



၁၀။ Lauren Young




၉။ Julie Anne San Jose



၈။ Julia Barretto



၇။ Liza Soberano



၆။ Kathryn Bernardo



၅။ Nadine Lustre



၎။ Myrtle Sarrosa



၃။ Janella Salvador



၂။ Julia Montes


၁။ Janine Gutierrez



D-bear (Shwemom)

Source:top10for

.....................................


ဆွဲဆောင်မှုအရှိဆုံး ဖိလစ်ပိုင်အနုပညာရှင်အမျိုးသမီး(၁၀)ဦး

အနုပညာလောကတွင် မကြာခဏဆိုသလို မျက်နှသစ်အနုပညာရှင်များပေါ်ပေါက်လာသော်လည်း အမတန်မှာပါရမီရှိပြီး ကံကောင်းသောလူတချို့သာ အနုပညာလောကမှာ ရေရှည်အနုပညာလုပ်ငန်းများကိုဆောင်ရွက်နိုင်ကြပါတယ်။အနုပညာလောကမှာ ရေရှည်အောင်မြင်မှုရရှိနိုင်ဖို့ဆိုလျှင် ဆွဲဆောင်မှုရှိသော ရုပ်ရည်၊ အပြင်အဆင်၊ပင်ကိုယ်ပါရမီ နဲ့ အခန်းကဏတော်တော်များများတို့မှာ အကောင်းဆုံးလုပ်ဆောင်နိုင်သောသူများဖြစ်ကြရပါတယ်။၂၀၁၆ ခုနစ်တွင် ဆွဲဆောင်မှုအရှိဆုံး ဖီလစ်ပင်းနား အမျိုးသမီးအနုပညာရှင် ၁၀ ဦးကို ယခုဆောင်းပါးမှာဖော်ပြထားပါတယ်။

၁၀။ Lauren Young


Lauren Young သည် ဆွဲဆောင်မှုအရှိဆုံး ဖက်ရှင်မော်ဒယ် နှင့် ကြော်ငြာမော်ဒယ်အဖြစ် အောင်မြင်ကျော်ကြားနေသော အမျိုးသမီးအနုပညာရှင်တစ်ဦးပါ။ ၂၀၁၃ ခုနှစ်မှာ Laurenရဲ ့ အစ်မဖြစ်သူသည် MISS WORLD 2013 ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီးနောက် Laurenသည် အစ်မဖြစ်သူနှင့်အပြိုင် အနုပညာလုပ်ငန်းများကိုအောင်မြင်စွာ လုပ်ဆောင်ခဲ့ ပါတယ်။

၉။ Julie Anne San Jose


Julie Anne San Jose သည် Youtube ဗီဒီယိုများမှာ ဆွဲဆောင်မှုအရှိဆုံး နှင့် လူကြိုက်အများဆုံးမျက်နှာသစ် အနုပညာရှင်တစ်ဦးအဖြစ် စတင်အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ယခုလက်ရှိတွင် သူမသည် TV စတား၊ အစီအစဉ်တင်ဆက်သူ၊ ရုပ်ရှင်မင်းသမီး နှင့် အသံကောင်းသောအဆိုတော် တစ်ဦးအဖြစ်အနုပညာလုပ်ငန်းများကိုလုပ်ကိုင်နေပါတယ်။

၈။ Julia Barretto


Julia Barretto သည် ShowBiz အစီအစဉ်မှ ဆွဲဆောင်မှုအရှိဆုံးသော အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။သူမရဲ ့ပထမဦးဆုံး ကြော်ငြာကတော့ Kiddie ခေါင်းလျော်ရည်ကြော်ငြာဘဲဖြစ်ပါတယ်။ယခုလက်ရှိမှာ ဆိုလျှင်တော့ သူမဟာ အဆိုရှင်ကောင်းတစ်ဦးဖြစ်ပြီး အကပညာရှင် နှင့် အစီစဉ်တင်ဆက်သူကောင်းတစ်ဦးအဖြစ်ပါ လုပ်ကိုင်နေပါတယ်။

၇။ Liza Soberano


Liza Soberano ကတော့ အသက်အငယ်ဆုံး ဆွဲဆောင်မှုရှိသော အနုပညာရှင်တစ်ဦးဘဲဖြစ်ပါတယ်။သူမကတော့ ရုပ်ရှင်မင်းသမီးမဟုတ်ပါဘူး သူမဟာ ပရိသက်များအင်မတန်အားပေးကြသော TV စတားတစ်ဦးဘဲဖြစ်ပါတယ်။

၆။ Kathryn Bernardo


သူမကတော့ ပရိသက်တော်တော်များများ လက်ခံအားပေးကြတဲ့ အနုပညာရှင်တစ်ဦးဘဲဖြစ်ပါတယ်။ သူမဟာဆိုရင် TV Show များ၊ ရုပ်ရှင်များ နှင့် ကြော်ငြာတော်တော်များများကို အောင်မြင်လာစေသော အနုပညာရှင်တစ်ဦးပါ။ ယခုဆိုရင်တော့ အဆိုပညာရှင်ကောင်းတစ်ဦးအဖြစ်လည်း ပရိသက်များအားပေးလာကြသော အဆိုတော်ရုပ်ရှင်မင်းသမီးကြီး တစ်ဦး ဖြစ်ပါတယ်။

၅။ Nadine Lustre


သူမဟာ ဆိုရင်တော့ ပါရမီရှိပြီး ဆွဲဆောင်မှုအရှိဆုံး ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမအောင်မြင်ခဲ့သော ဇာတ်ကားများကတော့ Diary ng Panget (An Ugly’s Diary) နှင့် Talk Back and Your Dead တကယ့်ကိုပရိသတ်ကြိုက်နှစ်သက်သော ဇာတ်ကားကောင်းများဖြစ်ပါတယ်။

၄။ Myrtle Sarrosa


သူမကတော့ Big Brother ဇာတ်ကားဖြင့် အနုပညာဆုကိုရရှိခဲ့သော အမျိုးသမီးအနုပညာရှင်တစ်ဦးပါ။ပါရမီရှိပြီးဆွဲဆောင်မှုအားကောင်းသောကြောင့် ယောကျာ်းလေးပရိသက်များရဲ ့ အသဲစွဲဘုရင်မတစ်ဦးဘဲဖြစ်ပါတယ်။ သူမဟာဆိုရင် FHM Fashion Magazines များအတွက် မျက်နှာဖုံးမော်ဒယ် အဖြစ်နဲ့ လက်တလောလုပ်ကိုင်နေပြီး Skincare Brands တော်တော်များများရဲ ့ Brand ambassador တစ်ဦးလည်းဖြစ်ပါတယ်။

၃။ Janella Salvador


သူမကတော့ လူကြိုက်များသော Nikki အမှတ်တံဆိပ်ရဲ ့ အဓိကကြော်ငြာမင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ထူးခြားသောသူမရဲ ့ နေထိုင်မှုပုံစံကြောင့် အောင်မြင်ကျော်ကြားခဲ့သော ရှားရှားပါးပါး အနုပညာရှင်တစ်ဦးပါ။ သူမဟာနာမည်ကြီးအဆိုတော် Janine Desiderio ရဲ ့ သမီးဖြစ်ပြီး သူမရဲ ့ အကဖျော်ဖြေတင်ဆက်မှုကြောင့် ပရိသက်တော်တော်များများရဲ ့အားပေးခြင်းကိုခံခဲ့ရပါတယ်။

၂။ Julia Montes


သူမကတော့ TV Show များ နှင့် ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သော အသက်အငယ်ဆုံး အနုပညာရှင်တစ်ဦးပါ။ သူမဟာ အင်မတန်အောင်မြင်နေသော အနုပညာရှင်တစ်ဦးအဖြစ် လက်ရှိရပ်တည်နေပါတယ်။

၁။ Janine Gutierrez

သူမကတော့ တော်ဝင်မျိုးရိုးကဆင်းသက်လာသော အမျိုးသမီးအနုပညာရှင်တစ်ဦးပါ။ သူမဟာ အလွန်အင်မတန် ကျက်သရေရှိပြီးလှပသော အမျိုးသမီးတစ်ဦးဘဲဖြစ်ပါတယ်။ သူမရဲ ့အလှဟာ သူမတူသော အလှများဖြစ်ပြီး မြင်သူတိုင်းအပေါ်ကိုဆွဲဆောင်မှုရှိစေသောအသွင်အပြင်ကြောင့် သူမကို ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးဟု ပရိသက်တော်တော်များများက သက်မှတ်ကြပါတယ်။

D-bear (Shwemom)

Source:top10for


Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment