ မဆက်စပ်တဲ့ အရပ်ဘက်သုံးဖို့ရည်ရွယ်တဲ့ ကုန်ပစ္စည်းတွေကိုတော့ ကန့်သတ်မှုတွေကနေ ချွင်းချက်ထား ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီဟာ မြောက်ကိုရီးယားအပေါ် ပိုပိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေကို ပြီးခဲ့တဲ့ လကပဲ အတည်ပြု ချမှတ်ခဲ့တာပါ။

ဒီအထဲမှာ မြောက်ကိုရီးယားနဲ့ အဝင်အထွက်လုပ်တဲ့ ကုန်တင်ယာဉ်အားလုံးကို မဖြစ်မနေ စစ်ဆေးတာနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေ အတွက် ၀င်ငွေရှာပေးနေတဲ့ တွင်းထွက်ပစ္စည်း ပို့ကုန်အများစုကို ပိတ်ပင်တာတွေ ပါပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတခု လုပ်ခဲ့ပြီး ဖေဖော်ဝါရီလထဲမှာလည်း တာဝေးပစ်ရော့ကတ်ဒုံးကျည် ပစ်လွှတ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြင့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment