Brussels ေလဆိပ္က “ဦးထုပ္နဲ႔လူ” ျဖစ္ေၾကာင္း အဖမ္းခံတဦး ထြက္ဆို


ျပင္သစ္ႏုိင္ငံမွာ ျဖစ္သြားခဲဲ့တဲ့ အၾကမ္းဖက္တုိက္ခုိက္မႈ ျပဳလုပ္ခဲ့သူလုိ႔ မသကၤာရသူ။ Mohamed Abrini
​က Brussels ၿမိဳ႕ Zaventem ေလဆိပ္မွာ မတ္လ ၂၂ ရက္ေန႔က အေသခံဗုံးခဲြ တုိက္ခုိက္ခဲ့သူ ၂ ဦးနဲ႔ အတူပါလာတဲ့ ဦးထုပ္နဲ႔လူဟာ သူျဖစ္ေၾကာင္း ၀န္ခံေျပာၾကားခဲ့တယ္လုိ႔ Belgium အစုိးရ ေရွ႕ေနက ေျပာပါတယ္။

Belgium ရဲတပ္ဖြဲ႔က ေသာၾကာေန႔မွာ ျပဳလုပ္ခဲ့တဲ့ ၀င္ေရာက္ ဖမ္းဆီးမႈေတြအတြင္း ျပင္သစ္နဲ႔ Brussels တုိက္ခုိက္မႈေတြနဲ႔ ဆက္ႏြယ္ေနသူလုိ႔ မသကၤာရသူ ေမာ္႐ိုကုိႏြယ္ဖြား Belgium ႏုိ္င္ငံသား အသက္ ၃၁ ႏွစ္အရြယ္ Abrini အပါအ၀င္ လူ ၅ ဦးကုိ ဖမ္းဆီး ထိန္းသိမ္းခဲ့ပါတယ္။

လူေပါင္း ၃၂ ဦး ေသဆုံးၿပီး အမ်ားအျပား ထိခုိက္ ဒဏ္ရာရခဲ့တဲ့ ၿပီးခဲ့တဲ့လအတြင္းက ျဖစ္သြားခဲ့တဲ့ အေသခံ ဗုံးခြဲတုိက္ခုိက္မႈနဲ႔ ဆက္ႏြယ္ေနသူ ၄ ဦးကိုလည္း Belgium အစုိးရေရွ႕ေန႔က စေနေန႔မွာ စြဲဆုိလုိက္ပါတယ္။

ဖမ္းဆီးထိန္းသိမ္းထားတဲ့ Abrini၊ Osama K၊ Herve B. M. နဲ႔ Bilal E. M. တုိ႔ကုိ မတ္လ ၂၂ ရက္ေန႔က Brussels ေလဆိပ္နဲ႔ ေျမေအာက္ ရထားဘူတာ႐ုံေတြမွာ ျဖစ္သြားခဲ့တဲ့ တုိက္ခုိက္မႈေတြအတြက္ အၾကမ္းဖက္ သတ္ျဖတ္မႈ၊ အၾကမ္းဖက္ အဖြဲ႔အတြင္း ပါ၀င္ လုပ္ေဆာင္မႈေတြနဲ႔ စြဲခ်က္တင္လုိက္ေၾကာင္း အစုိးရေရွ႕ေန႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Brussels တုိက္ခုိက္မႈနဲ႔ ဆက္ႏြယ္သူ ၆ ဦးေျမာက္ကုိ ဖမ္းဆီးလုိက္ေၾကာင္း Belgium အာဏာပုိင္ေတြက စေနေန႔ အေစာပုိင္းမွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေပမဲ့ တျခား အေသးစိတ္ အခ်က္အလက္ေတြေတာ့ ထုတ္ျပန္ျခင္း မရွိပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

............................



ပြင်သစ်နိုင်ငံမှာ ဖြစ်သွားခဲဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူလို့ မသင်္ကာရသူ။ Mohamed Abrini
​က Brussels မြို့ Zaventem လေဆိပ်မှာ မတ်လ ၂၂ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သူ ၂ ဦးနဲ့ အတူပါလာတဲ့ ဦးထုပ်နဲ့လူဟာ သူဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့တယ်လို့ Belgium အစိုးရ ရှေ့နေက ပြောပါတယ်။

Belgium ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ၀င်ရောက် ဖမ်းဆီးမှုတွေအတွင်း ပြင်သစ်နဲ့ Brussels တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်နေသူလို့ မသင်္ကာရသူ မော်ရိုကိုနွယ်ဖွား Belgium နို်င်ငံသား အသက် ၃၁ နှစ်အရွယ် Abrini အပါအဝင် လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လူပေါင်း ၃၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့တဲ့ ပြီးခဲ့တဲ့လအတွင်းက ဖြစ်သွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်နေသူ ၄ ဦးကိုလည်း Belgium အစိုးရရှေ့နေ့က စနေနေ့မှာ စွဲဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ Abrini၊ Osama K၊ Herve B. M. နဲ့ Bilal E. M. တို့ကို မတ်လ ၂၂ ရက်နေ့က Brussels လေဆိပ်နဲ့ မြေအောက် ရထားဘူတာရုံတွေမှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် အကြမ်းဖက် သတ်ဖြတ်မှု၊ အကြမ်းဖက် အဖွဲ့အတွင်း ပါ၀င် လုပ်ဆောင်မှုတွေနဲ့ စွဲချက်တင်လိုက်ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Brussels တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ ၆ ဦးမြောက်ကို ဖမ်းဆီးလိုက်ကြောင်း Belgium အာဏာပိုင်တွေက စနေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment